Monthly Archives: Mar 2023

သာကေတတွင် ပြည်သူ ၂ ဦးကို မဘသနှင့်ပျူစောထီးအဖွဲ့က ပစ်သတ်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် ရဲစိန်နှင့် ရန်ဖြစ်ခဲ့ ဖူးသူ ပြည်သူ ၂ ဦးကို မဘသနှင့်ပျူစောထီး တင်လင်းထိုက်၏အဖွဲ့ဝင်များက ပစ်သတ်သွားကြောင်း ဒေသပြည်သူတချို့က ပြောသည်။

မတ်လ ၁၉ ရက်နေ့ ည ၇ နာရီအချိန် သာကေတမြို့နယ်၊ ၈ ရပ်ကွက်၊ ဧရာဝဏ် လမ်းနှင့် န၀ရတ်လမ်းထောင့် သာသနာ့ရိက္ခတ ဓမ္မာရုံဘေးတွင် ဖွင့်လှစ် ထား သော ရေခဲဆိုင်တွင် ကြံရည်ကြိတ်နေသူ ၂ ဦးကို မဘသနှင့် ပျူစောထီး တင်လင်းထိုက်၏ အဖွဲ့ဝင်များက ပစ်သတ်သွားကြောင်း သိရှိရသည်။

“အပစ်ခံရသူ ၂ ဦး ။ ဓမ္မာရုံဘေး ရေခဲဆိုင်မှာ အအေးရောင်းနေတဲ့ အအေး ဆိုင်ပိုင်ရှင် ကိုညိုကြီးနဲ့ ကိုဖြိုးဝေအောင်တို့ကို လာပစ်သွားတာ။ နှစ်ဦးစလုံး သေပါတယ်။ ပစ်သွားတဲ့အဖွဲ့က တင်လင်းထိုက် ဦးဆောင်တဲ့ မဘသနဲ့ ပျူစောထီးအဖွဲ့က အဖွဲ့ဝင်တွေ ။ အဲဒီ အအေးဆိုင်ပိုင်ရှင်က မဘသ ပျူစောထီး အဖွဲ့ဝင် ရဲစိန်နဲ့ ရန်ဖြစ်ဖူးတယ်။ မနှစ်က ဒီဇင်ဘာလမှာ ပျူစောထီး ရဲစိန် အပစ်ခံ ရတာ ကိုညိုကြီးတို့ လက်ချက်ဆိုပြီး သတင်းဖြန့်နေတာ။ အခု တင်လင်းထိုက်အဖွဲ့က ဝင်ပစ်သွားတာ” ဟု သာကေတ သတင်းရင်းမြစ်က ပြောသည်။

မဘသနှင့်ပျူစောထီးအဖွဲ့က ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂ ဦးသည် သာမန် ပြည်သူများသာဖြစ်ပြီး သတင်းပေး ဒလန်လည်း မလုပ်ကြောင်း၊ ရိုးရိုးသားသား အအေးရောင်းနေသူများဖြစ်ကြောင်း၊ ပျူစောထီး အဖွဲ့ဝင် ရဲစိန်နှင့် ရန်ဖြစ်ဖူး၍ ရန်ငြိုးကြောင့် မကြာခဏဆိုသလို အကြိမ်းခံနေရရာမှ နောက်ဆုံးတွင် ပစ်သတ် ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၈ ရပ် ကွက်၊ နဝရတ် (၁) လမ်းထိပ် တွင် ပျူစောထီး ရဲစိန် ပစ်ခတ်ခံရပြီး ဒဏ်ရာရ ရှိခဲ့သည်။ khit thit

စစ်ကောင်စီထံ မှတ်ပုံပြန်မတင်ရန် SNLD ဆုံးဖြတ်၊ နိုင်ငံရေးအစုအဖွဲ့အနေဖြင့် ဆက် လက်လုပ်ဆောင် သွားမည်ဟုဆို

စစ်ကောင်စီကပြဋ္ဌာန်းထားသည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဉပဒေအရ မှတ်ပုံပြန်တင် မည်မဟုတ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) က ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၁၆ ရက်နှင့် ၁၇ နေ့တို့တွင်ကျင်းပခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်း အဝေးတွင် တက်ရောက်လာသော ဗဟိုကော်မတီအဖွဲ့ဝင်အားလုံး၏ သဘောတူညီချက်ဖြင့် တညီ တညွတ်တည်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း SNLD ပါတီအထွေ ထွေအတွင်းရေးမှူး ဦးစိုင်းလိတ် ကပြောသည်။

