ဖယ်ခုံမြို့နယ် ၉ ရက်တာတိုက်ပွဲ စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိ

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ခေါင်အိကျေးရွာအုပ်စုဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များအကြား ထိပ်တိုက်တွေ့ဆုံပြီး မတ်လ ၈ ရက်နေ့မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ပူးပေါင်းအဖွဲ့များက ယနေ့ မတ် လ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။

မတ်လ ၈ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကိုးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၄၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရမိခဲ့ကြောင်း ဖယ်ခုံ PDFနှင့် ရှမ်းပြည်(တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRUတို့က ထုတ်ပြန်ထား သည်။

“စစ်ကောင်စီတပ်က စစ်ကြောင်းတွေပြန်ဆုတ်ခွာတဲ့အချိန်မှာ ကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရမိတာပါ။ သေဆုံးတဲ့ အ ရာရှိက စာရင်းအတိအကျတော့ သေချာမသိရသေးဘူး။ နှစ်ပွင့်နဲ့တစ်ယောက်တော့ပါတယ်ခင်ဗျ။ ကျွန်တော်တို့ နယ်မြေရှင်းလင်းရင်းနဲ့ သူတို့အလောင်းတွေထားခဲ့တာကို တွေ့ရှိရတာပါ”ဟု SSLRUမှ ပြန်ကြားရေးတာဝန်ခံကပြောသည်။

အဆိုပါ တိုက်ပွဲကို ဖယ်ခုံPDFတပ်ရင်း (1002) နှင့် အတူ KNDF BO 11 ၊ KA ၊ DMO LOCAL PDF၊ ဖယ်ခုံ PDFတပ်ရင်း (1006)၊ PDF မိုးဗြဲ (1001) ၊ SSLRU(1008) ၊ (1004)၊ KRU (1005)စသည့်တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း ပူးပေါင်းအဖွဲ့များဘက်မှ ရဲဘော် ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခြေအနေမစိုးရိမ်ရကြောင်း SSLRUက ပြောသည်။

လက်ရှိတွင်လည်း တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေမြောက်များစွာ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“​နေ့စဥ်နဲ့ အမျှ တိုက်ပွဲကဖြစ်​နေတုန်းပါပဲ။ ​လေ​ကြောင်းပစ်ကူနဲ့ လက်နက်ကြီးနဲ့လည်း ​နေ့စဥ်ပစ်​နေတုန်းပါပဲ။ ဒီကိုးရက်တာကာလမှာ ​လေ​ကြောင်းပစ်ခတ်မှုက​တော့ တစ်ရက်ကို နှစ်ကြိမ်စီရှိတယ်။ အခု ကယားနဲ့ ရှမ်းအစပ်မှာတိုက်ပွဲပြင်းထန်​နေ​တော့ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့​တွေဘက်က ခဲယမ်းလိုအပ်ချက်​တွေရှိတယ်။ အဲ့တာကို ပြည်သူ​တွေအ​နေနဲ့ ဝိုင်းဝန်းပြီး ကူညီ​​ထောက်ပံ့ကြပါဦးလို့ ​ပြောချင်ပါတယ်”ဟု SSLRU ပြန်ကြား​ရေး တာဝန်ခံက​ပြောသည်။

အဆိုပါတိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုနှင့်ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ကလည်း ဖယ်ခုံမြို့နယ် ကုရင်ကျေးရွာတောင်ကြားတွင် စစ်ကောင်စီတပ်နှင့် ဖယ်ခုံ PDFတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၉ ဦးသေဆုံးကာ ခြောက်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း PKPDF-2 က သတင်းထုတ်ပြန်ခဲ့သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s