သာကေတတွင် ပြည်သူ ၂ ဦးကို မဘသနှင့်ပျူစောထီးအဖွဲ့က ပစ်သတ်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် ရဲစိန်နှင့် ရန်ဖြစ်ခဲ့ ဖူးသူ ပြည်သူ ၂ ဦးကို မဘသနှင့်ပျူစောထီး တင်လင်းထိုက်၏အဖွဲ့ဝင်များက ပစ်သတ်သွားကြောင်း ဒေသပြည်သူတချို့က ပြောသည်။

မတ်လ ၁၉ ရက်နေ့ ည ၇ နာရီအချိန် သာကေတမြို့နယ်၊ ၈ ရပ်ကွက်၊ ဧရာဝဏ် လမ်းနှင့် န၀ရတ်လမ်းထောင့် သာသနာ့ရိက္ခတ ဓမ္မာရုံဘေးတွင် ဖွင့်လှစ် ထား သော ရေခဲဆိုင်တွင် ကြံရည်ကြိတ်နေသူ ၂ ဦးကို မဘသနှင့် ပျူစောထီး တင်လင်းထိုက်၏ အဖွဲ့ဝင်များက ပစ်သတ်သွားကြောင်း သိရှိရသည်။

“အပစ်ခံရသူ ၂ ဦး ။ ဓမ္မာရုံဘေး ရေခဲဆိုင်မှာ အအေးရောင်းနေတဲ့ အအေး ဆိုင်ပိုင်ရှင် ကိုညိုကြီးနဲ့ ကိုဖြိုးဝေအောင်တို့ကို လာပစ်သွားတာ။ နှစ်ဦးစလုံး သေပါတယ်။ ပစ်သွားတဲ့အဖွဲ့က တင်လင်းထိုက် ဦးဆောင်တဲ့ မဘသနဲ့ ပျူစောထီးအဖွဲ့က အဖွဲ့ဝင်တွေ ။ အဲဒီ အအေးဆိုင်ပိုင်ရှင်က မဘသ ပျူစောထီး အဖွဲ့ဝင် ရဲစိန်နဲ့ ရန်ဖြစ်ဖူးတယ်။ မနှစ်က ဒီဇင်ဘာလမှာ ပျူစောထီး ရဲစိန် အပစ်ခံ ရတာ ကိုညိုကြီးတို့ လက်ချက်ဆိုပြီး သတင်းဖြန့်နေတာ။ အခု တင်လင်းထိုက်အဖွဲ့က ဝင်ပစ်သွားတာ” ဟု သာကေတ သတင်းရင်းမြစ်က ပြောသည်။

မဘသနှင့်ပျူစောထီးအဖွဲ့က ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂ ဦးသည် သာမန် ပြည်သူများသာဖြစ်ပြီး သတင်းပေး ဒလန်လည်း မလုပ်ကြောင်း၊ ရိုးရိုးသားသား အအေးရောင်းနေသူများဖြစ်ကြောင်း၊ ပျူစောထီး အဖွဲ့ဝင် ရဲစိန်နှင့် ရန်ဖြစ်ဖူး၍ ရန်ငြိုးကြောင့် မကြာခဏဆိုသလို အကြိမ်းခံနေရရာမှ နောက်ဆုံးတွင် ပစ်သတ် ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၈ ရပ် ကွက်၊ နဝရတ် (၁) လမ်းထိပ် တွင် ပျူစောထီး ရဲစိန် ပစ်ခတ်ခံရပြီး ဒဏ်ရာရ ရှိခဲ့သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s