“နိုင်ငံရေးလုပ်တဲ့အစုအဖွဲ့တစ်ခုအနေနဲ့တော့ လုပ်နိုင်ကိုင်နိုင်တာတွေ ကိစ္စတွေအများကြီးကျန်ပါတယ်။ ဉပမာလူထုကို တိုက်ရိုက်အကူအညီပေးတဲ့ လုပ်ငန်းမျိုးတို့၊ သုတေသနလုပ်ငန်းမျိုး၊ ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာလုပ်ငန်းမျိုးနဲ့ နောက်ဆုံး ၂၀၂၁ မှာ ကြေညာခဲ့ဖူးသလို Peaceful Coexistence ပေါ့။ ငြိမ်းချမ်းစွာ အတူတကွရှင်တွဲနေထိုင်ခြင်းဆိုတဲ့မူအရ လုပ်ကိုင်စရာကိစ္စတွေအများကြီး ရှိပါတယ်” ဟု ဦးစိုင်းလိတ်က ဆိုသည်။

စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အတိအကျ ကြေညာပြဋ္ဌာန်းထားမှုမရှိခြင်း၊ တိုင်း ပြည်၏ လုံခြုံရေးယို့ယွင်းနေသော အခြေအနေတွင် လုံခြုံရေးအကန့်အသတ်များစွာရှိပြီး ပါတီဝင်များနှင့် သွားရောက်တွေ့ဆုံကာ သဘောထားရယူနိုင်မှုမရှိခြင်း စသည့်အချက်များကြောင့် မှတ်ပုံပြန်မတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း SNLD ကပြောသည်။

စစ်ကောင်စီက နိုင်ငံရေးပါတီများအား မတ်လ ၂၈ ရက်နေ့ နောက်ဆုံးထားမှတ်ပုံတင်ရန် အချိန်သတ် မှတ်ထားပြီး လက်ရှိရှိနေသည့် နိုင်ငံရေးပါတီ ၉၀ ကျော်တွင် ကြံ့ခိုင်ရေးပါတီအပါအဝင် ပြည်ထောင်စု တစ်ဝန်းလုံးစည်းရုံးမည့်ပါတီအဖြစ် ခုနစ်ပါတီ ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကိုယ်စားပြုစည်းရုံးမည့်ပါတီ ၂၂ ပါတီက ပြန်လည်မှတ်ပုံတင်ထားသည်။

NLD ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD တို့ကလည်း စစ်ကောင်စီထံ ပြန်လည်မှတ်ပုံ တင်မည်မဟုတ်ကြောင်း သိရသည်။ စစ်ကောင်စီ၏ လုပ်ရပ်များသည် တရားမဝင်ကြောင်းနှင့် စစ်အုပ်စု၏ ဆောင်ရွက်ချက်များကို အသိ အမှတ်ပြုမည်မဟုတ်ကြောင်း NLD နှင့် DPNS တို့က တုံ့ပြန်ထားကြသည်။mizzima

ဆားလင်းကြီး မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကို ဒေသကာကွယ်ရေးတပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့တွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များက မတ်လ ၁၇ ရက်နေ့တွင် လက်နက်ကြီးဖြင့် အကြိမ် ရေ ၇၀ ကျော် ပစ်ခတ်ခဲ့ကြောင်း Salingyi Special Task Force – SSTF က သတင်းထုတ်ပြန်ထားသည်။

“ဒီစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်သားနှစ်ယောက် သေလုမျောပါး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိသွား တယ်။ ရဲသုံးယောက်နဲ့ စစ်အုပ်စုထောက်တိုင် အမျိုးသမီးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရတယ်။

စစ်ကောင်စီတပ်သားအများစုနေထိုင်တဲ့ ငွေသာခန်းမပျက်စီးပြီး အရာရှိအိမ်ရာနဲ့ ဝန်ထမ်းအိမ်ရာ အများ အပြားပျက်စီးတယ်လို့ မြေပြင်သတင်းထောက်ကနေ ကနဦးသတင်းရရှိတယ်”ဟု Salingyi Special Task Force – SSTF မှ တာဝန်ရှိသူကဆိုသည်။

