ထီးလင်းမြို့နယ်၊ မြစ်သာဆည်လမ်းဆုံ အနီးတွင် ယနေ့ တိုက်ပွဲဖြစ်ပြီး စစ်သား ၉ ဦးသေဆုံးဟုဆို

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ မြစ်သာဆည်လမ်းဆုံအနီးတါင် ယနေ့ တိုက် ပွဲ ဖြစ် ပြီး စစ်တပ်ဘက်မှ ၉ ဦးသေဆုံးကြောင်း YRA ဦးဆောင်သော ဒေသ ကာ ကွယ်ရေးတပ်တချို့ထံမှ သိရှိရသည်။

မတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန် ထီးလင်းမြို့နယ်၊ ကစွန်းဒေါင့်ရွာ၊ မြစ် သာ ဆည်လမ်းဆုံအနီးတွင် စစ်ကောင်စီနဲ့ YRA ဦးစီးသော ဒေသတော်လှန် ရေး အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ သေဆုံးသူ ၉ ဦး ရှိ ကြောင်း သိရှိရသည်။

“စစ်ကားတန်းရှေ့ ကနေတက်လာတဲ့ ရှေ့ပြေးကင်းနဲ့ ထိပ်တိုက် တိုက်ပွဲ ဖြစ် တာဗျ။ စစ်တပ်ဘက်မှာ ၉ ဦးသေဆုံးတယ်၊။ အဲဒါ မျက်မြင်တွေ့ရတဲ့ ခွေး အသေ အလောင်းပါဘဲ။ ကျန်တာလည်းရှိနိုင်သေးတယ်။ တော်လှန်ရေး တပ် တွေဘက်က အထိခိုက်မရှိခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဘက်က အရင် ကလို တပ်သားအလုံးအရင်းနဲ့တိုက်တာမဟုတ်တော့ဘူး အထူးကွန်မန်ဒို ၁၅ ဦး နဲ့ ပြောက်ကျားတိုက်ခိုက်ခဲ့တာဆိုတော့အထိခိုက်မရှိခဲ့ဘူး” ဟု ဒေသ တော်လှန် ရေး ခေါင်းဆောင်တစ်ဦးက ပြောသည်။

ထီးလင်းမြို့နယ်တွင်မတ်လ၁၅ရက်နေ့ကတည်းက စစ်တပ်နှင့် PDF များ တိုက် ပွဲ ဖြစ်ခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားကြောင်း၊ ယမန် နေ့ မတ်လ ၁၇ ရက် နေ့ကလည်း စစ်ကောင်စီဘက်မှ အလောင်း ၄ လောင်းတွေ့ရှိခဲ့ရပြီး စစ် တပ် က သတ်ဖြတ်ထားသော ပြည်သူ အ လောင်း ၂ လောင်းကိုလည်း တွေ့ ရှိရကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s