ကရင်နီပြည်တွင် တိုက်ပွဲပြင်းထန်နေချိန် KN DF တပ်ရင်း ၉ က ကျည်ဆန် ရရှိရေး ကျပ်သိန်း ၅၀၀ ပရော့ဂျက် ကမ်းပိန်းအတွက် ပြည်သူများကို ဖိတ်ခေါ်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းတွင် တိုက်ပွဲပြင်းထန်နေပြီး KNDF တပ်ဖွဲ့များအနေဖြင့် ကျည်မလုံလောက်မှုအရေးပေါ်ဖြစ်နေသဖြင့် ကျပ်သိန်း ၅၀၀ ပရောဂျက် ကမ်ပိန်းတွင် ပူးပေါင်းပါဝင်ပေးကြပါရန် KNDF တပ် ရင်း ၉ က မေတ္တာရပ်ခံပြောကြားသည်။

“တိုက်ပွဲက ကျနော်တို့ တပ်ရင်း ၉ နယ်မြေထဲမှာ ဖြစ်နေတာပါ၊ အခက်အခဲကြားက တောင့်ခံပြီး ခုခံ တိုက်နေပေမယ့် ကျည်မရရှိရင် ဘာမှ လုပ်မရလို့ ကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်၊ အခုက ကျည်မလုံ လောက်လို့ အဲဒါကြောင့် မိဘပြည်သူတွေရဲ့ ပါဝင်ကူညီမှု ပေးမှုအရေးပေါ်လိုအပ်နေပါတယ်” ဟု KNDF တပ်ရင်း ၉ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၁၀ ရက်နေ့မှ စတင်ပြီး ကယားပြည်နယ်၊ ဒီးမော့ဆိုအရှေ့ခြမ်းအတွင်းသို့ အကြမ်းဖက်စစ် ကောင်စီတပ်မှ အင်အား ၁၅၀ ခန့်ပါ စစ် ကြောင်း ၃ ဖြင့် ဝင်ရောက်ကျူးကျော်တိုက်ခိုက်နေသဖြင့် KNDF နှင့်ပူးပေါင်းတပ်ဖွဲ့များမှ ခုခံတိုက်ခိုက်လျက်ရှိရာ လက်နက်ခဲယမ်းများ အ ရေးပေါ်လိုအပ်နေ ကြောင်း၊ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် –

https://www.facebook.com/profile.php?id=100080224002333

Page Messenger မှတစ်ဆင့် ပါဝင်ကူညီ ပေးပါရန်မေတ္တာရပ်ခံ ထားသည်။

“တိုက်ပွဲ ပြင်းထန်နေတဲ့အချိန် အရေးပေါ် လိုအပ်နေတဲ့အတွက် လုပ်ရတာ ဖြစ် လို့ အမြန်ဆုံးပါဝင် ကူညီပေး စေချင်ပါတယ်၊ လက်ရှိအနေ အထားမှာ စစ်ခွေး တွေ အသေအဆုံးများတယ် ဆိုပေမယ့် ကျနော်တို့ဘက်ကလည်း ထိခိုက်မှုတွေ ရှိနေပါတယ်၊ ထုတ်ပြန်လို့မရတဲ့အခြေအနေမို့ပါ၊ဒီမနက် (မတ်လ ၁၈)လည်း ခါးဖြတ် အတိုက်ခံနေရတာ၊ အခုထိပစ်ခတ်နေတုန်းပဲ” ဟု KNDF တပ်ရင်း ၉ မှတာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s