သံတောင်မြို့တွင် ဘာသာပေါင်းစုံကော်မတီနှင့် စစ်တပ် ညှိနှိုင်းမည့်ကိစ္စအား ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့များက လက်သင့်မခံ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်မြို့ (၁၃)မိုင်တွင် ဘာသာပေါင်းစုံကော်မတီသည် စစ်ကောင်စီတပ်နှင့် တွေ့ဆုံ၍ စစ်ဘေးရှောင်နေရသော ဒေသခံများ နေရပ်ပြန်နေခွင့်ရရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် စီစဉ်နေသည့်အပေါ် ဒေသခံများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အယုံအကြည်မရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဘာသာပေါင်းစုံကော်မတီမှ ကော်မတီဝင်များသည် ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့က KNU တပ်မဟာ (၂)မှ တာဝန်ရှိခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံ၍ စစ်ဘေးရှောင်နေရသော ဒေသခံများ နေရပ်တွင် အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရေးအား ဆွေးနွေးခဲ့ကြပြီး မကြာမီရက်ပိုင်းအတွင်း သံတောင်မြို့ရှိ စစ်ကောင်စီတပ်နှင့် တွေ့ဆုံညှိနှိုင်းရန် ပြင်ဆင်နေကြောင်း သိရသည်။

သံတောင်မြို့ရှိ ရပ်ကွက်အလိုက် ကိုယ်စားလှယ်များထားရှိမည်ဖြစ်ပြီး ထိုကိုယ်စားလှယ်များမှ ဒေသခံတစ်ဦးချင်းစီ​၏ နေရပ်ပြန်လို​၏ မပြန်လို​၏ ဟူသော သဘောထားများအား ကောက်ခံကာ အုပ်ချုပ်ရေးမှူးများထံတွင် တင်ပြခြင်း၊ ထိုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် မြို့နယ်အဆင့် ဆွေးနွေးပွဲပြုလုပ်ပြီး ထိုဆွေးနွေးပွဲရလဒ်အရ ခရိုင်အဆင့်အုပ်ချုပ်ရေးတာဝန်ခံများမှ စစ်ကောင်စီတပ်သားများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။

” သံတောင်မှာက ဘာသာရေးခေါင်းဆောင်တွေရဲ့ လွှမ်းမိုးမှုက အရမ်းကြီးတယ်။ ဒေသခံတွေက ဘာသာရေး အရမ်းလိုက်စားကြတော့ ဘာ သာရေးခေါင်းဆောင်တွေက တစ်ခွန်းဆို တစ်ခွန်းပဲ။” ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ထိုသို့ ဘာသာပေါင်းစုံကော်မတီနှင့် စစ်ကောင်စီတပ် တွေ့ဆုံ၍ ညှိနှိုင်းမှုများ ပြုလုပ်သွားမည့်အပေါ် သံတောင်မြို့ (၁၃)မိုင်နေ ဒေသခံတစ်ဦးက

” ဆွေးနွေးပွဲအကြောင်းက ကြားထားတာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက။ စဉ်းစားကြည့်ဗျာ။ စစ်ကောင်စီတပ်နဲ့ ညှိမယ်လည်း ပြောတယ်။ ဗုံး ခိုကျင်းတွေလည်းတူးပြီး အရေးပေါ်ရိက္ခာပစ္စည်းတွေ စီစဉ်ထားရမယ်လည်းပြောတယ်။ ဒီလိုဆိုတော့ အချိန်မရွေး စစ်တပ်က လက် နက်ကြီးတွေနဲ့ ပစ်နိုင်တယ်ဆိုတဲ့သဘောပဲလေ။ ကျွန်တော်တို့အနေနဲ့ လုံးဝ လက်မခံပါဘူး။ ဘာမှအာမခံချက်မရှိတဲ့အလုပ်မို့ ဘယ်ပြည်သူကမှ ယုံမှာမဟုတ်ဘူး ” ဟု ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်နှင့် ဆွေးနွေးမည်ဟူသည့် အကြောင်းကိစ္စသည် မဖြစ်နိုင်သော ကိစ္စသာဖြစ်ကြောင်း၊ ယခင်ကလည်း နေရပ်တွင်ပြန်လည်နေထိုင်ရန် တိုက်တွန်းသော ကိစ္စများရှိခဲ့ပြီး တချို့ပြန်နေသော ဒေသခံများရှိသော်လည်း စစ်ကောင်စီတပ်​မှ ဖိနှိပ်မှုများ ပိုမိုဆိုးရွားစွာ လုပ်ဆောင်လာသဖြင့် ပြန်ပြေးခဲ့ကြရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

” အရင်ကပြန်နေလို့ရပြီပြောလာလို့ တချို့ပြန်လာနေကြတယ်။ စစ်ထပ်ဖြစ်တော့ပိုဆိုးလေရောပေါ့။ အိမ်တွေပါမီးရှို့တယ်။ ထိခိုက်ဖျက်ဆီးခံရတဲ့အိမ်ဆို ရာကျော်နေပြီ။ ဘယ်သူမှ အာမခံချက်မပေးနိုင်ဘူး။ စိတ်လုံခြုံမှု မရှိတော့ဘူး။ ပြန်လာနေလို့ရတယ်ဆိုရင်တောင် ယုံကြည်မှုရှိမှာမဟုတ်ဘူး” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ယခုဆွေးနွေးပွဲကိစ္စနှင့် ပတ်သက်၍ ဒေသတွင်းလှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ” စစ်ကောင်စီက ဘာသာရေးခေါင်း ဆောင်တွေကို သွားကပ်တာရှိတယ်၊ အကြီးပိုင်းတွေကိုညှိနေတာတွေလည်းရှိတယ်၊ ကျွန်တော်တို့ကတော့ လက်မခံဘူး” ဟု ၎င်းက ပြေ ာသည်။

ဘာသာပေါင်းစုံကော်မတီဆိုသည်မှာ သံတောင်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်း ကိုးကျောင်းရှိ ဆရာတော်များ၊ သင်းအုပ်များ၊ ဗုဒ္ဓဘာသာဘုန်း ကြီးကျောင်း နှစ်ကျောင်းရှိ ဆရာတော်များနှင့် ဂေါပက အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများပါဝင်ပြီး ဒေသတွင်း အေးချမ်းသာယာမှုအား အ သားပေးလုပ်ဆောင်သွားရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

သံတောင်မြို့အနီးတစ်ဝိုက်ရှိ ဒေသခံများသည် စစ်ကောင်စီတပ်​၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နေရပ်အိုးအိမ်များအား စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေကြရသည်မှာ အချိန်အားဖြင့် နှစ်လကျော်ပြီဖြစ်ပြီး စွန့်ခွာခဲ့ရသော နေအိမ်များ မီးရှို့ခံရမည်ကိုလည်း စိတ်ပူနေရကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s