ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေ PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအနီးရှိ အမှတ် (၂၈) ရဲတပ်ရင်း ယမန်နေ့ ညနေပိုင်းက တိုက်ခိုက်ခံရသည်ဟု ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအနီးရှိ သာသနာ့နယ်မြေ (ဒေသအခေါ် မျောက်ကုန်း)တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအခိုင်အမာတပ်စွဲထားသည့် အမှတ်(၂၈)ရဲတပ်ရင်းမှ ပတ်ကင်းအဖွဲ့ကို ကေအိုင်အေ ဦး ဆောင်ကာ PDF ပူးပေါင်းတပ်က မတ်လ ၁၈ ရက်နေ့ ညနေ ၆ နာရီ‌ ကျော်ခန့်တွင် ကြားဖြတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် အပြန်အလှန်ပစ်ခတ်မှုများ ယနေ့ မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းအထိ ဆက်လက်ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားခြောက်ဦး စုစုပေါင်းကိုးဦး ထိခိုက်သေဆုံးခဲ့ ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တဲ့ အနားမှာရှိနေတော့ ဘယ်ဘက်ကပစ်တဲ့ကျည်ထိပြီး သေတာလဲဆိုတာတော့ အတည်ပြု လို့ မရသေးပါဘူး။ သေတာက ရဲသုံး‌ ယောက်၊ အရပ်သား အမျိုးသားလေးယောက်၊ အမျိုးသမီးတစ် ယောက်နဲ့ ကလေးငယ် တစ်ယောက်ပါ။ အလောင်းတွေကိုတော့ ဆေးရုံပို့ထားပြီ” ဟု ၎င်းက ပြောသည်။

သေဆုံးခဲ့သော အရပ်သားခြောက်ဦးသည် တိုက်ပွဲဖြစ်ပွားရာ ငြိမ်းချမ်းသာယာကျေးရွာ၏ ကားကြီးဝင်း အနီး၌ နေထိုင်သူများဖြစ်သည်ဟု သိရသည်။

ဖားကန့်မြို့နယ်တွင် ယခုမတ်လဆန်းပိုင်းမှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားပြည်သူများအား တော်လှန်ရေးတပ်ဖွဲ့များနှင့် ပတ် သက် ဆက်နွယ်မှုရှိသည်ဟုဆိုကာ လိုက်လံဖမ်းဆီးရာ မတ်လ ဒုတိယ ပတ်အထိ ကေအိုင်အေတပ်ဖွဲ့ဝင်များအပါအဝင် ဖမ်းဆီးခံရသူ စုစု ပေါင်း ၃၀ ဦးထက်မနည်းရှိသည်ဟု သိရသည်။

ထို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့များ အခိုင်အမာတပ်စွဲထားသည့် မျောက်ကုန်းတပ်စခန်းအား ယမန်နေ့ည က ပြန်လည်တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကသုံးသပ်ပြောဆိုနေကြသော်လည်း မဇ္ဈိမအနေ ဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ဖားကန့်ဒေသခံများသည် စစ်ကောင်စီတပ်စခန်း ယခုကဲ့သို့တိုက်ခိုက်ခံရသည့်အတွက် လေယာဥ်များဖြင့် အရပ်သားပြည်သူများနေထိုင်ရာသို့ ဗုံးကြဲတိုက်ခိုက်မည်ကို စိုးရိမ်နေကြသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s