ကရင်နီပြည်တပ်မတော်က အသက်ကယ်ခဲ့ဖူးသော PNO ခေါင်းဆောင် အောင်ခမ်းထီ မင်းအောင်လှိုင်နှင့်ပေါင်း၍ ကျေးဇူးရှင်ကို ပြစ်မှားဟု KA ဒုစစ်ဦးစီးချုပ်ပြော

အကြမ်းဖက် မင်းအောင်လှိုင်နှင့် ပူးပေါင်း သစ္စာခံသည့် PNO ခေါင်းဆောင် ဦးအောင်ခမ်းထီသည် ကရင်နီတပ်မ တော် က အသက်ကယ်ခဲ့ဖူးသော ကျေးဇူး ကို မထောက်ဘဲ ပင်လောင်းမှ စစ်တပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို KA/KNDF ကလုပ်ဆောင်သည်ဟု ဝါဒအမျိုးမျိုးဖြန့်၍ ကျေးဇူးရှင်ကို ပြစ် မှားနေသည်ဟု ကရင်နီတပ်မတော် KA ဒုစစ်ဦးစီးချုပ်က ပြောဆိုလိုက်သည်။

ကရင်နီတပ်မတော်(KA) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က KA တပ် မှူး တပ်သားများနှင့် KNDF ခေါင်း ဆောင်များ တပ်ရင်း ရဲဘော်များကို ယမန် နေ့ မတ်လ ၁၈ရက်နေ့ တွင် အသိပေး စာ တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်း အသိပေး စာတွင် PNO ခေါင်းဆောင် ဦးအောင်ခမ်းထီးကို ရည်ညွှန်း၍ ရန်သူ ၏ မိတ်ဆွေသည် မိတ်ဆွေမဖြစ်နိုင်ကြောင်း ပြောဆိုသည်။

မတ်လ ၁၁ရက်နေ့ ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် နမ်းနိန်ရွာ၌ သံဃာ ၃ ပါး အပါအဝင် အရပ်သား ပြည်သူ ၂၂ဦး ထက်မနည်းကို စစ်ကောင် စီတပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ယင်းသတ်ဖြတ်မှုကို အကြောင်းပြုပြီး KA/KNDF အပေါ် ဝါဒအမျိုးမျိုးဖြန့်နေကြောင်း ဒုစစ် ဦးစီးချုပ်က ပြောသည်။

“အခုတလော နမ်းနိမ့်ကျေးရွာတွင် အစုလိုက် သတ်ဖြတ်မှုကိစ္စကို အကြောင်း ပြုပြီး မိမိတို့ KA/KNDF ကို ဝါဒအမျိုးမျိုး ဝါဒဖြန့်ကြသည်။ ဒါဟာ ရန်သူ့ လက် ချက် ရန်သူ အလုပ်လုပ်နေတာဖြစ်သည်။ အားလုံး ပြောချင်တယ်။ အမှန် တရားဆိုတာ ဖုံးဖိလို့မရပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ်လာပါလိမ့်မည်။ ရန်သူ မိတ်ဆွေဟာ တို့မိတ်ဆွေမဖြစ်နိုင်ဘူးလို့ အမြဲပြောပြတာ။ ယခုဆိုရင် ရဲဘော် ရဲဘက်များအားလုံး သဘောပေါက် လောက်ပြီ ထင်ပါတယ်” ဟု ကရင်နီ ပြည်တပ်မတော် KA စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က ပြောသည်။

၁၉၈၄ ခုနှစ် မတ်လ ထိုင်းနယ်စပ်၌ ဦးအောင်ခမ်းထီ နှင့် ရဲဘော် ၆၀ ခန့်ကို ဗိုလ်ချုပ်အောင်မြတ် ကိုယ်တိုင် ရဲဘော် ၂ ဦးနှင့်အတူ အသက်စွန့်ပြီး ထိုင်း နယ်စပ် ၊ ရှမ်း-ကရင်နီနယ်စပ်ဆုံရာ ယခု လွိုင်ဆမ်မိတ် သို့ သွားကြိုခဲ့ကြောင်း၊ ဦးအောင်ခမ်းထီနှင့်အဖွဲ့အား ယခု တောင်ကုန်းအ မှတ် ၂၈၈၈ တွင် နေထိုင်ခွင့် ပြုခဲ့ကြောင်း၊ ၃လ အကြာတွင် နယ်စပ်နှင့် နီး၍ ဘိန်းဘုရင် ခွန်ဆာမှ လိုက်လံ သတ်ဖြတ်မည်ကို ကြောက်၍ သံလွင်မြစ်ဘေးတွင် နေထိုင်လိုကြောင်း တောင်း ဆို၍ လက်ရှိ တောင်နီချောင်းဆုံတွင် နေထိုင်ခွင့်ပြုခဲ့ကြောင်း ဗိုလ်ချုပ် အောင်မြတ်က ရေး သားထားသည်။

“ PNO ဥက္ကဋ္ဌ ခွန်အောင်ခမ်းထီ တို့သည် (မယ်အော) တွင် ခွန်ဆာမှ လာ ရောက် တိုက်ခိုက်သဖြင့် မိမိကိုယ်တိုင် သွားရောက်ကယ်တင်ခဲ့သည်။ မိမိ အနေဖြင့် ကျေးဇူးပြုခဲ့သည်ကို ပြန်ပြီး မပြောပြလိုသော်လည်း (တပ်မှူးများ၊ ရဲဘော်များ) သိအောင် ပြောပြရခြင်းဖြစ်သည် ” ဟု ဗိုလ်ချုပ်အောင်မြတ်က​ဆိုသည်။

ဦးအောင်ခမ်းထီးအနေဖြင့် ကျေးဇူးရှင်ကို ပြစ်မှားလျှင် ကိုယ့်ထိုက်နှင့်ကိုယ်ကံ မည်သို့ ပင်ဖြစ်ဖြစ် ခံရမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“KA နဲ့ KNDF ကို ထိရင် မခံနိုင်ဘူး။ဒါကြောင့်အမိန့်နာခံကြရန်၊စစ်စည်း ကမ်း များကို တသွေမတိမ်း လိုက်နာကြရန်၊လူ့အခွင့်အရေးများကို လိုက်နာကြရန် မှာချင်ပါသည်။ နာမည်မကြီးချင်သော်လည်း သူများတွင် မိမိတို့ကို နာမည်ကြီး အောင် လုပ်နေပြန်ပြီ “ရုရှယ်” မဖြစ်စေနှင့်” ဟု KA ဒုစစ်ဦးစီးချုပ်က ရေး သားထားသည်။

PNO ဦးအောင်ခမ်းထီးက ပင်လောင်းမှ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် KNDFနှင့် PDF လက်ချက် ဖြစ်သည်ဟု စစ်ကောင်စီ၏ လေ သံအတိုင်း ထုတ် ပြန်ချက် တစ်ရပ်ထုတ်ပြန်ခဲ့ပြီး ပအိုဝ်း ပြည်သူများကို အတင်းအကျပ် ဖိအား ပေး၍ ဆန့်ကျင်ကန့်ကွက်ပွဲများ တက်ရောက် ဆန္ဒပြစေခဲ့ကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s