ဆားလင်းကြီးမြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကို ဒေသကာကွယ်ရေးတပ်များမှ လက်နက်ကြီးဖြင့် အကြိမ်ရေ ၇၀ ကျော်ပစ်ခတ်မှုတွင် ထိခိုက်သေဆုံးမှုအား သီးခြားအတည်းပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲထားသည့် ဆားလင်းကြီးမြို့ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးတည်ရှိရာ နေရာများသို့ Shar Htoo Waw Drone နည်းပညာ( တိုက်ခိုက်ရေး Fixed Wing Drone)များဖြင့် ဝေဟင် တိုက်ခိုက်မှုများ၊ Fighter Drone ဖြင့် ၁၂၀ မမ ဗုံးသီး၊ ၆၀ မမ ဗုံးသီးများအသုံးပြုကာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု SSTF က မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုကို မတ်လ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်များဖြစ်သည့် Salingyi Special Task Force – SSTF၊ Shar Htoo Waw Drone နည်းပညာအဖွဲ့၊ ယင်းမာပင်ခရိုင် Drone တပ်ရင်း(၁)၊ “ငဘ” လက်နက်ကြီး‌ပြောက်ကျားတပ်ဖွဲ့၊ “ကိုတမာ” လက်နက်ကြီး‌ပြောက်ကျားတပ်ဖွဲ့၊ Royal Tiger၊ ရွှေဓါးဗိုလ်၊ Salingyi Special Task Force-SSTF တပ်ခွဲ “Hundred” လက်နက်ကြီးအဖွဲ့၊ “SPACE MAN” Drone အဖွဲ့တို့မှ ပူပေါင်းဆောင်းရွက်ခဲ့ကြောင်း သိရသည်။ mizzima

စစ်တပ် ဝါဒဖြန့် ရုပ်ရှင် “စောင်နီလေး တစ်ထည်” ကို ဝန်ထမ်းများ မဖြစ်မနေ သွားကြည့်ပြီး ရုပ်ရှင်လက်မှတ် ပြန် တင်ပြရန် ဌာနဆိုင်ရာများကို ညွှန်ကြား

အကြမ်းဖက်စစ်ကောင်စီက စစ်တပ် ကောင်းကြောင်း ဝါဒဖြန့် ရန်အတွက် အဓိ က ငွေအကုန်အကျခံ ရိုက်ကူးထားသည့် စစ်တပ် ဝါဒဖြန့် ရုပ်ရှင် “စောင်နီလေး တစ်ထည်” ရုပ်ရှင်ကို ဌာနဆိုင်ရာ ဝန်ထမ်းများ သွားရောက် ကြည့်ရှုပြီး ရုပ်ရှင် လက်မှတ်ကို သက်ဆိုင်ရာဌာနအကြီး အကဲများထံ တင်ပြကြရန် ခိုင်းစေ ထား ကြောင်း သိရှိရသည်။

စစ်တပ်၏ ကောင်းကြောင်းကို ရိုက်ကူး ဝါဒဖြန့်ထားသော စောင်နီလေး တစ် ထည် ရုပ်ရှင်ကို မတ်လ ၁၈ ရက်နေ့တွင် စတင် ရုံတင်နေပြီး ရန်ကုန်တွင် သမ္မတ ရုပ်ရှင်ရုံ၊ JCGV ၁ ရုံ၊ မြ၀တီမီဒီယာစင်တာရှိ Star Cinema တို့တွင် လည်း ကောင်း၊ မန္တလေးတွင် ဝင်းလိုက်ရုပ်ရှင်ရုံ၊ နေ ပြည်တော်တွင် ဥတ္တရသီရိ Ocean JCGV ၊ ဇေယျာသီရိ တို့တွင် ပြသနေခြင်းဖြစ်ပြီး ကြည့်ရှုသူမရှိ၍ ဝန် ထမ်း များ သွားရောက် ကြည့်ရှုကြရန်နှင့် ကြည့်ရှုပြီး လက်မှတ်များကို ဌာန ဆိုင် ရာ အကြီးအကဲများထံ တင်ပြကြရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရ သည်။

