NLD ပါတီ မှတ်ပုံ တင် မတင်နှင့်ပတ်သက်ပြီး ကြားကာလဗဟိုကော်မတီ ပုံမှန်အစည်းအဝေးတွင် ဆုံးဖြတ် သွားမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံတွင် မှတ်ပုံ တင် မတင်နှင့်ပတ်သက်ပြီး မတ်လ ၂၀ ရက်နေ့တွင် ကျင်းပမည့် ကြားကာလဗဟိုကော်မတီ ပုံမှန်အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးကျင်းပပြုလုပ်ပြီးမှ မှတ်ပုံတင်၊ မတင်ကိစ္စများကို အသေးစိတ်သိရှိရမည်ဖြစ်ကြောင်း ဗဟို အလုပ်ကော်မတီ(CWC)အဖွဲ့ဝင် ဦးထွန်းမြင့်က မဇ္ဈိမသို့ပြောသည်။

“စုစည်းနိုင်တဲ့ ဗဟိုကော်မတီဝင်တွေ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်က ခေါင်းဆောင်တွေနဲ့ မနက်ဖြန် အွန်လိုင်းအစည်းအဝေးရှိပါတယ်။ အ စည်းအဝေးကနေ ဆုံးဖြတ်ချက်ထွက်ပေါ်လာမှ ကျနော်တို့ ဆက်ပြီး တော့ပြောပါမယ်” ဟု ၎င်းက ဆိုသည်။

ပထမအကြိမ် ဗဟိုကော်မတီ၏ သက်တမ်းသည် ၂၀၁၃ မှ ၂၀၁၈ အထိ ငါးနှစ်ဖြစ်ပြီး ၂၀၁၈ မှစ၍ ဒုတိယ အကြိမ်ဗဟိုကော်မတီ စတင်သည်ဟု သိရသည်။ ဒုတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေးကို ကြား ကာလဗဟိုကော်မတီအစည်းအဝေးဟုခေါ်ဆိုထားပြီး ကြားကာလသည် တော်လှန်ရေးကာလကို ရည် ညွှန်းခြင်းဖြစ်သည်။

ဗဟိုကော်မတီဝင်အစည်းအဝေးကို တိုင်းနှင့်ဒေသကြီးအသီးသီးမှ ကော်မတီဝင်များတက်ရောက်ရကာ ဗဟိုအလုပ်မှုဆောင်ကော်မတီမှ ဦး ဆောင်ကျင်းပပေးရသည်ဟုသိရပြီး လက်ရှိအစည်းအဝေးကိုမူ အာဏာသိမ်းပြီးနောက်ဖွဲ့စည်းထားသည့် ဗဟိုအလုပ်ကော်မတီ(CWC)မှ ကျင်း ပခြင်းဖြစ်သည်။

ယခုကျင်းပြုလုပ်မည့် ဗဟိုကော်မတီအစည်းအဝေးကို တော်လှန်ရေးတွင်ပါဝင်နေသည့် ဗဟိုကော်မတီ ဝင်များကိုသာဖိတ်ကြားထားပြီး နာ မည်အရင်းဖြင့် ဝင်ရောက်ရမည်ဟု သိရသည်။

“စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ ဗဟိုကော်မတီဝင်တွေကတော့ တက်ရောက်ပိုင်ခွင့်ရှိမှာ မဟုတ်ဘူး။ ကျနော်တို့ကတော့ ကျနော်တို့နဲ့ တော်လှန်ရေးကိုဆောင်ရွက်နေတဲ့၊ ပြည်သူ့ဆန္ဒနဲ့အညီ အကြမ်းဖက် အာဏာလု စစ်ကောင်စီကိုဆန့်ကျင်တော်လှန်နေတဲ့ ဗဟိုကော်မတီဝင်အားလုံးကိုဖိတ်ကြား ထားပါတယ်” ဟု ဦးထွန်းမြင့်က ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန်တွင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် ဗဟိုအလုပ်မှုဆောင် ကော်မ တီဝင်များ ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

အကျဉ်းထောင်အတွင်း ကွယ်လွန်သွားခဲ့ရသည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်းအပါအဝင် NLD ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်စု စုပေါင်းမှာ ၂၀ဦးရှိသည်။

အဖွဲ့ဝင် ၂၀ ဦး အနက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာ အောင် မိုးညို၊ ဒေါက်တာမြင့်နိုင်၊ ဦးထွန်းထွန်းဟိန်၊ ဦးညီပု၊ ဒေါ်နန်းခင်ထွေးမြင့် နှင့်ဒေါက်တာမျိုးအောင်တို့သည် အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

