မင်းတပ်သို့တက်လာသော စစ်ကြောင်း နောက် ကြောင်းပြန်လှည့်၊လမ်းပိုင်းပြန်လည်အသုံးပြုနိုင်ဟု CDF – Mindat အသိပေး

ချင်းပြည်နယ် ၊ မင်းတပ်မြို့ဘက်သို့ တက်လာသော စစ်ကောင်စီယာဉ်တန်းသည် ကျောက်ထုမြို့သို့ ပြန်လှည့်သွားပြီဖြစ်၍ ဒေသခံများအနေ ဖြင့် မင်းတပ် – ကျောက်ထုလမ်းကို ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF-Mindat က မတ်လ ၁၉ ရက် ယနေ့ ထုတ်ပြန်သည်။

မတ်လ ၁၃ရက်က ကျောက်ထု – မင်းတပ်လမ်းအတိုင်း တက်လာသော စစ်ကောင်စီတပ်ယာဉ်တန်းသည် မင်းတပ်မြို့သို့ မတ်လ ၁၇ရက်တွင် ဝင်ရောက်လာပြီး မတ်လ (၁၈)ရက် မနက် ၈နာရီ ၃၀မိနစ်အချိန်တွင် ကျောက်ထုမြို့သို့ ပြန်ဆင်းသွားကြောင်း သိရသည်။

” ပြန်ဆင်းသွားပါပြီ။ အစီးရေ ၃၅စီးလောက်ပါတယ်။မိုင်းဆွဲတိုက်ခိုက်တာ နှစ်စီးပျက်သွားတယ်လို့ သိရပါတယ်။ လမ်းမှာ မိုင်း‌တွေထောင်ခဲ့သလို ကင်းပုန်းတွေလည်း ချသွားလို့ ‌‌မြေပြင်ကို သွားမကြည့်နိုင်သေးလို့ အတိအကျ မသိရသေးဘူး” ဟု CDF – Mindat မှ ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

အဆိုပါ ယာဉ်တန်းအား မတ်လ ၁၆ရက် ညနေတွင်ပဒေသာမိုင်း အလုံး ၂၀ ဖြင့် တိုက်ခိုက်ခဲ့ကြောင်း CDF – Mindat က သတင်းထုတ်ပြန်ထားသည်။အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား သေဆုံးမှုအရေအတွက်ကို မသိရှိရသော်လည်း ကားနှစ်စီး ထိခိုက်ပျက်စီးသွားသည်ဟုCDF-Mindat ကဆိုသည်။

မတ်လ ၁၈ရက်နံနက်တွင် စစ်ကောင်စီတပ်က ပျက်စီးသွားသောကားများကို တင်ဆောင်လျက် ကျောက်ထုမြို့ဘက်သို့ ပြန်ဆင်းသွားပြီဖြစ်၍ မင်းတပ် – ကျောက်ထုလမ်းကို ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း CDF-Mindatက သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

ပခုက္ကူမြို့ဘက်မှ တက်လာသော စစ်ကောင်စီယာဉ်တန်းသည့် မတ်လ ၁၃ရက် နေ့လည်တွင် ကျောက်ထုအမြောက်တပ်တွင်းသို့ ဝင်ရောက်ပြီးနောက် မင်းတပ်နှင့် မတူပီမြို့ဘက်သို့ ဆက်လက်ထွက်ခွာလာနိုင်သည်ဟုဆိုကာ ကျောက်ထု – မင်းတပ် – မတူပီ လမ်းပိုင်းကို ပြည်သူများအနေဖြင့် အသုံးမပြုကြရန် CDF – Mindatက မတ်လ ၁၃ရက် အသိပေးထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။ ခုနှစ်ရက်အကြာတွင် လမ်းအသုံးပြုခွင့် ပြန်လည်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s