“အဲဒီ ပေါ်လစီရုပ်ရှင်ကို တပ်မတော်နေ့မတိုင်မီလည်း TV မှာ ပြမယ်။ အဲဒါ အခုက ရုံတင်ထားတာ ကြည့်မယ့်သူမရှိလို့ ဝန်ထမ်းတွေ အားလုံးသွား ကြည့်ခိုင်း တယ်။ ကြည့်ပြီးရင် ရုပ်ရှင်လက်မှတ် တင်ပြခိုင်းတယ်။ ဌာနဆိုင်ရာ တွေက ညွှန်ကြားလည်း သိပ်လုပ်ကြတာမဟုတ်တော့ ကြည့်၊ မကြည့် သေချာ အောင် ရုပ်ရှင်လက်မှတ် ပြန်တောင်း တာ။ ကျနော်တို့ဌာနမှာတော့ သွားကြည့် ပြီးသား ရုပ်ရှင်လက်မှတ်တွေကို သက် သေအဖြစ် ပြန်တင်ပြဖို့ စီမံ ညွှန်မှူးက အမိန့်ပေးနေတာ။ မထော်မနန်းတွေ ခိုင်းနေတာအတော်တော့ ဒုက္ခရောက် တယ်” ဟု နေပြည် တော် ဝန်ထမ်းတစ်ဦးက ပြောသည်။

စောင်နီလေးတစ်ထည် ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာတင်အောင်စိုး (ပန်းမြို့ တော် ) ရိုက်ကူးထားပြီး ရန်အောင်၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ ကျော်ဇောဟိန်း၊ နက္ခတ်၊ Lနေနော်၊ Lဆိုင်းဇီ၊ နေရောင်၊ သီဟနိုင်၊ သားထွေး တို့ကဲ့သို့သော စစ် တပ်ထောက်ခံသည့် သရုပ်ဆောင်များက ပါဝင် သရုပ်ဆောင်ထားကြခြင်း ဖြစ်သည်။

မတ်လ ၁၈ ရက်နေ့ ရန်ကုန်မြို့၊ ရန်ကင်းရှိ မြ၀တီမီဒီယာစင်တာ၊ Star Cinema တွင် စောင်နီလေးတစ်ထည် ရုပ်ရှင် Red Carpet Show အခမ်းအနား ပြုလုပ် ခဲ့ပြီး စစ်တပ်ထောက်ခံသော သရုပ်ဆောင်များ တက်ရောက်ခဲ့ကြသည်။ khit thit

NLD ပါတီ မှတ်ပုံ တင် မတင်နှင့်ပတ်သက်ပြီး ကြားကာလဗဟိုကော်မတီ ပုံမှန်အစည်းအဝေးတွင် ဆုံးဖြတ် သွားမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံတွင် မှတ်ပုံ တင် မတင်နှင့်ပတ်သက်ပြီး မတ်လ ၂၀ ရက်နေ့တွင် ကျင်းပမည့် ကြားကာလဗဟိုကော်မတီ ပုံမှန်အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးကျင်းပပြုလုပ်ပြီးမှ မှတ်ပုံတင်၊ မတင်ကိစ္စများကို အသေးစိတ်သိရှိရမည်ဖြစ်ကြောင်း ဗဟို အလုပ်ကော်မတီ(CWC)အဖွဲ့ဝင် ဦးထွန်းမြင့်က မဇ္ဈိမသို့ပြောသည်။

“စုစည်းနိုင်တဲ့ ဗဟိုကော်မတီဝင်တွေ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်က ခေါင်းဆောင်တွေနဲ့ မနက်ဖြန် အွန်လိုင်းအစည်းအဝေးရှိပါတယ်။ အ စည်းအဝေးကနေ ဆုံးဖြတ်ချက်ထွက်ပေါ်လာမှ ကျနော်တို့ ဆက်ပြီး တော့ပြောပါမယ်” ဟု ၎င်းက ဆိုသည်။

