ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာကို စစ်တပ်က Mi 35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်မှု ပြည် သူ ၂ ဦး သေ ဆုံး


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာကို စစ်တပ်က Mi 35 ရဟတ်ယာဥ် ၁ စီး ဖြင့် ပစ်ခတ်ရာ ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် စစ်တပ်က ဆိပ်ခွန်ရွာကို Mi 35 ရဟတ်ယာဥ် ၁ စီးဖြင့် လှည့်ပစ်ပစ်ခတ်ခဲ့ပြီး ကျေးရွာနေ ပြည်သူ အသက် ၂၂ နှစ်အရွယ် ကိုတိုးတိုး နှင့် အသက် ၆၃ နှစ်အရွယ် ဒေါ်ကြည်ဝင်းတို့ သေဆုံး ခဲ့ကြောင်း သိရသည်။
“နံနက်ပိုင်းက ရွာထဲက ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေကို PDF တပ်ဖွဲ့ တွေက လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေရှိတယ်။ မွန်း လွဲပိုင်းမှာ စစ် ခွေး တွေက လေယာဥ်ပစ်ကူခေါ်တော့ MI 35 ၁ စီးနဲ့ MI 17 ၁ စီးရောက် လာ တယ်။ MI 35 ကပဲ ရွာထဲကို လှည့်ပစ်သွားတာ ပြည်သူ ၂ ဦးသေဆုံးတယ် ၃ ဦး ဒဏ်ရာရတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် ပြည်သူ ၃ ဦးဖြစ်သည့် ဦးထွား၊ မမာလွင်နှင့် ဦးတင်ကို တို့သည်လည်း လည် ပင်း၊ တတောင်ဆစ်နှင့် နောက်ကြောတို့၌ ထိခိုက် ဒဏ်ရာ များရရှိခဲ့ ကြောင်း သိရသည်။khit thit