ရေစကြိုမြို့နယ်၌ ကင်းစောင့်နေသည့် ပျူအ ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက် ခိုက်ရာ ၁ ဦးသေဆုံး လက်နက်များသိမ်းဆည်းရမိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခြေမြန်တပ်ရင်း(ခလရ ၂၅၆)အနီး၌ ကင်းစောင့်နေသည့် ပျူစောထီးအဖွဲ့ကို ယနေ့ မတ်လ ၁၈ရက်၊ နံနက် ၈နာ ရီ ၃၀မိနစ်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးခဲ့​ပြီး လက်နက်များသိမ်းဆည်းရမိကြောင်း သိရသည်။

ကင်းစောင့်နေသည့် ပျူ(ပျူစောထီး) သုံးဦးကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ စစ်မှုထမ်းဟောင်း ပျူခေါင်းဆာင် ကျောက်ခဲဆိုသူဖြစ်သည်။ ကျန်ပျူ နှစ်ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးသွားသည်။

သေဆုံးသူကိုင်ဆောင်သည့် ကာဘိုင် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ ကျည် ၁၀၁ တောင့်၊ Short Gun တစ်လက်နှင့် ကျည် ၁၄ တောင့်၊ ကပ်သီးတစ်ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s