ပထမအကြိမ် ဗဟိုကော်မတီ၏ သက်တမ်းသည် ၂၀၁၃ မှ ၂၀၁၈ အထိ ငါးနှစ်ဖြစ်ပြီး ၂၀၁၈ မှစ၍ ဒုတိယ အကြိမ်ဗဟိုကော်မတီ စတင်သည်ဟု သိရသည်။ ဒုတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေးကို ကြား ကာလဗဟိုကော်မတီအစည်းအဝေးဟုခေါ်ဆိုထားပြီး ကြားကာလသည် တော်လှန်ရေးကာလကို ရည် ညွှန်းခြင်းဖြစ်သည်။

ဗဟိုကော်မတီဝင်အစည်းအဝေးကို တိုင်းနှင့်ဒေသကြီးအသီးသီးမှ ကော်မတီဝင်များတက်ရောက်ရကာ ဗဟိုအလုပ်မှုဆောင်ကော်မတီမှ ဦး ဆောင်ကျင်းပပေးရသည်ဟုသိရပြီး လက်ရှိအစည်းအဝေးကိုမူ အာဏာသိမ်းပြီးနောက်ဖွဲ့စည်းထားသည့် ဗဟိုအလုပ်ကော်မတီ(CWC)မှ ကျင်း ပခြင်းဖြစ်သည်။

ယခုကျင်းပြုလုပ်မည့် ဗဟိုကော်မတီအစည်းအဝေးကို တော်လှန်ရေးတွင်ပါဝင်နေသည့် ဗဟိုကော်မတီ ဝင်များကိုသာဖိတ်ကြားထားပြီး နာ မည်အရင်းဖြင့် ဝင်ရောက်ရမည်ဟု သိရသည်။

“စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ ဗဟိုကော်မတီဝင်တွေကတော့ တက်ရောက်ပိုင်ခွင့်ရှိမှာ မဟုတ်ဘူး။ ကျနော်တို့ကတော့ ကျနော်တို့နဲ့ တော်လှန်ရေးကိုဆောင်ရွက်နေတဲ့၊ ပြည်သူ့ဆန္ဒနဲ့အညီ အကြမ်းဖက် အာဏာလု စစ်ကောင်စီကိုဆန့်ကျင်တော်လှန်နေတဲ့ ဗဟိုကော်မတီဝင်အားလုံးကိုဖိတ်ကြား ထားပါတယ်” ဟု ဦးထွန်းမြင့်က ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန်တွင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် ဗဟိုအလုပ်မှုဆောင် ကော်မ တီဝင်များ ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

အကျဉ်းထောင်အတွင်း ကွယ်လွန်သွားခဲ့ရသည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်းအပါအဝင် NLD ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်စု စုပေါင်းမှာ ၂၀ဦးရှိသည်။

အဖွဲ့ဝင် ၂၀ ဦး အနက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာ အောင် မိုးညို၊ ဒေါက်တာမြင့်နိုင်၊ ဦးထွန်းထွန်းဟိန်၊ ဦးညီပု၊ ဒေါ်နန်းခင်ထွေးမြင့် နှင့်ဒေါက်တာမျိုးအောင်တို့သည် အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

ပြင်ပတွင် ဦးဟန်သာမြင့်၊ ဦးဖြိုးမင်းသိန်း၊ ဒေါက်တာမျိုးညွန့်၊ ဦးသိန်းဦး၊ ဒေါက်တာတင်မျိုးဝင်း၊ ဦးအင် ထုံခါးနော်ဆမ်၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်မေဝင်းမြင့် ၊ ဦးအောင်ကြည်ညွန့်နှင့် ဦးတင်ထွဋ်ဦးတို့ရှိကြသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း CWC က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖြိုးမင်းသိန်းနှင့် ဗဟိုကော်မတီ ဝင်သုံးဦးတို့ကို ပါတီဝင်အဖြစ်မှ ထုတ် ပယ်ခဲ့သည်။

ပြင်ပတွင်ရောက်ရှိနေသူများအနက် ဒေါ်မေဝင်းမြင့်၊ ဦးအောင်ကြည်ညွန့်နှင့် ဦးတင်ထွဋ်ဦးတို့သည် ဗဟိုအလုပ်ကော်မတီတွင် ဆက်လက်ချိတ် ဆက်ဆောင်ရွက်နေကြသည်။ ယခုကျင်းပပြုလုပ်မည့် ဗဟို ကော်မတီအစည်းတွင် အဆိုပါ ဗဟိုအလုပ်မှုဆောင်သုံးဦးပါဝင်မည်ဟု CWC ထံမှ သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် အာဏာရပါတီဖြစ်သကဲ့သို့ စစ်တပ် (စစ်ကောင်စီတပ်)က မဲမသမာမှုရှိသည်ဟူ၍ စွပ်စွဲထားသော ၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများဆုံး အနိုင်ရရှိထားသည့် ပါတီဖြစ်သည်။

