မကွေးစုပေါင်းရုံး လောင်ချာဖြင့်ပစ်ခံရ
မကွေးတိုင်း၊ရေစကြိုမြို့နယ်၊အမှတ် (၂) စည်ပင်သာယာရပ်ကွက် စုပေါင်းရုံတွင် အထိုင်ချ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို Myingyan Black Tiger တပ်ဖွဲ့မှမတ် ၁၈ရက်၊ည ၇နာရီခန့်က အဝေးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါ စုပေါင်းရုံတွင် အထိုင်ချ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရေစကြိုမြို့နယ်အတွင်းမှ ကျေးရွာများလှည့်လည်ကာ ကျေးရွာမီးရှို့ခြင်းအပါအဝင် အကြမ်းဖက်မှုများလုပ်ဆောင်နေခြင်းနှင့် ရေစကြိုမြို့ပေါ်၌လည်း ဒေသခံပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်နေသော တပ်ဖြစ်ကြောင်း ဒေသခံကာကွယ်ရေးတပ်ဘက်ကပြောသည်။
ထိုသို့ တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သားများ သေဆုံးဒဏ်ရာရှိမှုများနိုင်ကြောင်း Myingyan Black Tiger က သတင်း ထုတ်ပြန်ထားသည်။ mizzima