ရိဒ်ခေါဒါရ်မြို့ရှိ တပ်စခန်း ၂ ခုကို ချင်းကာ ကွယ်ရေးတပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်

အိန္ဒိယ – မြန်မာနယ်စပ် ၊ ဖလမ်းမြို့နယ် ၊ ရိဒ်ခေါဒါရ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ အခြေစိုက်ထားသော တပ်စခန်း နှစ်ခုကို ချင်းကာကွယ် ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဟွားလ်ငိုးဒေသ) CDF – Hualngoram ထံမှ သိရသည်။

မတ်လ ၁၆ရက် နံနက် ၁၀ နာရီခန့်တွင် ရိဒ်ခေါဒါရ်မြို့ ၊ ရပ်ကွက် (၁) နှင့် ရပ်ကွက် (၂) တွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၈၀ ခန့်ရှိသော တပ်စခန်း နှစ်ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စခန်းကို ၄၀ မမ ၊ မီးလောင်ဗုံး တွေနဲ့ ပစ်ခဲ့တယ် ၊ နာရီဝက်လောက်တော့ ကြာမယ် ၊ ထိခိုက်သေဆုံး အတည်ပြုမှု မရနိုင်ပါ ၊ ကျနော်တို့ ရဲ ဘော်တွေတော့ ထိခိုက်မှုမရှိဘူး” ဟု CDF – Hualngoram တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နှစ်ရက်ခန့်ကလည်း ရပ်ကွက် (၁)ရှိ စစ်ကောင်စီတပ်စခန်းကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး ယခုတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

တပ်စခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဘက်မှလည်း ပြန်လည်ပစ်ခတ်ခဲ့ရာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိကြောင်း သိရသည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် ပြည်သူများ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ဘက်ခြမ်းသို့ ခိုလှုံခဲ့ကြောင်းသိရပြီး ယနေ့ မတ်လ ၁၇ရက်တွင် အခြေအနေများ ပြန်လည် တည်ငြိမ်လျှက်ရှိနေကြောင်း ဒေသခံတစ်ဦးထံမှ သိရှိရသည်။

အိန္ဒိယနိုင်ငံ နှင့် မြန်မာနိုင်ငံကို စည်းခြားထားသည့် ချောင်းတစ်ခုသာရှိသဖြင့် တိုက်ပွဲဖြစ်ပွားမှုများရှိလျှင် အိန္ဒိယဘက်ကမ်းသို့ ကူးလာကြပြီး အခြေအနေငြိမ်သက်ပါက မြန်မာနိုင်ငံဘက်ခြမ်းသို့ ပြန်လည်ကူးသွားကြကြောင်း ဆိုသည်။

အဆိုပါ ပစ်ခတ်မှုကို CDF – Hualngoram နှင့်အတူ ချင်းအမျိုးသားတပ်မတော်နှင့် အခြား ချင်းကာကွယ်ရေးတပ်ဖွဲ့အချို့ ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ ၇ရက်နှင့် ၉ရက်နေ့များတွင် ကလေးမြို့မှ သံချပ်ကာကား နှစ်စီးအပါအဝင် ကားအစီးရေ ၃၀ကျော်ဖြင့် ချင်းပြည်နယ်သို့တက်လာရာ မတ်လ ၁၄ရက်နေ့တွင် ဖလမ်းမြို့နယ် ဗားလုံနှင့် ထင်းရှုးစခန်းအကြား၌ ချင်းအမျိုသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s