မတ္တရာတွင် ရွှေဂဲပြန်ကျေးရွာတွင် စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်လိုက်သော အမျိုးသမီးမှာ အသက် ၂၉ နှစ်အရွယ် မခင်မိုးမိုးဆွေဟု အတည်ပြုနိုင်ပြီ

မန္တလေးတိုင်း၊မတ္တရာတွင် ရွှေဂဲပြန်ကျေးရွာတွင် စစ်တပ်က မုဒိမ်းကျင့် သတ် ဖြတ်လိုက်သော အိမ်ထောင်သည် အမျိုးသမီးမှာ အသက် ၂၉ နှစ်အရွယ် မခင်မိုးမိုးဆွေဟု အတည်ပြုနိုင်ပြီဖြစ်ကြောင်း ဒေသပြည်သူများက ပြောသည်။

မတ်လ ၁၃ ရက်နေ့မှ မတ်လ ၁၇ ရက်နေ့အထိ မတ္တရာမြို့နယ်နှင့် စစ်ကိုင်းမြို့ နယ်ရှိ ကျေးရွာများကို ဝင်ရောက် စီးနင်းခဲ့သော အကြမ်းဖက် စစ်တပ်က ရွှေဂဲပြန် ကျေးရွာမှ အိမ်ထောင်သည် အမျိုးသမီး မခင်မိုးမိုးဆွေကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် ပိုဝကျေးရွာမှ ပြည်သူ ၁ ဦး၊ မြွေခလ ကျေးရွာမှ ပြည်သူ ၁ ဦးနှင့် မဇလီကျေးရွာ မှ သံဃာ ၁ ပါးတို့ကိုလည်း အကြမ်းဖက် စစ်တပ်က မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်တပ် စစ်ကြောင်းက မတ္တရာမြို့နယ်အတွင်းရှိ ပိုဝ ကျေးရွာမှ စာသင် ကျောင်း ၁ ကျောင်း၊ စိန်ပန်းကုန်း ကျေးရွာမှ နေအိမ် ၁ လုံး၊ မြွေမြစ်ရိုး ကျေးရွာ မှ နေအိမ် ၂၉ လုံး၊ မြွေခလ ကျေးရွာမှ နေအိမ် ၂၇ လုံး၊ မြွေရေယဥ် ကျေးရွာမှ နေအိမ် ၄၅ လုံး၊ မြွေပုသိမ် ကျေးရွာမှ နေအိမ် ၁ အိမ် လုံးနှင့် မြွေကု တိုး ဆိပ်ကျေးရွာ မှ နေအိမ် ၄ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေက ရွှေဂဲပြန် ကျေးရွာက အိမ်ထောင် သည် အမျိုးသမီးကို မုဒိမ်း ကျင့် သတ်ဖြတ်သွားတယ်။ သေဆုံးသူ အမျိုးသမီးမှာ ၁၀ နှစ်အရွယ် သမီးလေး ၁ ဦးကျန်ခဲ့တယ်။ နောက်ပြီး ပိုဝနဲ့မြွေခလရွာက ပြည်သူ ၂ ဦးနဲ့ မဇလီကျေးရွာ မှ သံဃာ ၁ ပါးကိုလည်း စစ်ခွေးတွေက မီးရှို့ သတ်ဖြတ် သွားတယ်” ဟု ကောင်းကင် တော်လှန်ရေး အင်အားစုက တာဝန်ရှိသူ တစ်ဦး ကပြောဆိုသည်။

စစ်တပ်က စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ မြွေတလိုင်းရွာ၊ မြွေသသ်ာရွာ၊ မြွေရွှေခဲရွာနှင့် မြေကြည်ကုန်း ကျေးရွာတို့ကိုလည်း ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေများကို အတည်မပြုနိုင်သေးကြောင်း သိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s