ပြင်ပတွင် ဦးဟန်သာမြင့်၊ ဦးဖြိုးမင်းသိန်း၊ ဒေါက်တာမျိုးညွန့်၊ ဦးသိန်းဦး၊ ဒေါက်တာတင်မျိုးဝင်း၊ ဦးအင် ထုံခါးနော်ဆမ်၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်မေဝင်းမြင့် ၊ ဦးအောင်ကြည်ညွန့်နှင့် ဦးတင်ထွဋ်ဦးတို့ရှိကြသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း CWC က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖြိုးမင်းသိန်းနှင့် ဗဟိုကော်မတီ ဝင်သုံးဦးတို့ကို ပါတီဝင်အဖြစ်မှ ထုတ် ပယ်ခဲ့သည်။

ပြင်ပတွင်ရောက်ရှိနေသူများအနက် ဒေါ်မေဝင်းမြင့်၊ ဦးအောင်ကြည်ညွန့်နှင့် ဦးတင်ထွဋ်ဦးတို့သည် ဗဟိုအလုပ်ကော်မတီတွင် ဆက်လက်ချိတ် ဆက်ဆောင်ရွက်နေကြသည်။ ယခုကျင်းပပြုလုပ်မည့် ဗဟို ကော်မတီအစည်းတွင် အဆိုပါ ဗဟိုအလုပ်မှုဆောင်သုံးဦးပါဝင်မည်ဟု CWC ထံမှ သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် အာဏာရပါတီဖြစ်သကဲ့သို့ စစ်တပ် (စစ်ကောင်စီတပ်)က မဲမသမာမှုရှိသည်ဟူ၍ စွပ်စွဲထားသော ၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများဆုံး အနိုင်ရရှိထားသည့် ပါတီဖြစ်သည်။

အနိုင်ရ NLD ပါတီခေါင်းဆောင်များကို ဖမ်းဆီးပြီး အာဏာသိမ်းကာဖွဲ့စည်းခဲ့သည့် စစ်ကောင်စီသည် နှစ်နှစ်နီးကျော်အကြာတွင် ရွေး ကောက်ပွဲပြန်လည်ကျင်းပရန် ပါတီမှတ်ပုံတင်ခြင်းများအပါအဝင် ရွေး ကောက်ပွဲလုပ်ငန်းများကို ဦးတည်ဆောင်ရွက်နေကြသည်။

ပါတီမှတ်ပုံတင်ရန် ဇန်နဝါရီလ ၂၆ ရက်နေ့မှစ၍ ရက်ပေါင်း ၆၀ သတ်မှတ်ထားသည့်အတွက် မတ်လ ၂၆ ရက်နေ့တွင် ပြည့်ပြီဖြစ်သော်လည်း ရုံးပိတ်ရက်များရှိသည့်အတွက် ၂၈ ရက်နေ့ကို နောက်ဆုံး သတ်မှတ် ထားပြီး လက်ရှိအချိန်တွင် ပါတီ၂၀ ကျော်သာ မှတ်ပုံတင်ထားသည်။

“ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားခွင့်ရှိပြီး လျှောက်ထားခြင်းမရှိသည့် နိုင်ငံရေးပါတီတွေက အလိုအလျောက် ပျက်ပြယ်ပြီးဖြစ် သည်ဟု မှတ်ယူရမည်လို့ပါပြီး ဖြစ်ပါတယ်” ဟု စစ်ကောင်စီဝါဒဖြန့် ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ကြေးမုံသတင်းစာသို့ ပြောဆိုထားသည်။

NLD ပါတီတည်ထောင်ခြင်း (၃၄)နှစ်ပြည့် ထုတ်ပြန်ချက်တွင် ဥပဒေကို ကိုယ်တိုင်ချိုးဖောက်ထားသော တရားမဝင်အာဏာသိမ်း စစ်ကောင်စီနှင့် ယင်းကဖွဲ့စည်းထားသော အဖွဲ့အစည်းများ၊ ကျင်းပရန် ကြံစည် နေသော ရွေးကောက်ပွဲအပါအဝင် လုပ်ငန်းစဉ်အားလုံးကို မည်သည့်နည်းနှင့်မျှ (အသိအမှတ်မပြု) လက်ခံနိုင်မည် မဟုတ်ပါဟုဖော်ပြထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s