အနိုင်ရ NLD ပါတီခေါင်းဆောင်များကို ဖမ်းဆီးပြီး အာဏာသိမ်းကာဖွဲ့စည်းခဲ့သည့် စစ်ကောင်စီသည် နှစ်နှစ်နီးကျော်အကြာတွင် ရွေး ကောက်ပွဲပြန်လည်ကျင်းပရန် ပါတီမှတ်ပုံတင်ခြင်းများအပါအဝင် ရွေး ကောက်ပွဲလုပ်ငန်းများကို ဦးတည်ဆောင်ရွက်နေကြသည်။

ပါတီမှတ်ပုံတင်ရန် ဇန်နဝါရီလ ၂၆ ရက်နေ့မှစ၍ ရက်ပေါင်း ၆၀ သတ်မှတ်ထားသည့်အတွက် မတ်လ ၂၆ ရက်နေ့တွင် ပြည့်ပြီဖြစ်သော်လည်း ရုံးပိတ်ရက်များရှိသည့်အတွက် ၂၈ ရက်နေ့ကို နောက်ဆုံး သတ်မှတ် ထားပြီး လက်ရှိအချိန်တွင် ပါတီ၂၀ ကျော်သာ မှတ်ပုံတင်ထားသည်။

“ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားခွင့်ရှိပြီး လျှောက်ထားခြင်းမရှိသည့် နိုင်ငံရေးပါတီတွေက အလိုအလျောက် ပျက်ပြယ်ပြီးဖြစ် သည်ဟု မှတ်ယူရမည်လို့ပါပြီး ဖြစ်ပါတယ်” ဟု စစ်ကောင်စီဝါဒဖြန့် ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ကြေးမုံသတင်းစာသို့ ပြောဆိုထားသည်။

NLD ပါတီတည်ထောင်ခြင်း (၃၄)နှစ်ပြည့် ထုတ်ပြန်ချက်တွင် ဥပဒေကို ကိုယ်တိုင်ချိုးဖောက်ထားသော တရားမဝင်အာဏာသိမ်း စစ်ကောင်စီနှင့် ယင်းကဖွဲ့စည်းထားသော အဖွဲ့အစည်းများ၊ ကျင်းပရန် ကြံစည် နေသော ရွေးကောက်ပွဲအပါအဝင် လုပ်ငန်းစဉ်အားလုံးကို မည်သည့်နည်းနှင့်မျှ (အသိအမှတ်မပြု) လက်ခံနိုင်မည် မဟုတ်ပါဟုဖော်ပြထားသည်။mizzima

ဂန့်ဂေါတွင် စစ်ယာဉ်တန်းကို ကြိုရန် ထွက်လာသည့် စစ်ကြောင်းကို တိုက် ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ ဒီပဲယင်း မြို့ပေါ်ရပ်ကွက်ကို မီးတင်ရှို့ ခဲ့သော စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၆ ဦးခန့် သေဆုံးနိုင်ဟုဆို

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာနှင့် ခေါက်ခူကျေးရွာကြားတွင် စစ်ကြောင်းကြိုရန် ထွက်လာသည့် အကြမ်းဖက်စစ်သား၊ ပျူစောထီးပူးပေါင်း စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ယော ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(YPDF) မှ ရဲဘော် ယောလေးက ပြောသည်။

ယနေ့ မတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ထီးလင်းမြို့မှ တက် လာ သော အကြမ်းဖက်စစ်ကြောင်း ကို ကြိုဆိုရန် စစ်သား၊ ပျူစောထီး အင်အား ၅၀ ခန့်က ကား ၄ စီးဖြင့်ထွက်ခွာလာကြောင်း၊ ယင်းစစ်ကြောင်းကို ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသင့်ပြင်ဆင်ထားသောမိုင်းများဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၂၀ ခန့်လဲကျသွားပြီး ၃ ဦး နေရာ တွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

