အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အ ကောင်အထည်ဖော်လာရန် မြန်မာကို တွန်း အားပေးမည်ဟု စင်ကာပူဝန်ကြီးချုပ် ပြော

မြန်မာနိုင်ငံမှာ အချိန်ဆွဲရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးအစီအစဉ် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို စစ်အာဏာရှင်တွေ လက်တွေ့အ ကောင်အထည်ဖော်လာအောင် တွန်းအားပေးနိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံနဲ့အတူ မဟာမိတ်တွေနဲ့ပါ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက မတ်လ ၁၆ ရက်က ပြောပါတယ်။

နိုင်ငံတော်ခရီးစဉ်အဖြစ် စင်ကာပူကိုရောက်ရှိနေတဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ တွေ့ဆုံအပြီးမှာ လီရှန်လွန်းက “စင်ကာပူနိုင်ငံအနေနဲ့ အချက် ၅ ချက်ပါ သဘောတူညီမှုကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ တွန်းအားပေးရာမှာ အင်ဒိုနီးရှားနိုင်ငံ အပါအဝင် တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပြင် အာဆီယံနဲ့ မိတ်ဘက်ဖြစ်တဲ့ ကုလသမဂ္ဂအဖွဲ့တွေနဲ့ပါ ဆက်လက် လက်တွဲလုပ်ကိုင်သွားမှာဖြစ်တယ်” လို့ သတင်း ထောက်တွေကို ပြောလိုက်တာပါ။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တခုအကြာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ပြောင်းပြန်လှန်ပစ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက အကြမ်းဖက်မှုတွေ၊ လူထုအုံကြွမှုတွေဟာ နိုင်ငံတွင်း ပြည့်နှက်နေပါတယ်။

ဒါကြောင့် ဝန်ကြီးချုပ်လီက နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအစီအစဉ် တိုးတက်မှုမရှိတဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။

ဒီအစည်းအဝေးအတွင်း အင်ဒိုနီးရှားနိုင်ငံ မြို့တော်အသစ် နူစန်တာရာ တည်ဆောက်ရေးမှာ အထောက်အကူပြုနိုင်မယ့် အသိပညာမျှဝေမှု အ ပါ အဝင် နားလည်မှုစာချွန်လွှာ အများအပြားကို နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ကြပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s