ခင်ဦးမှာ စစ်ကောင်စီတပ် စစ်ကြောင်း တိုက် ခိုက်ခံရပြီး ၅ ဦး သေဆုံး
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကွေ့ စျေးတန်း အထိုင်ချ စစ်ကောင်စီတပ်သားတွ နဲ့ ရွာသစ်ကုန်း ပျူရွာက ပျူစောထီး ပူးပေါင်းအင်အား ၄၀ လောက်ကို မတ်လ ၁၇ ရက်နေ့ မနက်ပိုင်းက ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ငါးဦး သေဆုံးသွားတယ်လို့ ခင်ဦးအထူးကာကွယ်ရေးတပ်ဖွဲ့ (KSO) တာဝန်ရှိသူက မဇ္ဈိမကို ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ အင်းပတ်ကျေးရွာအနောက်ဖက် တောလမ်းတစ်လျှောက် က ညောင်ပင်ခြံကျေးရွာနဲ့ ဆည်ကြီးကျေးရွာကို ဝင်ရောက်ပြီး လူနေအိမ် အလုံး ၃၀ လောက်ကို မီးရှို့ကာ ရိက္ခာနဲ့ ကုန်ခြောက်တွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက် အင်းပတ်ကွေ့ စျေးတန်းနားကို ပြန်လည်ထွက်ခွာလာချိန်မှာ အနီးကပ် စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ KSO အဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောပါတယ်။mizzima