YPDF ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှာ အော်ဟစ်ဆဲဆိုပြီး မိုင်းထိနေရာမှ ရှေ့ဆက်မတိုးတော့ဘဲ သေဆုံးဒဏ်ရာရ စစ်သား၊ ပျူစောထီးများကို တင်ဆောင်ကာ ဂန့် ဂေါသို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

မကွေးတိုင်း၊ ထီးလင်းမြို့မှ ထွက်လာသော အကြမ်းဖက်စစ်ယာဉ်တန်းသည် ဂန့်ဂေါမြို့ ဘက်သို့ ထွက်ခွာလာနေရာ လမ်းတလျှောက်တွင် မိုင်းဆွဲ တိုက် ခိုက် သဖြင့် အထိနာနေကြောင်း၊ ထို့ကြောင့် ပြည်သူလူထုကို ပစ်မှတ်ထား တိုက် ခိုက်လာနိုင်သဖြင့် လမ်းတ လျှောက်ရှိ ကျေးရွာနေမိဘပြည်သူများအနေဖြင့် ဘေးလွတ်ရာ တိမ်းရှောင်ကြရန်နှင့် တိုက်ပွဲကြီးငယ် များဖြစ်ပေါ်လာနိုင်သဖြင့် သတိဖြင့် သွားလာနေထိုင်ကြရန် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က သတိပေးထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့၊ အနောက်ကွက်သစ်ကို မီးရှို့ဖျက်ဆီး ခဲ့ သော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ ၆ ဦးခန့်သေဆုံးခဲ့ကြောင်း Freedom Revolution Force (FRF) ထံမှ သိရသည်။

မတ်လ ၁၇ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် ဒီပဲယင်းမြို့ အနောက်ကွတ်သစ်ကို ရောက်လာသော အကြမ်းဖက် စစ်သားများကို Freedom Revolution Force (FRF)၊ တပ်ခွဲ ၁ ၊တပ်ခွဲ ၄ အဖွဲ့က ၄၀-မမ လက်နက်ကြီး ဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦး ခန့် သေဆုံးခဲ့ကြောင်း၊ အထိနာသော အကြမ်း ဖက် စစ်သားများမှ ည ၁၂ နာရီခန့်တွင် ဒီပဲယင်းမြို့ပေါ်ရပ်ရှိ ပြည်သူ့ နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။ khit thit

ဆိပ်ခွန်ကျေးရွာတွင် စစ်ကောင်စီတပ်က ရ ဟတ်ယာဉ်ဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်သောကြောင့် ဒေသခံနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဆိပ်ခွန်ရဲစခန်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးဖွဲ့များအကြား အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၂နာရီကျော်တွင် ရွာကို MI 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဖြစ်ကြောင်း ဆိုသည်။

“PDF အင်အားကိုကြောက်လို့ လေကြောင်းပစ်ကူတွေခေါ်တာဖြစ်မယ်ဗျ။ အပြန်အလှန် လက်နက်ကြီးနဲ့ ပစ်ခတ်ကြတယ်၊ အသေအပျောက်တွေတော့ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် MI 17 နှင့် MI 35 ရဟတ်ယာဉ်များရောက်လာခဲ့ပြီး MI 35 က ရွာအတွင်းသို့ လှည့်၍ ပစ်ခတ်သွားခြင်းဖြစ် ကြောင်းသိရသည်။

သေဆုံးသူနှစ်ဦးမှာ ဒေါ်ကြည်ဝင်း (၆၃ နှစ်) နှင့် ကိုတိုးတိုး(၂၂ နှစ်)တို့ဖြစ်ပြီး ဦးထွား၊ ဦးတင်ကိုနှင့် မမာလွင်တို့မှာ လည်ပင်း၊ တံတောင်ဆစ်နှင့် နောက်ကျောတို့၌ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် လေကြောင်းမှတိုက်ခိုက်မှုများကြောင့် ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင် ခဲ့ရကြောင်း သိရသည်။

