ဆားလင်းကြီးတွင် ကျေးရွာများကို မီးရှို့ဖျက် ဆီးနေသော စစ်ကောင်စီတပ်နှင့် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကိုင်းရွာတွင် မတ်လ ၁၅ ရက်နေ့အတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား တိုက် ပွဲ နှစ်ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသည်ဟု National Revolutionary Guards တပ်ဖွဲ့၏ ဒုတပ်ရင်းမှူးဗိုလ်သူရိန်က မဇ္ဈိမကိုပြောသည်။

မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၂၀ ခန့်သည် မတ်လ ၁၅ ရက် နံနက် ၆ နာရီခန့်တွင် ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးလှည့်လည်ပြီးနောက် နေ့လယ် ၁ နာရီခန့်တွင် ကိုင်းရွာသို့ရောက်ရှိလာကာ ရွာကိုမီးရှို့ဖျက်ဆီး၍ တပ်စွဲထားသည့်အတွက် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးဆိုသူများ တပ်စွဲထားရာ ကိုင်းရွာဘက်သို့ လက်နက်ကြီး လက်နက် ငယ်များဖြင့် ပထမအကြိမ် သွားရောက်ပစ်ခတ်ခဲ့ပြီး အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထို့နောက် ည ၇ နာရီအချိန်ခန့်တွင်လည်း ထပ်မံ၍ သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ကြာချိန် တစ်နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

“တိုက်ပွဲနှစ်ကြိမ်မှာ သူတို့ဘက်က ထိခိုက်သေဆုံးအတိအကျကိုတော့ မှန်းလို့မရနိုင်ဘူးဗျ၊ သူတို့ဘက်က အင်အားကလည်းများတော့၊ ဒဏ်ရာရတာ လေးငါးယောက်လောက် ရှိနိုင်တယ်” ဟု National Revolutionary Guards တပ်ဖွဲ့၏ ဒုတပ်ရင်းမှူးဗိုလ်သူရိန်က မဇ္ဈိမကိုပြောသည်။

အဆိုပါ ဒဏ်ရာရ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးဆိုသူများအား မတ်လ ၁၆ ရက် နံနက် ၉ နာရီအချိန်ခန့်တွင် ညောင်ပင်ကြီးဆိပ် ကမ်းမှတစ်ဆင့် မုံရွာဘက်သို့ သယ်ဆောင်သွားကြောင်း မျက်မြင်များ၏ သတင်းပေးချက်အရ သိရှိရသည်ဟု ဆိုသည်။

“ကျန်တဲ့ကောင်(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေက မတ်လ ၁၇ ရက် မနက်မှာ ဝဲကွဲရွာကို မီးရှို့ပြီး ချင်းတွင်းမြစ်ကြောင်းကနေ မုံရွာကို စက်လှေတွေနဲ့ ကူးသွားကြတယ်၊ ခုမြို့ထဲကနေ ကားငါးစီးနဲ့ ရွှေတောင်ဦး အကျိုးကုန်းကို ဒီကောင်တွေပဲပြန်ရောက်လာတာ” ဟု ဗိုလ်သူရိန်က ပြော သည်။

မတ်လ ၁၇ ရက် နံနက်ပိုင်းတွင် အိမ်ခြေ ၁၃၀ ခန့်ရှိသော ဝဲကွဲရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံထောင်နှင့်ချီ၍ စစ်ဘေးရှောင်နေကြရသည်။

အဆိုပါ မတ်လ ၁၅ ရက်နေ့ တိုက်ပွဲနှစ်ကြိမ်တွင် National Revolutionary Guards (NRG/Salingyi)၊ MPDF (မုံရွာသံမဏိတပ်ခွဲ)၊ AG ထုတ် လုပ်ရေးအဖွဲ့နှင့် ချင်းတွင်းဒိုင်းနမိုက်တပ်ဖွဲ့တို့်က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

National Revolutionary Guards (NRG-PDF)သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံတပ်ရင်းအ ဖြစ်ဝင်ရောက်ရန် တင်ပြထားသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။

ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်ကြောင်းထိုးမွှေနှောက် ဖျက်ဆီးမှုများကြောင့် ရွာပေါင်း ၁၀ ရွာကျော်မှာ ဒေသခံ သောင်းနှင့်ချီ၍ စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s