မှော်ဘီ ဆပ်ပလိုင်း(GE)တပ် လိုင်းခန်းများ ဗုံးခွဲခံရ၊ ထိခိုက်သေဆုံးသူများရှိကြောင်း တိုက် ခိုက်သည့်အဖွဲ့ပြော

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းအပိုင်၊ ဆပ်ပလိုင်းမှတ်တိုင်လမ်းအတွင်းရှိ ဆပ်ပလိုင်း (GE) တပ် အရာရှိလိုင်းခန်းနှင့် စစ်သည်လိုင်းခန်းအား မှော်ဘီတော်လှန်ရေးအင်အားစုမှ မတ်လ ၁၇ ရက် ညပိုင်းတွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ရာ ထိခိုက်သေဆုံးသူများရှိကြောင်း ပြောသည်။

“ဆက်လက်ကြားသိရသလောက်တော့ ‌နှစ်ကောင်သေ၊ ဒဏ်ရာရများတယ်လို့ ကြားသိရတယ်ဗျ။ တပ်တွင်းသတင်းပေါက်မှာစိုးတာကြောင့် သေချာမပြောရဲကြဘူး။ အနီးပတ်ဝန်းကျင်ကလည်း သွားကြည့်မရဘူးဗျ။ အရေးပေါ်ကားနဲ့ စစ်ဆေးရုံတင်သွားတာ တွေ့ရတယ်လို့လည်း ကြားတယ်ဗျ။”ဟု မှော်ဘီတော်လှန်ရေးအင်အားစု(HmawBi Revolution Force) တာဝန်ခံ နေရောင်က မဇ္ဈိမ ကို ပြောသည်။

မြို့ပြတွင် စစ်တပ်ကို ပစ်မှတ်ထား ပြောက်ကျားတိုက်ပွဲဖော်ဆောင်ရခြင်းမှာ အညာဒေသနှင့် တိုင်းရင်းသားဒေသများကို စစ်ကောင်စီတပ်၏ ထိုးစစ်ချိနဲ့စေလိုသော ရည်ရွယ်ချက်ဖြစ်ကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုအားပြုလုပ်နိုင်ရန် အချိန်ပေး စောင့်ကြည့်မှုများပြုလုပ်ခဲ့ရပြီး တိုက်ခိုက်ပြီးချိန် အခြေအနေအား တာဝန်ခံက ဆက်ပြော သည်။

“တိုက်ခိုက်ပြီးတဲ့အချိန် ကင်းသမားကလွဲလို့မည်သူ့မှာမှ လက်နက်မရှိတဲ့အတွက် ကျွန်တော်တို့ကို ဟန့်တားဖို့မဖြစ်နိုင်ခဲ့ဘူး၊ ကင်းသမားကလည်း အထဲကပဲ ပစ်တာပဲရှိတယ်၊ ခြံစည်းရိုးအကာအကွယ်ရှိလို့ အလွယ်တကူ ဆုတ်ခွာနိုင်ခဲ့ပါတယ်ဗျ။ အားရတယ် အခုလိုလုပ်ချင်နေတာကြာပြီ၊ မည်သည့်စစ်တပ်ကိုမဆို ရဲစခန်း ရဲတပ်ရင်းကိုမဆို ဆက်လက်တိုက်ခိုက်သွားပါ့မယ်။” ဟူ၍ ပြောသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း မှော်ဘီ GE တပ်ရင်း အရာရှိရိပ်သာ ဗုံးပစ်တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသူများရှိခဲ့သည်။ ၂၀၂၃ ခုနှစ် ပထမ သုံးလ အတွင်းပင် စစ်ကောင်စီတပ်အခြေစိုက်ရာ နေရာများဖြစ်သော ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်၊ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ) တပ်စခန်းကိုလည်းကောင်း၊ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ အမှတ် (၁၁) ကာကွယ်ရေးပစ္စည်းစက်ရုံကို လည်းကောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s