သင်္ကြန်ပိတ်ရက် အပန်းဖြေခရီးအတွက် ဟို တယ်အခန်းများ Booking ပြည့်

လာမည့်သင်္ကြန်ပိတ်ရက် အပန်းဖြေခရီးအတွက် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ရှိ ချောင်းသာ ၊ငွေဆောင် ကမ်းခြေများနှင့် ပုဂံ၊ တောင်ကြီး နှင့်ပြင်ဦးလွင်တို့တွင် ဟိုတယ်အခန်းများ ဘိုကင်ပြည့်နေသည်ဟု ဟိုတယ်ခရီး ဝန်ဆောင်မှုပြုလုပ်သူများထံမှ သိရသည်။

ဟိုတယ်အခန်းကြိုမှာမှုများကို မတ်လ ပထမပတ်ကတည်းကပင် ကြိုတင်မှာယူထားမှုများကြောင့် သင်္ကြန်ပိတ်ရက်များအတွက် ကမ်းခြေများတွင် ဟိုတယ်အခန်းများအားလုံး ဘိုကင်ပြည့်နေပြီဖြစ်ကြောင်း ချောင်းသာဟိုတယ်ဝန်ထမ်းတစ်ဦးက ပြောသည်။

“မတ်လ ပထမအပတ်လောက်မှာထဲက သင်္ကြန်ရက်အတွက် အခန်းဘိုကင် ကြိုယူထားကြတဲ့အတွက် အခန်းတွေ အကုန်လုံးနီးပါးအပြည့်ဖြစ်နေတာ၊ဟိုတယ်ဈေးတွေက ဧပြီ ၁၀ရက်နေ့က‌ နေ၁၇ အထိ ဈေးနှုန်းတွေကတော့ အတူတူပါပဲ ပုံမှန်ထက်တော့ ဈေးနည်းနည်းလောက်တော့ပိုများတာတော့ ရှိတာပေါ့ “ဟုလည်း ချောင်းသာ ဟိုတယ်ဝန်ထမ်းတစ်ဦးက ပြောသည်။

ထို့အပြင် ပုဂံ၊ တောင်ကြီးနှင့် ပြင်ဦးလွင်တို့တွင်လည်း ဟိုတယ်အခန်းအနည်းငယ်သာရှိတော့ကြောင်း ဟိုတယ်ဘိုကင်ပြုလုပ်နေသူတစ်ဦးကလည်း ပြောသည်။

“အဓိကတော့ ချောင်းသာ ငွေဆောင် ကမ်းခြေဘက်မှာက သင်္ကြန်ရက်အတွင်းဟိုတယ်ဘိုကင်ယူဖို့ အခန်းတွေ တစ်ခန်းမှမကျန်တော့ဘူးဗျ ဟိုတယ်တွေအများကြီးကိုမှ ဘယ်ဟိုတယ်မှ မရတော့တာဗျာ။

ပုဂံ မှာလည်းအပြည့်ပဲ တောင်ကြီးတို့ ပြင်ဦးလွင်တို့မှာတော့ အခန်းလွတ်အနည်းငယ်ပဲရတော့မယ်တဲ့ ဒီနှစ်ကအစောကြီးကို ကုန်သွားတာ သက်ြန်ရောက်ဖို့ ရက်၂၀ကျော်တောင် လိုနေသေးတာကို နောက်ကျလို့ မရတော့ဘူးဗျ”ဟု ဟိုတယ်အခန်းကြိုမှာခြင်းပြုလုပ်သူတစ်ဦးမှ ပြော သည် ။

ခရီးသွားယာဉ်များသည်လည်း သင်္ကြန်ပိတ်ရက်များအတွက် ကားလက်မှတ်ကြိုတင်ဝယ်ယူမှုများပြားသောကြောင့် အဆိုပါရက်များအတွင်း ခုံနေရာအလွတ်ပင် မရှိတော့သည့်အထိ ဖြစ်နေသည်ဟု ခရီးသွားအေဂျင်စီများက ပြောသည်။

ကားလက်မှတ်များ ကြိုတင် ‌ဝယ်ယူမှုများသည့်အကြောင်းနှင့်ပတ်သက်၍ “ဒီရက်ပိုင်းကတော့ သက်ြန်ပိတ်ရက်အတွက် ချောင်းသာ ၊ငွေဆောင်ကို ဘိုကင်လုပ်တဲ့သူတွေ များပါတယ် နေ့စဉ်ထွက်တဲ့ကားတွေရှိပေမယ့်တချို့ရက်တွေဆို ခုံလွတ်တောင် မရှိသလောက်နည်းနေပါပြီ။အခုရက်ပိုင်း မြန်မြန် ဝယ်ထားမှ ရမယ် နောက်ရက်ဆိုရင်က လက်မှတ်ရဖို့က မသေချာတော့ဘူး”ဟု ပြောသည်။

ပြီးခဲ့သည့် 2022ခုနှစ် သင်္ကြန်ပိတ်ရက်များတွင်လည်း အပန်းဖြေခရီးသွားလာသူများပြားမှုကြောင့် ရန်ကုန်အဝေးပြေးလမ်းမကြီးများတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးကာလအတွင်း အဆိုပါ အပန်းဖြေ ခရီးသွားလာမှုများကို လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်ရေးသားမှုများလည်း ရှိခဲ့သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s