စစ်တပ် အသွင်ပြောင်း မိုးကျရွှေကိုယ် စသုံလုံးအရာရှိများ လုံခြုံစိုးရိမ်၍ နေပြည်တော်တွင်သာ နေကြပြီး အရပ်သား အရာရှိများကို မတည်ငြိမ်သော ပြည်နယ်/တိုင်းများသို့ စေ လွှတ်၊ ဌာနမှ ထွက်ခွင့်တင်သူများ ပေးမထွက်

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန(စသုံးလုံး)တွင် စစ်တပ်မှ အသွင်ပြောင်း ရွှေ့ မိုးကျရွှေကိုယ် စသုံးလုံးအရာရှိများက လုံခြုံရေးအရ အသက်အန္တရာယ်စိုးရိမ်ရသဖြင့် နေပြည် တော် စသုံးလုံးရုံးချုပ်တွင်သာ ရုံးထိုင်ပြီး ပြည်နယ်/တိုင်းများသို့ အထူးသဖြင့် မတည် ငြိမ်သော နေရာများသို့ ပြောင်းရွှေ့မှု လုံး၀ မရှိတော့ကြောင်း သိရှိရ သည်။

ခေတ်အဆက်ဆက် စသုံးလုံးထိပ်ပိုင်းအရာရှိ ရာထူးများကို စစ်တပ်ဘက်မှ ပြောင်း ရွှေ့လာသော မိုးကျရွှေကိုယ် အသွင်ပြောင်း စစ်အရာရှိများကိုသာ ပေး လေ့ ရှိသော်လည်း NLD အစိုးရလက်ထက်တွင် အရပ်သား စသုံးလုံး ဝန်ထမ်း များကို ညွှန်ကြားရေးမှူး ရာထူးအထိ တိုးမြှင့်ပေးခဲ့ကြောင်း၊ စစ်အာဏာသိမ်းပြီး နောက် မိုးကျရွှေကိုယ် စသုံးအရာရှိများက လုံခြုံရေးအရ နေပြည်တော်မှ လွဲ၍ မည်သည့်နေရာကိုမှ ပြောင်းရွှေ့ခြင်းမရှိကြတော့ဘဲ အရပ်သားဝန်ထမ်းများ ကိုသာ ပြောင်းရွှေ့စေကြောင်း သိရှိရသည်။

“အခု စစ်အာဏာသိမ်းပြီးတဲ့နောက် စစစ မှာစစ်တပ်ကပြောင်းလာသူအရာရှိ တွေနဲ့ မူလဌာနဝင်အရာရှိတွေကိုမတရားခွဲခြားစီမံခန့်ခွဲခံနေရတယ်။ တော်လှ န်ရေးကြောင့်လုံခြုံမှုမရှိတော့တဲ့ချင်း ပြည်နယ် စသုံးလုံးဌာနနဲ့ကယား ပြည် နယ် စသုံးလုံးဌာနတွေ မှာ စစ်တပ်ကပြောင်းလာတဲ့ညွှန်ကြားရေးမှူးတွေ ကိုတာဝန်ချမထားဘဲမူလဌာနဝင်ညွှန်မှူးတွေကိုဘဲတာဝန်ချထားတယ်။ နှစ်ကြာ ရင်လည်း နေပြည်တော် ပြန်မခေါ်ဘူး ။ ချင်းစသုံးလုံးမှာ BSI 2 အပတ်စဥ် ညွှန်မှူးကျော်လွင်နဲ့ ကယားစစစမှာ BSI 3 ကညွှန်မှူး ညိုဝင်း ကိုတာဝန်ချထားပါတယ်” ဟု စသုံးလုံးသ တင်းရင်းမြစ်က ပြောသည်။

NLD အစိုးရလက်ထက်တွင် ညွှန်ကြားရေးမှူး ရာထူးအဆင့်အထိ ရရှိလာသော အရပ်သား စသုံးလုံးအရာရှိများမှာ လက်ရှိတွင် စစ်ကောင်စီ မညီမျှသော စီမံခန့် ခွဲမှုဆိုင်ရာ ဖိနှိပ်မှု ဒဏ်ကို အဆိုးဆုံးခံနေကြရကြောင်း သိရှိရသည်။

“ခေတ်အဆက်ဆက်မူလဌာနဝင်အရာရှိတွေကညွှန်မှူးအဆင့်မရသလောက်ရှားပါတယ်။ တပ်ကပဲ လာကြတယ်။ NLD အစိုးရလက်ထက်မှာ မှ မူလဌာန ဝင် တွေ ညွှန်မှူးအဆင့်ရလာကြတာ။ စစ်ရေးအခြေအနေ ကြောင့်မလုံမခြုံ ဖြစ် နေတဲ့ချင်း၊ကယား တွေမှာတပ်ကလာတဲ့ညွှန်မှူးတွေက မနေရဲလို့အရပ်သား ညွှန်မှူးတွေကိုဘဲအနိုင်ကျင့်ပြီးတာဝန်ချတယ်။ ချင်းမှာတာဝန်ကျတဲ့ ညွှန်မှူး ကျော်လွင် မနှစ်၊ မတ်လ ၂၉ ရက်နေ့ နယ်ပြောင်းရတယ်။ ကားနဲ့သွားမရလို့ ကလေးကနေ ဟာခါးကို ရဟတ်ယာဥ်လမ်းကြုံနဲ့သွားရတာ ရဟတ်ယာဥ်ပျက် ကျတာနဲ့ကြုံပါတယ်။ ခြေထောက်ဒဏ်ရာပေမဲ့မသေခဲ့ဘူး။ စသုံးလုံးဌာနက တကယ့် ကို တပ်အသွင်းပြောင်းတွေ ချုပ်ကိုင်ထားတဲ့ လက်ကိုင်တုတ် ဌာနလို ဖြစ်လာတယ်” ဟု စသုံးလုံး သတင်းရင်းမြစ်က ပြောသည်။

လက်ရှိ စသုံးလုံးဌာနအတွင်းတွင် မိုးကျရွှေကိုယ် စစ်တပ်အသွင်ပြောင်းများက သွေးခွဲစီမံခန့်ခွဲ အုပ်ချုပ်ခြင်း ၊ အုပ်စုဖွဲ့ တိုက် ခိုက် ကြခြင်း၊ ကြီးနိုင်ငယ်ညှင်း လူငယ်များအပေါ်ဖိနှိပ်ခြင်း၊ CDM မလုပ်ဘဲ အေးချမ်းစွာ ထွက်ခွင့် တောင်း သော်လည်း ထွက်ခွင့်မပေးခြင်းများ ကြုံနေရကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s