မတ္တရာမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်း ဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာမှ မတ္တရာမြို့နယ် အရှေ့ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် အင်အား ၆၀ ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို မတ်လ ၁၈ ရက်နေ့ နံနက် ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွား ကြောင်း နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့မှ ဗိုလ်နတ်ဆိုးက ပြောသည်။
“ကျောက်တံတားကနေ စစ်ကြောင်းထိုးလာတာကို ကျတော်တို့က လမိုင်းနဲ့ မကျည်းကုန်းကြားမှာ မိုင်း ဆွဲလိုက်တာ နှစ်ယောက်ကတော့ ပွဲချင်းပြီးသေတယ် ဒဏ်ရာရတာကတော့ ခုနစ်ယောက်၊ ရှစ်ယောက် လောက်ရှိတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီစစ်ကြောင်းကို စလစ်မိုင်းနှစ်လုံး၊ ရှေ့ထွက်မိုင်းတစ်လုံးတို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အ ထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း နတ်ဆိုးမြေအောက် တော်လှန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် မတ္တရာမြို့နယ်အရှေ့ခြမ်းသို့ အင်အားတိုးမြှင့်ချထားပြီး နယ်မြေစိုးမိုးနိုင် ရေးလှုပ်ရှားမှုများပြုလုပ်နေကာ ယမန်နေ့ကလည်း စပ်ပြင်ကျေးရွာအတွင်းမှ အနီးပတ်၀န်းကျင်သို့ လက် နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဗိုလ်နတ်ဆိုးက ဆိုသည်။
“လက်ရှိအခြေအနေကတော့ သူတို့ ရွာတွေမှာပတ်ပြီး အထိုင်ချတဲ့အခြေအနေတွေ ရှိနေတယ်။ နယ်မြေ စိုးမိုးရေးပုံမျိုး လာတာတွေ့ရတယ်။ အင်အားက တော်တော်များတယ်၊ စစ်ကြောင်းက လေးကြောင်းခွဲချ ထားတာ။ အရင်က ဒီလိုပုံစံမျိုးဆို စစ်ကြောင်းထိုးနေပြီ” ဟုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် မတ္တရာမြို့အနောက်ခြမ်းရှိ ကျေးရွာများသို့ လှည့်လည်စစ်ကြောင်းထိုးခြင်း၊ မီးရှို့ ခြင်းနှင့် ပြည်သူများကိုသတ်ဖြတ်ခြင်းများ လုပ်ဆောင်နေကြောင်း နတ်ဆိုး မြေအောက်တော်လှန်ရေး တပ်ဖွဲ့ထံမှ သိရသည်။mizzima