ငါန်းဇွန်မှာ လူဖမ်းပြီး ပြန်လာသည့် စစ်ကောင် စီတပ်ကို မိုင်းဆွဲတိုက်ခိုက် ၄ ဦးသေဆုံးဟုဆို

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် နတ်ကြီးရွာတွင် နေအိမ်များကို မွှေနှောက်ပြီး ပြည်သူတစ်ဦးကို ဖမ်းဆီးလာသည့် စစ်ကောင်စီတပ်၏ ယာဉ်တန်းကို မတ်လ ၁၆ ရက်နေ့ ညနေ ၆နာရီ ၄၈ မိနစ်အချိန် မိုင်းဆွဲတိုက်ခိုက်ရာ လေးဦးသေဆုံး သွားကြောင်း Myaung Special People’s Defense Force – MSPDF မှ ပြန်ကြားရေးတာဝန်ခံ ကိုနိုဗန်က ပြောသည်။

၎င်းက “ကား နှစ်စီး နဲ့ ဆိုင်ကယ် ခြောက်စီးနဲ့လာတာ မိုင်း ရှစ်လုံး အသုံးပြုတိုက်ခိုက်ခဲ့တာ နောက်က ကား တစ်စီး နဲ့ ဆိုင်ကယ် သုံးစီး ထိတယ်၊ လေးယောက်သေတယ် “ ဟုပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ထဲတွင် အရာရှိတစ်ဦး ပါဝင်ပြီး တိုက်ခိုက်မှုကြောင့် နောက်ထပ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးလည်း ဒဏ်ရာရရှိသွားကြောင်း MSPDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းစစ်ကောင်စီတပ်စစ်ကြောင်းသည် ငါန်းဇွန်ရဲစခန်းမှထွက်လာခြင်းဖြစ်ပြီး နတ်ကြီးရွာတွင် PDF ရဲဘော် တစ်ဦး ရှိသည် ဆိုသည့် သတင်းကြောင့် နတ်ကြီးရွာသို့ စစ်ကြောင်းဖြင့်ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များကို ဝင်ရောက်မွှေနှောက်ပြီးနောက် အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားကြောင်း MSPDF မှ တာ၀န်ခံ ကိုနိုဗန် က ပြောသည်။

ယခုတိုက်ခိုက်မှုကို Myaung Special People’s Defense Force – MSPDF အဖွဲ့ ၊ ပြည်သူ့အင်အား (ငါန်းဇွန်)၊ မြင်းခြံခရိုင်တပ်ရင်း အမှတ် (၆) Special Task Force Ngazun၊ ခုနစ်စင်ကြယ် (ချောင်းဦး) ဇာမဏီပြောက်ကျားတပ် (ငါန်းဇွန်)တို့ မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s