မော်လမြိုင်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ ရဟတ်ယာဉ်ကွင်းကို ဒရုန်း ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်၊ မတ္တရာ နှင့် စစ်ကိုင်း အစပ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၂ ဦး သေဆုံးဟုဆို

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို ဒရုန်း ၃ စီးဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မုဒုံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ သတင်း ရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၆ ရက်နေ့ မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ အရာရှိ အိမ် ရာနှင့် ရဟတ်ယာဥ်များ ထားရှိသည့် ရဟတ်ယာဥ်ကွင်းကို ဒရုန်း ၃ စီးဖြင့် ည ၉ နာရီ ၇ မိနစ်၊ ည ၉ နာရီ ၂၀ မိနစ်နှင့် ည ၉ နာရီ ၄၀ မိနစ်တို့တွင် ဗုံးကျဲ တိုက် ခိုက်ခဲ့​ပြီး ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုကို တပ်မဟာ ၆ တပ်ရင်း KNDO တပ်ဖွဲ့ဝင်များနှင့် အတူ ခရိုင် (ရှာဝူးဝေါ်ဒရုန်း) နည်းပညာတပ်ဖွဲ့၊ ကျိုက်မရောမြို့ နယ် ပကဖ အဖွဲ့၊ မုဒုံမြို့နယ် ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ မတ္တရာမြို့နယ်နှင့် စစ်ကိုင်းမြို့နယ် အစပ်ကို စစ်​ကြောင်း ထိုး နေ သည့် မုဒိမ်းကျင့်၊ လူသတ် စစ်ကြောင်းကို PDF တပ်ဖွဲ့များက တိုက်ခိုက်ရာ တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး စစ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပ.က.ဖ ကောင်းကင် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့မှ မတ်လ ၁၇ ရက်နေ့အထိ မတ္တရာမြို့နယ်နှင့် စစ်ကိုင်း မြို့ နယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် မုဒိမ်းကျင့်၊ လူ သတ် စစ်တပ်က စစ် ကြောင်းထိုး စီးနင်းခဲ့ကြောင်း၊ ယင်း စစ်ကြောင်းနှင့် ဒေသကာကွယ်ရေး PDF တပ်ဖွဲ့များ ပိုဝရွာနှင့် အိုင်တိုင်ရွာတို့တွင် ထိတွေ့တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“မတ္တရာမြို့နယ်ထဲက ပိုဝရွာနဲ့ အိုင်တိုင်ရွာတို့မှာ ထိတွေ့တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့တယ်။ စစ်ခွေး ၁၂ ကောင် သေတယ်။ သေသွားတဲ့ စစ်ခွေး အလောင်း တွေကို နွားလှည်း နဲ့ တင်ပြီး ယူသွားတယ်လို့ သိရတယ်” ဟု ပြင်ဦးလွင်ခရိုင် ပ.က.ဖ ကောင်းကင် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင် ခရိုင် ပ. က. ဖ အဖွဲ့နှင့် အတူ မဟာမိတ် တပ် ပေါင်းစုများက ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး PDF ရဲဘော် ၆ ဦး ထိခိုက် ဒဏ်ရာ ရရှိ ခဲ့သော်လည်း မစိုးရိမ်ရကြောင်း သိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s