ရွှေဘိုတွင် စစ်ကားနှစ်စီးနှင့် ခြေလျင်စစ် ကြောင်း တိုက်ခိုက်မှု စစ်သားများ သေဆုံးထိ ခိုက် မှုရှိနိုင်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကား ၂ စီးနှင့် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲခြင်းများ ဆောင်ရွက်ခဲ့ရာ စစ်သားများ သေဆုံး ထိခိုက်မှုရှိနိုင်ကြောင်း BLACK WOLF – ARMY အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ ထောက်ပို့တပ်မှ ထွက်လာသော ၆ ဘီးကား ၂ စီး ကို ရွှေဘို – ကျောက်မြောင်း လမ်းပိုင်း တနေရာတွင် BLACK WOLF – ARMY ၊ WHO AM I ARMY ၊ တိုက်နယ်ပကဖ ၄ တို့က ဒေသာ မိုင်း ၂၆ လုံး အသုံးပြုကာ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများ တင်ဆောင်လာသည့် ၆ ဘီးကား ၂ စီး မှာထိခိုက်သွားပြီး ၄င်း ကားပေါ်ရှိ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံး နိုင်ကြောင်း သိရှိရသည်။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်ဖြင့် ပြန်လည်ပစ်ခတ် ခဲ့သော်လည်း PDF တပ်များ ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ယနေ့တွင် ရွှေဘိုမြိုနယ် အုံးပေါက်ရွာ အနီး ကင်းပုန်းလာဝပ်သော အင်အား ၄၀ ဦး ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို BLACK WOLF – ARMY ၊ WHO AM I – ARMY ဒရုန်း ဖြင့် ၂ ကြိမ်တိတိ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင် စီ တပ်သား များ သေဆုံး နိုင်ကြောင်း၊ စစ်ကောင်စီတပ်သား များက ရွှေဘို – ကျောက်မြောင်း လမ်းပိုင်းကို အသုံးပြုကာ လူ လက်နက် ခဲယမ်း ရိက္ခာ များ ပို့ဆောင်လျက်ရှိသဖြင့် သ တိပြု သွားလာကြရန် BLACK WOLF – ARMY အဖွဲ့က မေတ္တာရပ်ခံထားသည်။khit thit