မတ်လ ၁၉ ရက် ယနေ့တွင် ရွှေဘိုမြို့နယ်အတွင်းမှ ပျူစောထီးကျေးရွာများဟုထင်ရှားသော သီးလုံး၊ မြင်းချင်းကျေးရွာများမှ ပျူများကလမ်း ပြပြီး ပျူနှင့်စစ်ကောင်စီပူးပေါင်းတပ် အင်အား ၁၅၀ ခန့်သည် ဆိပ်ခွန်ရွာသို့ စစ်ကြောင်းသုံးကြောင်းဖြင့် ဝင်ရောက်နေကြောင်း အဆိုပါ ဒေ သခံက ဆက်ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများဝင်ရောက်လာမှုကြောင့် ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နေရကြောင်း သိရသည်။ အိမ်ခြေ ၃,၀၀၀ ဝန်းကျင်ရှိသော ဆိပ်ခွန် ကျေးရွာသည် စက်ရက်ကန်း၊ ရိုးရာလက်ရက်ကန်းလုပ်ငန်းများလုပ်ကိုင်ကြပြီး ဆန်စပါးစိုက်ပျိုးထွက်ရှိ ရာ ဒေသတစ်ခုလည်း ဖြစ်သည်။mizzima

ဖားကန့်မြို့တွင် ကားရပ်မပေးဟုဆိုကာ ပြည်သူတစ်ဦးကို စစ်တပ်က ပစ်သတ်၊ မြောင်တွင်လည်း အသက် ၇၀ အရွယ် အဘိုးအို ဦးသန့်ကို စစ်တပ်က ပစ်သတ်

ကချင်ပြည်နယ် ဖားကန့် မြို့ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာတွင် ကားရပ်မပေး ဆို သော အကြောင်းပြချက်ဖြင့် ပြည်သူတစ်ဦးကို အကြမ်းဖက် စစ်တပ်က ပစ်သတ်လိုက်ကြောင်း သိရှိရသည်။

မတ် ၁၇ ရက်နေ့ နံနက် ၃ နာရီအချိန် ဆိပ်မူ ရပ်ကွက်တွင် စစ်ကြောင်းထိုး ကင်း ပုန်းဝပ်နေသော အကြမ်းဖက်စစ်တပ် အဖွဲ့ဝင်က ကားတစ်စီးကို တွေ့ရှိ၍ ရပ်ခိုင်း ကာ သေနတ်ဖြင့် ပစ်ခတ်ကြောင်း၊ ကားမရပ်ဆိုသော အကြောင်း ပြချက်ဖြင့် စစ်တပ်က ဝိုင်းပစ်ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ကားမောင်းလာသူ ဖားကန့် မော်လကင်ကျေးရွာနေ အသက် ၃၀ ခန့်အရွယ် မရန်လအောင်မှာ ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မနက် ၃ နာရီလောက်မှ ဖားကန့် ဆိုင်းတောင် (ဆိပ်မူ)ကျေးရွာပေါ့နော် ။ အဲဒီမှာ ကားစီးလာတဲ့ ပြည်သူတစ်ယောက် ကို စစ်ကောင်စီစစ် ကြောင်းနဲ့ တိုးတော့ ကားရပ်ဆိုတာ မရပ်ပေးလို့ ဆိုပြီး ပစ်သတ်လိုက်တာ။ သူ စီးလာတဲ့ ကားကလည်း ကားဘီး သုံးဘီးစလုံး သေနတ်မှန်တာပေါ့။ မှန်ပြီးတော့ သူလည်း သေသွားတာပေါ့။ ပစ်သတ်ခံရတဲ့ လူက ဖားကန့် မော်လကင် ကျေးရွာမှာနေတဲ့ မရန်လအောင် ပါ” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန သို့ ပြောကြားသည်။

အလားတူ မတ်လ ၁၄ ရက်နေ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မင်းတန်းကျေး ရွာသို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းက စစ်ဘေးရှောင်ပြည်သူ မင်း တန်းရွာသား အသက် ၇၀ နှစ်အရွယ် ဦးသန့်ကို ပစ်သတ်သွားကြောင်း သိရှိ ရသည်။

“ဦးသန့်က စစ်ဘေးရှောင်ရင်းမှာ စစ်ကြောင်းနဲ့တိုးပြီး စစ်တပ်က ပစ်သတ် သွား တာ။ ဘာမှ မေးမြန်းတာမရှိဘဲ တန်းပြီး ပစ်သတ်တာပါ” ဟု ဒေသပြည်သူ တစ်ဦးက ရှင်းပြသည်။ khit thit

« Older Entries