သပိတ်ကျင်းမြို့နယ်၊ စပယ်နဂိုရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သော​ကြောင့် နေအိမ် ၁ လုံး ထိမှန်ပျက်စီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ စပယ်နဂိုရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူပိုင် နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၈ ရက်နေ့ ည ၉ နာရီ ၅၈ မိနစ်ခန့်က သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာ အခြေစိုက် အမှတ် ၁၃ စစ်တပ်တန်းမြှင့်လေ့ကျင့်ရေး ကျောင်းမှ စစ်သားများက စစ်ကား ၅ စီးဖြင့် စပယ်နဂိုရွာကို ရောက်ရှိလာပြီး ကျေးရွာအတွင်း ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင် နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

” မတ်လ ၁၈ ရက်နေ့ ညပိုင်းက သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာ တပ်စွဲထားတဲ့ တတက ၁၃ က စစ်ခွေးကား ၅ စီးစပယ်နဂိုရွာကို ရောက် လာပြီး ၈၀ မမ လက်နက်ကြီးနဲ့ ၇ ချက်လောက် ရမ်းသမ်း ပစ်ခတ်ခဲ့လို့ ပြည်သူပိုင် နေအိမ် ၁ လုံး ထိမှန် ပျက်စီးခဲ့တယ်။ ပြည်သူတွေကတော့ စစ်ခွေးသတင်းကြိုတင် ရတာကြောင့်တိမ်းရှောင်နိုင်ခဲ့တယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s