မြိတ်မြို့တွင် လူ ၅ ဦးထက် ပိုမစုရ အမိန့်ထုတ်ပြန်၊ ဘားနှင့်ကလပ်များ၌ လူစည်းကားနေ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ လူ ၅ ဦးထက်ပိုပြီး လူမစုရဘူးလို့ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမိန့်ထုတ်ပြန်ထားပေမဲ့ ဘားတွေ၊ ကလပ်တွေမှာ ညစဉ် လူစည်းကားနေတယ်လို့  မြို့ခံတွေထံက သိရပါတယ်။

အဲဒီအမိန့်ကို မတ် ၁၄ ရက်က ထုတ်ပြန်ထားတာဖြစ်ပြီး မြိတ်မြို့နယ်ထဲက လူသွားလူလာလမ်း တွေ၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဥ်နဲ့ အများပြည်သူသက်ဆိုင်တဲ့လမ်းတွေမှာ လူ ၅ ဦးထက် ပိုစုဝေးပြီး မနေကြဖို့နဲ့ ည ၁၂ နာရီကနေ မနက် ၄ နာရီအတွင်း မထွက်ဖို့ကိုလည်း အမိန်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ဒေသခံ တဦးက “သူတို့ ထုတ်ပြန်ထားတယ်ဆိုတာ မြိတ်မြို့ထဲကလူတွေ‌ တော်တော်များများ သိတောင် မသိကြဘူး။ ခုထိလည်း အားလုံးလမ်း‌ ပေါ်တို့ ဘားတွေ၊ ကလပ်တွေမှာ စုဝေး သွားလာနေကြတာ‌တွေ ရှိနေတာပဲ”လို့ ပြောပါတယ်။

လူ ၅ ဦးထက် ပိုမစုရဆိုတဲ့ အမိန်ထုတ်ပြန်ထားပေမဲ့ မြိတ်က စစ်ကောင်စီနဲ့ ပတ်သက် ဆက်နွှယ်တဲ့ ဘားတွေ၊ ကလပ်တွေမှာတော့ လူငယ်တွေ စုဝေးပြီး ပျော်ပါး‌နေကြတုန်းပဲလို့ မြို့ခံတစ်ဦးက‌ ပြောပါ‌တယ်။

ဒ့ါအပြင် မြိတ်မြို့ရပ်ကွက်တွေမှာလည်း လုံခြုံရေးတင်းကျပ်ထားပြီး စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေကနေ လူစုလူဝေးနဲ့ တအိမ်ဝင်တအိမ်ထွက် စစ်ဆေး‌‌နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s