ရွှေဘိုတွင် စစ်ကောင်စီထောက်ပို့ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကင်းပုန်းတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက် ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်မှထောက်ပို့ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကင်းပုန်းဝပ်လာသည့်တပ်သားများကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း Black Wolf – Army က ထုတ် ပြန်သည်။

မတ်လ ၁၈ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် ရွှေဘိုမြို့အခြေစိုက် ထောက်ပို့တပ်မှထွက်လာသော ခြောက်ဘီးကားနှစ်စီးကို ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းတစ်နေရာတွင် ပဒေသာမိုင်း ၂၆ လုံး အသုံး ပြုကာဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ဒီလမ်းပိုင်းကို ဖြတ်မယ်ဆိုတာ ကြိုတင်သတင်းရထားတဲ့အတွက် ပြင်ဆင်ပြီးမိုင်းဆွဲခဲ့တာပါ” ဟု Black Wolf – Army ပြန်ကြားရေးတာ ဝန်ခံကပြောသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများတင်ဆောင်လာသော ခြောက်ဘီးကားနှစ်စီးလုံး ထိခိုက်ခဲ့ပြီး ကားပေါ်မှ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ် ခဲ့သော်လည်း ကာကွယ်ရေးပူးပေါင်းတပ် ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိ ပေးထားသည်။

ယင်းတိုက်ခိုက်မှုကို Black Wolf – Army နှင့်အတူ Who Am I Army ၊ တိုက်နယ် ပကဖ (၄)တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ဖရဲသီး(စစ်ကောင်စီတပ်တွင်း)သတင်းပေးပို့ချက်အရ ရွှေဘိုမြို့နယ် အုံးပေါက်ရွာအနီးသို့ ကင်ပုန်းလာဝပ်သော အင်အား ၄၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့် နှစ်ကြိမ်ဗုံးချတိုက်ခိုက်ခဲ့ ကြောင်း ဆိုသည်။

ယင်းတိုက်ခိုက်မှုကို Black Wolf – Army နှင့်အတူ Who Am I Army တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိ ခိုက်သေဆုံးနိုင်သော်လည်း အခြေအနေအသေးစိတ်ကို အတည်ပြု နိုင်ခြင်းမရှိသေးကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းအား အသုံးပြုကာ လူ၊ လက်နက်၊ ခဲယမ်း၊ ရိက္ခာ များပို့ဆောင်လျက်ရှိရာ အများပြည်သူများ ထိခိုက်မှုမရှိစေရန် စစ်ကောင်စီကားများနှင့် ကပ်၍လိုက်ပါ ခြင်းမပြုကြရန် ကာကွယ်ရေးတပ်ဖွဲ့မှမေတ္တာရပ်ခံထားသည်။

မတ်လ ၁၆ ရက်နေ့ကလည်း ရွှေဘိုထောက်ပို့တပ်မှ စစ်ကောင်စီတပ်သားများ တအုံကျေးရွာအရှေ့ ဘက်မှ ကင်းပုန်းဝပ်ပြန်အလာကို Black Wolf – Army နှင့် Who Am I Army တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မြို့အဝင်တွင် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s