မြိုင် Well Two ရေနံမြေ စစ်စခန်းကို PDF က ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၇ ဦး သေ ဆုံးပြီး PDF ရဲဘော် ၁ ဦးကျဆုံး
မကွေးတိုင်း၊ မြိုင်မြို့နယ် Well Two ရေနံမြေရှိ စစ်တပ် စခန်းကို PDF တပ်ပေါင်းစုက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း ကျားသစ်နက်တပ်မတော်မှ တပ်ရင်းမှူး ကိုဥက္ကာက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၁၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် Well Two ရေနံမြေရှိ စစ်တပ် စခန်းကို ဒေသ ကာကွယ်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့ ၃၀ ကျော်က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲခဲ့သော်လည်း စစ်တပ်ဘက်က တိုက်လေယာဥ်ဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့သော ကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
” ဒီ စစ်ခွေး စခန်းက ဒုတိယ အကြိမ်ဝင်ရောက် စီးနင်းခဲ့တာပါ။ တိုက်ပွဲကတော့ တစ်နေကုန်လို့ပြောရမယ် သူတို့ဘက်က ဂျက်လေယာဉ်နဲ့ သုံးကြိမ်ကို လာပစ်ကူတာတွေရှိတယ် ကျွန်တော်တို့ စခန်းကို အပြီးသိမ်းနိုင်မယ့် အချိန် ခွေးတွေက လေယာဉ်နဲ့ လာလာပစ်လို့ တိုက်ပွဲက စောစောမသိမ်းနိုင်ခဲ့တာ ညနေ ၃ နာရီခွဲ လောက်ကျတော့ ကျွန်တော်တို့အဖွဲ့တွေ ပြန်ဆုတ်လာခဲ့တယ် သူတို့အမာခံအထိုင်လုပ်ထားတဲ့ အ ဆောက်အဦး ၄ ခုအနီးအထိပါ ကျွန်တော်တို့ ဝင်ရောက် ပစ်ခတ်နိုင်ခဲ့တယ်။ သူတို့ဘက်က စစ်ခွေး ၇ ကောင်ကျတယ်။ ကိုယ့်ဘက်က ရဲဘော် ၁ ဦး ကျဆုံးတယ်” ဟု ကျားသစ်နက် တပ်မတော် တပ်ရင်းမှူး ကိုဥက္ကာက ပြောဆိုသည်။
အဆိုပါ Well Two စစ်တပ် စခန်းကို ကာကွယ်ရေး အဖွဲ့များက မတ်လ ၉ ရက်နေ့ကလည်း ၁ ကြိမ်ဝင်ရောက်ပစ်ခတ် ခဲ့ကြောင်း၊ ယခု ဒုတိယအကြိမ် တိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်တပ်က လေကြောင်း အကူအညီများဖြင့်ပါ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ပွဲကို မြိုင်မြို့နယ်အတွင်းမှ တော်လှန်ရေး အဖွဲ့အစည်း ပေါင်းစုံနှင့် ပေါက်မြို့နယ်၊ ပုလဲမြို့နယ်၊ ကနီမြို့နယ်က ကျောက်လုံးကြီးအဖွဲ့များပါ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စုစုပေါင်း အဖွဲ့ ၃၀ ကျော်ဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။khit thit