ဆိပ်ခွန်ကျေးရွာတွင် စစ်ကောင်စီတပ်က ရ ဟတ်ယာဉ်ဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံ၂ ဦး သေဆုံး


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်သောကြောင့် ဒေသခံနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။
မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဆိပ်ခွန်ရဲစခန်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးဖွဲ့များအကြား အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၂နာရီကျော်တွင် ရွာကို MI 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဖြစ်ကြောင်း ဆိုသည်။
“PDF အင်အားကိုကြောက်လို့ လေကြောင်းပစ်ကူတွေခေါ်တာဖြစ်မယ်ဗျ။ အပြန်အလှန် လက်နက်ကြီးနဲ့ ပစ်ခတ်ကြတယ်၊ အသေအပျောက်တွေတော့ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် MI 17 နှင့် MI 35 ရဟတ်ယာဉ်များရောက်လာခဲ့ပြီး MI 35 က ရွာအတွင်းသို့ လှည့်၍ ပစ်ခတ်သွားခြင်းဖြစ် ကြောင်းသိရသည်။
သေဆုံးသူနှစ်ဦးမှာ ဒေါ်ကြည်ဝင်း (၆၃ နှစ်) နှင့် ကိုတိုးတိုး(၂၂ နှစ်)တို့ဖြစ်ပြီး ဦးထွား၊ ဦးတင်ကိုနှင့် မမာလွင်တို့မှာ လည်ပင်း၊ တံတောင်ဆစ်နှင့် နောက်ကျောတို့၌ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းဆိုသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့် လေကြောင်းမှတိုက်ခိုက်မှုများကြောင့် ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင် ခဲ့ရကြောင်း သိရသည်။
မတ်လ ၁၉ ရက် ယနေ့တွင် ရွှေဘိုမြို့နယ်အတွင်းမှ ပျူစောထီးကျေးရွာများဟုထင်ရှားသော သီးလုံး၊ မြင်းချင်းကျေးရွာများမှ ပျူများကလမ်း ပြပြီး ပျူနှင့်စစ်ကောင်စီပူးပေါင်းတပ် အင်အား ၁၅၀ ခန့်သည် ဆိပ်ခွန်ရွာသို့ စစ်ကြောင်းသုံးကြောင်းဖြင့် ဝင်ရောက်နေကြောင်း အဆိုပါ ဒေ သခံက ဆက်ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများဝင်ရောက်လာမှုကြောင့် ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နေရကြောင်း သိရသည်။ အိမ်ခြေ ၃,၀၀၀ ဝန်းကျင်ရှိသော ဆိပ်ခွန် ကျေးရွာသည် စက်ရက်ကန်း၊ ရိုးရာလက်ရက်ကန်းလုပ်ငန်းများလုပ်ကိုင်ကြပြီး ဆန်စပါးစိုက်ပျိုးထွက်ရှိ ရာ ဒေသတစ်ခုလည်း ဖြစ်သည်။mizzima