ဆားလင်းကြီး မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကို ဒေသကာကွယ်ရေးတပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့တွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များက မတ်လ ၁၇ ရက်နေ့တွင် လက်နက်ကြီးဖြင့် အကြိမ် ရေ ၇၀ ကျော် ပစ်ခတ်ခဲ့ကြောင်း Salingyi Special Task Force – SSTF က သတင်းထုတ်ပြန်ထားသည်။

“ဒီစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်သားနှစ်ယောက် သေလုမျောပါး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိသွား တယ်။ ရဲသုံးယောက်နဲ့ စစ်အုပ်စုထောက်တိုင် အမျိုးသမီးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရတယ်။

စစ်ကောင်စီတပ်သားအများစုနေထိုင်တဲ့ ငွေသာခန်းမပျက်စီးပြီး အရာရှိအိမ်ရာနဲ့ ဝန်ထမ်းအိမ်ရာ အများ အပြားပျက်စီးတယ်လို့ မြေပြင်သတင်းထောက်ကနေ ကနဦးသတင်းရရှိတယ်”ဟု Salingyi Special Task Force – SSTF မှ တာဝန်ရှိသူကဆိုသည်။

ဆားလင်းကြီးမြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကို ဒေသကာကွယ်ရေးတပ်များမှ လက်နက်ကြီးဖြင့် အကြိမ်ရေ ၇၀ ကျော်ပစ်ခတ်မှုတွင် ထိခိုက်သေဆုံးမှုအား သီးခြားအတည်းပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲထားသည့် ဆားလင်းကြီးမြို့ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးတည်ရှိရာ နေရာများသို့ Shar Htoo Waw Drone နည်းပညာ( တိုက်ခိုက်ရေး Fixed Wing Drone)များဖြင့် ဝေဟင် တိုက်ခိုက်မှုများ၊ Fighter Drone ဖြင့် ၁၂၀ မမ ဗုံးသီး၊ ၆၀ မမ ဗုံးသီးများအသုံးပြုကာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု SSTF က မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုကို မတ်လ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်များဖြစ်သည့် Salingyi Special Task Force – SSTF၊ Shar Htoo Waw Drone နည်းပညာအဖွဲ့၊ ယင်းမာပင်ခရိုင် Drone တပ်ရင်း(၁)၊ “ငဘ” လက်နက်ကြီး‌ပြောက်ကျားတပ်ဖွဲ့၊ “ကိုတမာ” လက်နက်ကြီး‌ပြောက်ကျားတပ်ဖွဲ့၊ Royal Tiger၊ ရွှေဓါးဗိုလ်၊ Salingyi Special Task Force-SSTF တပ်ခွဲ “Hundred” လက်နက်ကြီးအဖွဲ့၊ “SPACE MAN” Drone အဖွဲ့တို့မှ ပူပေါင်းဆောင်းရွက်ခဲ့ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s