ABSDF မှ ထုတ်ပယ်ခံထားရသည့် ရဲဘော်နှစ်ဦး သက်ရှိထင်ရှားရှိ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုရက်တစ်တပ်ဦး(ABSDF)၊ တပ်မဟာ(၁)သထုံခရိုင် မှ ထုတ်ပယ်ခံထားရသည့် ရဲဘော်နှစ်ဦး အ သတ်ခံလိုက်ရကြောင်း သတင်းပျံ့နှံ့နေသည်။ အဆိုပါသတင်း မှာ မှားယွင်းနေသည်။
“နန်းငယ်” အမည်ရှိ တယ်လီဂရမ်ချန်နယ်တစ်ခုတွင် “ခိုင်းထားပြီး ပြည်သူတွေလက်မခံတော့မှ ABSDF နဲ့မဆိုင်ပါဘူးမလုပ်နဲ့။ တကယ်တော့ သူတို့ ၂ ယောက်ကိုသတ်လိုက်ပါပြီ” ဟု မတ်လ ၁၆ ရက်နေ့တွင် အဆိုပါ ရဲဘော်နှစ်ဦးအား ABSDF မှသတ်ခဲ့သယောင်ဖြင့် ထုတ်ပြန်ချက်စာ စောင်နှင့်အတူ စတင်ဖြန့်ဝေ ခဲ့ပြီး အဆိုပါအကြောင်းအရာကို ဖေ့စ်ဘုတ်တွင် ပြန်လည်ဖြန့်ဝေမှုများ ရှိနေသည်။
ထို့ပြင် “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်တွင်လည်း “ပါဂျောင်အရေးအခင်းဖြင့် အချင်းချင်းသတ်ဖြတ်သည့် ကိစ္စကြောင့် အမည်ပျက်ဖြင့်နာ မည်ကြီးသည့် ABSDF မှ ၎င်းတို့လက်သပ်မွေးထားသည့် PDF များမှ အမိန့် မနာခံသည့်အတွက်ဟုဆိုကာ ထုတ်ပယ်ကြောင်းစာထုတ်။ အထုတ်ခံရတဲ့ ၂ ကောင်တော့ အသတ်ခံပြီး နေလောက်ပြီထင်တယ်” ဟု ဖြန့်ဝေထားရာ အဆိုပါအကြောင်းအရာများအား တယ်လီဂရမ်ချန်နယ်ငါးခု မှ မတ်လ ၁၆ ရက်နေ့တွင် ဖြန့်ဝေခဲ့ကြရာ မတ်လ ၁၇ ရက်နေ့အထိ နှစ်ရက်အတွင်း ကြည့်ရှုသူ ၁၅,၀၀၀ ကျော်ရှိခဲ့သည်။
မဇ္ဈိမအနေဖြင့် အဆိုပါအကြောင်းအရာကိုစစ်ဆေးခဲ့ရာတွင် ထုတ်ပြန်ချက်မှာမှန်ကန်သော်လည်းABSDF မှ ထုတ်ပယ်ခံရသည့် ရဲဘော်နှစ်ဦးဖြစ်သော စိုင်းထွန်းနောင်(ခ) ကိုစိုင်း (ခ) ကိုတရုတ် နှင့် ဆန်းကိုကို (ခ) သုံးဆယ်တို့မှာ သေဆုံးခြင်းမရှိဘဲ လက်ရှိအချိန်အထိ သက်ရှိထင်ရှားရှိနေကြောင်း သိရသည်။
ကာယကံရှင်များဖြစ်သည့် ကိုစိုင်းထွန်းနောင်နှင့်ကိုဆန်းကိုကိုတို့အား မဇ္ဈိမမှ ဆက်သွယ်မေးမြန်းရာတွင် “အဲဒီကိစ္စ(သေဆုံးသည်ဟုပျံ့နေသည့် ကိစ္စ) ကျနော်တောင် မသိဘူးဗျ။ ကျနော် လက်ရှိ ကျိုက်ထို မြို့နယ် ပ.က.ဖ ထောက်ပို့တာဝန်ခံအနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။ AB နဲ့ ကျနော်နဲ့က အငြိအစွန်းရယ် လို့တော့ မရှိပါဘူး။ AB ကနှုတ်ထွက်လိုက်ရတဲ့အကြောင်းအရင်းက ကိုယ့်မြို့ကိုယ့်ရွာကိုပြန် တာဝန်ယူ ချင်လို့ဆိုပြီးတော့ တစ်ဖက်ကထွက်ပြီး တစ်ဖက်ကိုကူးတဲ့ပုံစံမျိုးပါပဲ” ဟု ကိုစိုင်းထွန်းနောင်က ပြော သည်။
“ကျနော် ရှေ့တန်းကပြန်လာပြီးပြီးချင်း ထွက်ဖို့တစ်ခါတည်း ပြောထားတာပါ။ သူတို့ထွက်စာနဲ့အတူ ထွက်ခွင့်ပေးတယ်။ ခုကျနော်လည်း အ ခြားအဖွဲ့စည်းတစ်ခုမှာ ရောက်နေပါတယ်။ ကျနော်မသေသေး ပါဘူးဗျ” ဟု ကို ဆန်းကိုကိုကလည်း မဇ္ဈိမသို့ပြောသည်။
ABSDF သထုံခရိုင်အလုပ်အဖွဲ့အား ဆက်သွယ်မေးမြန်းရာတွင်လည်း “ထုတ်တာတော့ မှန်ပါတယ်။ သတင်းဖွတာနေကတော့ ကျနော်တို့လည်း မသိပါဘူးခင်ဗျ” ဟု ဆိုကာ လက်ရှိအချိန်အထိ အဆိုပါ ရဲဘော်နှစ်ဦး၏ ဖေ့ဘုတ်အကောင့်များမှာ ဆက်လက်အသုံးပြုနေဆဲပင်ဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။
ထို့ကြောင့် ABSDF တပ်မဟာ(၁) သထုံခရိုင်မှ ကိုစိုင်းထွန်းနောင်နှင့် ကိုဆန်းကိုကိုတို့ အဖွဲ့မှထုတ်ပယ် ခံရခြင်းမှာ မှန်ကန်သော်လည်း အသတ်ခံရသည်ဆိုသည်မှာ မှားယွင်းနေသည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။mizzima