သာကေတတွင် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော ရဲ ၃ ဦးအနက်မှ ရဲတပ်ကြပ် စာရေး စိုးဝင်းနိုင် နာရေးဖိတ်စာတွင် ရာထူးနှင့်လိပ်စာ မထည့်၊ စစ်တပ်က သံသယ ဖြင့် ပြည်သူအများအပြားကို ဖမ်းဆီးနှိပ်စက်နေ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော ရဲ ၃ ဦး အနက်မှ ရဲတပ်ကြပ် စာရေး စိုးဝင်းနိုင်၏ နာရေး ဖိတ်စာတွင် ရာထူးလုံး၀ မ ထည့် ဘဲ အရပ်သားပုံစံဖြင့်သာ နာရေး ဖိတ်စာဝေကြောင်း ရန်ကုန် ကင်း ထောက် အဖွဲ့ Eagle News နှင့် ဒေသပြည်သူတချို့ထံမှ သိရှိရသည်။
မတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် သာကေတမြို့နယ်၊ အမှတ် ၂ ရဲစခန်း အရှေ့ မိတ္တူဆိုင်တွင် ရှိနေသော ရဲ ၃ ဦးကို သေနတ်သမား များ ကဝင် ရောက်ပစ်ခတ်ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် နယ်ထိန်းရဲ စောလေး ဖော မှာ ပွဲချင်းပြီး သေဆုံးပြီး ဂတ်စာရေးရဲ စိုးဝင်းနိုင်မှာလည်း ရင်ဘတ် ကျည်ထိမှန် သေဆုံးခဲ့ကြောင်း၊ အခြားရဲတပ်သားအသစ်မှာလည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
ရဲတပ်ကြပ် စာရေး စိုးဝင်းနိုင်၏ နာရေး ဖိတ်စာတွင် အသုဘချသည့်နေ့ကို ထည့် သွင်းထားခြင်းမရှိဘဲ နာရေး အသုဘအခမ်းအနား လာရောက်ရန် ဖိတ်ခေါ် ထား ခြင်းမရှိကြောင်း၊ နာရေး ရက်လည်ဖိတ်ခေါ်မှုတွင်လည်း အိမ်လိပ်စာကိုလည်း ထည့် သွင်း ထားခြင်းမရှိသည်ကို မြင်တွေ့ရသည်။
ယမန်နေ့ ရဲ ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးမှုအတွက် သာကေတတွင် စစ်တပ်က ရမ်းကား ဖမ်းဆီးမှုများ လုပ်ဆောင်နေ ကာ ပြည်သူများကို စစ်ဆေး ဖမ်းဆီး နေကြောင်း သိရှိရသည်။
“ပစ်ခတ်ခံရတဲ့ အနားမှာ ရှိနေတဲ့ ထမင်းကြော်ရောင်းတဲ့သူနဲ့ ဆိတ်ကလီစာ ထုတ်ထိုး ရောင်းတဲ့သူ ဖမ်းခေါ်သွားပြီး စစ်ဆေးမေးမြန်း ခံရတယ်။ အလောင်း ဓာတ်ပုံတွေ ခေတ်သစ်မှာ ဖော်ပြလို့ မနေ့ ည ၁၁ နာရီမှာ သာကေတ ၈ ရပ် ကွက် မိုးစက် ပရဟိတ အသင်းဥက္ကဋ္ဌ အိမ်ကို စစ်တပ်နဲ့ရဲတွေ ရောက်လာပြီး ဖမ်းခေါ်သွားတယ်။ အလောင်းတွေ သယ်တာက မိုးစက်ပရဟိတကလို့ ပြော တယ်။ ကျန်တဲ့ လူတွေလည်း ဆက်တိုက်ပဲ ဖမ်းနေတာ။ မသင်္ကာသူမှန်သမျှ ဖမ်းနေ တာပါ။ လူမိုက် ပျူစောထီး နေမျိုးအောင်အသတ်ခံရတုန်းကလည်း ဓာတ်ပုံ တွေ ခေတ် သစ်မှာ တက်လာလို့ အခု အဲဒီလို မတက်အောင် အကုန်ပုံ တွေ လိုက်ဖျက် ခိုင်းတာမှာ သေတဲ့ပုံတွေ ထပ်တက်လာလို့ အဖမ်းခံရတာလို့ ပြောတယ်။ ခေတ်သစ် ကို ပုံပို့တယ်လို့ ယူဆတာလည်းဖြစ်နိုင်ပါတယ်” ဟု ဒေသပြည်သူ တစ်ဦး က ပြောသည်။khit thit