PDF များကို ခေါင်းဖြတ်သတ်ခြင်း၊ ပင် လောင်းတွင် ပြည်သူ ၂၈ ဦးကို သတ် ဖြတ် ခြင်း၊လေကြောင်း ဗုံးကျဲခြင်း ၊ ရွာများကို မီးရှို့မှုများ စစ်တပ်က ကျူးလွန် ဟု ကုလညီလာခံတွင် အထူးသံတမန် Noeleen Heyzer တင်ပြ

မြန်မာစစ်ကောင်စီက အာဏာဆက်လက် ထိန်းချုပ်နိုင်ရေးအတွက် PDF များ ကို ခေါင်း ဖြတ် သတ် ခြင်း၊ ပင်လောင်းတွင် ပြည်သူ ၂၈ ဦးကို သတ်ဖြတ်ခြင်း၊ လေကြောင်း ဗုံးကျဲခြင်း ၊ ရွာများကို မီးရှို့မှုများ ကျူးလွန်နေကြောင်း မြန်မာ နိုင် ငံ ဆိုင်ရာ အထူးကိုယ် စားလှယ် Noeleen Heyzer က ပြောဆိုလိုက် သည်။

မတ်လ ၁၆ ရက်နေ့ ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က အ ထက်ပါအတိုင်း ညီလာခံတက်လာသည့် နိုင်ငံများကို ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အကြမ်းဖက်မှုတွေက တိုင်းရင်းသားနယ်မြေတွေမှာ စိုးရိမ်စရာ ကောင်း လောက် အောင် များပြားနေတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဘုန်း ကြီး ကျောင်း မှာ ဒီရက်ပိုင်းအတွင်း လူ ၂၈ ဦးကို စစ်တပ်က သတ်ဖြတ်လိုက်တဲ့ သတင်း ကျမတို့ ရရှိပါတယ်။ ကျမအနေနဲ့ ချင်းတိုင်းရင်းသား ခေါင်းဆောင် တွေနဲ့ တွေ့ဆုံတဲ့အခါမှာ ချင်းပြည်နယ်ရဲ့ မြို့ ၈ မြို့မှာ စစ်အုပ်ချုပ်ရေး ကြေ ညာ ပြီးတဲ့နောက် စစ်ဘေးရှောင်နဲ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေ ကြောင်း တိုက်ခိုက်မှု တွေတိုးလာတာ၊လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ များပြား လာတယ်လို့ သူတို့က အသိပေးပါတယ်” ဟု ၎င်းက ကုလသမဂ္ဂညီလာခံသို့ တင်ပြသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီကာလအတွင်း ရရှိခဲ့သော လွတ်လပ်မှုနှင့် အကျိုး ဖြစ်ထွန်းမှုကို ခံစားခဲ့ရသော လူငယ်မျိုးဆက်များက ခက်ခဲမှုနှင့်စိတ်ပျက်မှုများ ခံစားကြုံတွေ့လာရပြီး လက်နက်ဆွဲကိုင်တော်လှန်ရုံမှ တစ်ပါး လမ်းမရှိသည့် အခြေအနေတွင် ရောက်ရှိနေကြောင်း ၎င်းက ဆိုသည်။

“စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေ ရှိနေမယ့် မြန်မာပြည်သူတွေက အကြမ်းမဖက် နည်းလမ်းတွေ ၊ လက်နက်စွဲကိုင်နည်းလမ်းတွေနဲ့ ဖိနှိပ်မှု တွေကို တွန်းလှန်နေပါတယ်။ ဒီမိုကရေစီပွင့်လင်း ကာလမှာ လွတ်လပ်မှု အရသာခံစား ခဲ့ကြရတဲ့ မျိုးဆက်ကတော့ အထူးသ ဖြင့် လူငယ်တွေက စစ်အာဏာသိမ်းပြီးတဲ့ နောက် နာတာရှည် အခက်အခဲတွေနဲ့ စိတ်ပျက်မှုတွေ ကြုံလာရပါတယ်။ သူတို့ အနေနဲ့ စစ်အာ ဏာရှင်ကို လက်နက်ဆွဲကိုင်တော်လှန်ရုံမှ တစ်ပါး အခြား ရွေး ချယ် စရာမရှိတဲ့ အခြေအနေကို ကြုံနေရတာပါ” ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထာမှု အကူအညီများ အထူးလိုအပ် နေပြီး လူဦးရေ ၁၇ ဒသမ ၆ သန်းမှာ အကူအညီများ လိုအပ်နေကြောင်း၊ လူဦး ရေ ၁ ဒသမ ၆ သန်းမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်ပေါင်း ၅၅၀၀၀ ဖျက် ဆီးခံလိုက်ရကြောင်း ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် ကိုယ် စားလှယ်က ဆိုသည်။

NUG နှင့် စစ်တပ် အပါအဝင် နှစ်ဖက်စလုံးက အင်အားဖြင့် အနိုင်ယူရန် ပြင်ဆင် ထား၍ တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်ပေါ် မည့် အလားအလာ လုံး ၀မရှိဟု သူက ဆက် ပြောသည်။

“ကျမ မြင်တာကတော့ နှစ်ဖက်စလုံးက အင်အားနဲ့ အနိုင်ယူဖို့ ရည်ရွယ်ထား ကြတော့ စေ့စပ်ညှိနှိုင်း အဖြေရှာရန် အလားအလာ မရှိပါဘူး” ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်စားလှယ်က ဆိုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်း ရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် နိုင် ငံရေး အကျဉ်း သားများ အားလုံး ချက်ချင်းလွှတ်ရန် အပါအဝင် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ သော်လည်း မြန်မာစစ်တပ်က မလိုက်နာသဖြင့် မတ်လ ၁၃ ရက်နေ့တွင် တံခါး ပိတ် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။

(ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က ကုလသမဂ္ဂညီလာခံသို မတ်လ ၁၆ ရက်နေ့ တင်ပြချက် အပြည့်အစုံ မိန့်ခွန်းကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ် https://t.me/khitthitnews/106402 တွင်ရယူနိုင်ပါသည်။)khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s