တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က နေအိမ်နှင့် ကွမ်းသီးဂိုဒေါင်များအား မီးရှို့ဖျက်ဆီး


တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းမှ တကူနှင့် ဘန်းလမွတ်ကျေး ရွာတို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကွမ်းသီးဂိုဒေါင်နှင့် နေအိမ်လေးလုံးအပြင် ကွမ်းသီးခြောက် ပိဿာချိန်အများအပြားကို စစ်ကောင်စီတပ် သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တကူနှင့် ဘန်းလမွန်ကျေးရွာသို့ ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ကစတင်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးဝင်ရောက်လာရာမှ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပြီး၊ ယင်းနောက် မတ်လ ၁၆ ရက်နေ့တွင် ကျောက်တစ်လုံးချောင်းရွာအနီးမှ ကွမ်းသီးစက်ရုံ၊ နေအိမ်လေးလုံးနှင့် ဆိုင်ကယ် နှစ်စီး တို့ကို စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ဘန်းလမွတ်ရွာခံတစ်ဦးက “အခုရက်ပိုင်း တနင်္သာရီဖက်က တကူနဲ့ ဘန်းလမွတ်ဖက်ကို စစ်ကောင်စီတပ် က စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်တယ်၊ ဒေသခံတွေလည်း အတော်များများထွက်ပြေးနေရတယ်။ နောက် ပြီး ကျပ်သိန်း ၁,၀၀၀ ကျော်နီးပါး တန်ဖိုးရှိတဲ့ နေအိမ်၊ ကွမ်းသီးစက်ရုံနဲ့ ဆိုင်ကယ်တွေ မီးရှို့ဖျက်ဆီးခံ လိုက်ရတယ်”ဟု ပြောသည်။
လက်ရှိတွင် အပြန်အလှန်ပစ်ခတ်မှုများရှိနေသော်လည်း ထိခိုက်မှုသတင်းကိုမူ နှစ်ဖက်လုံးမှထုတ် ပြန် ခြင်း မရှိသေးပေ။ တနင်္သာရီမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ် လည်းဖြစ်သည်။ mizzima