Monthly Archives: Mar 2023

ရှမ်း-ကယားနယ်စပ် တိုက်ပွဲ ၅ ရက်အတွင်း စစ်တပ်မှ ဒုဗိုလ်မှူးကြီး လင်းလင်း ထွန်း အ ပါအဝင် စစ်သား ၈၈ ဦးကျော်သေဆုံးပြီး စစ် သား ၆ ဦးလက်နက်ချ အညံ့ခံဟု NUG ကြေ ညာ

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက် လာသော အကြမ်းဖက် စစ်တပ်မှ ယာယီတပ်ရင်းမှူး ဒုဗိုလ် မှူးကြီး လင်းလင်း ထွန်း အပါအဝင် ၈၈ ဦးကျော်သေဆုံးပြီး ၁၀ ဦး ကျော် ဒဏ်ရာရရှိကာ ၆ ဦး လက် နက်ချအညံ့ခံခဲ့ကြောင်း NUG ကာကွယ် ရေးဝန်ကြီးဌာနထံမှ သိရ သည်။

မတ်လ ၈ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အတွင်းသို့ အကြမ်းဖက်စစ်တပ် တပ်မ ၆၆ လက်အောက်ခံတပ်ရင်းများ၊ အမှတ် ၂ စစ် ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ရင်း များ၊ အမှတ် ၇ စစ်ဆင်ရး ကွပ် ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ရင်းများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် လက်‌အောက်ခံတပ်ရင်းများဖြင့် အင်အားအများအပြားသုံးကာ ထိုးစစ် ဆင် ဝင်ရောက် ခဲ့ရာ KA၊ KNDF ၊ PDF ပူးပေါင်းတပ်ဖွဲ့များမှ အပြင်း အထန် ခုခံ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ထိုးစစ်ကို ခုခံတိုက်ခိုက်မှုသည် မတ်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့ အထိ ကြာမြင့်ခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း အကြမ်း စစ် တပ်မှ ယာယီ တပ် ရင်း မှူး များအပါအဝင် ၈၈ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိကာ လက် နက် ချအညံ့ခံသူ ၆ ဦးရှိခဲ့ကြောင်း၊ အ ကြမ်းဖက်စစ်တပ်မှ အသုံးပြုသော MA3 ၃ လက်၊ MA1 ၂ လက်၊ RPG ၂ လက်၊ ၆၀ မမ ၃ လက်၊ ငါးကြင်းမြီး စက်သေ နတ် ၁ လက်အပါအဝင် ခဲယမ်းအမြောက် အများနှင့် ငွေ ၅ သိန်းကျပ် သိမ်း ဆည်း ရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဖယ်ခုံမြို့နယ်၊ ခေါင်းအိရွာနှင့် ရွှေပြည် အေးအနီးတွင်လည်း ကောင်း၊ မတ်လ ၉ ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မူဆို ကျေး ရွာအနီးရှိ ခမရ ၅၂၈ တပ်ရင်းအနီးတွင် လည်းကောင်း၊ မတ်လ ၁၀ ရက်နေ့တွင် ပင်လောင်းမြို့နယ်၊ လုံးပြင်ရွာအနီးတွင်လည်းကောင်း၊ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်း ဖက်စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၁၁ ရက်နေ့လည် ၁၂ နာရီခန့်မှ ၃ နာရီခန့်အထိ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအရှေ့ ဖက် ကမ်း၊ ဆင်ဖြူရွာ အရှေ့ဘက် တိုက်ပွဲတွင် ခမရ ၄၂၃ တပ်မှ ယာယီ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လင်းလင်းထွန်းအပါအဝင် အကြမ်း ဖက် စစ်သား ၂၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအ မြောက် အများ နှင့်အတူ ၅ ဦး အရှင် ဖမ်းမိခဲ့ကြောင်း၊ မတ်လ ၁၁ ရက်နေ့ ပင်ဖယ်ခုံမြို့နယ်၊ လွယ်ပေါတောင် ပေါ်တိုက် ပွဲတွင် အကြမ်းဖက်စစ်သား ၂၀ ဦးသေဆုံးပြီး အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ် များဖြင့်ပစ်ကူပေးခဲ့သည်ဟု ဆိုသည်။

မတ်လ ၁၂ ရက်‌နေ့တွင်မူ ပင်လောင်းမြို့နယ်၊ ဘုန်းကြီးကျောင်းတစ်ခု၌ တပ်စွဲ ထား သည့် ကြမ်းဖက် စစ် သားများကို စနိုက်ပါဖြင့် ပစ်ခတ်ရာ ၆ ဦးသေဆုံးခဲ့ ကြောင်း၊ အလားတူ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအရှေ့ဘက် ကမ်းတိုက်ပွဲတွင် အကြမ်း ဖက်စစ်သား ၁၉ ဦးသေဆုံးပြီး စစ်သား ၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း၊ ထို့အပြင် ရွှေစမ်းရွာတာဝါတိုင်ကုန်း တိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၁၂ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။khit thit

သမီးဖြစ်သူကို လဲကျအောင် လုပ်သည်ဟုဆိုကာ ပဲခူး အမှတ် ၃ ရဲစခန်းမှ နယ်ထိန်းရဲ မြင့်လွင်က အသက် ၁၃ နှစ်အရွယ် ကစ်ရှနားကို ကိုင်ပေါက်၊ ကစ်ရှနား ဆေးရုံတင်ထားရပြီး ကျူးလွန်သူ နယ်ထိန်းရဲကို အမှုဖွင့်မရ

ပဲခူးတိုင်း ပဲခူးမြို့ ကျွန်းသာယာရပ်ကွက် နီလာလမ်းတွင် သမီးဖြစ်သူကို လဲကျအောင် လုပ်သည်ဟုဆိုကာ ပဲခူးမြို့ အမှတ် ၃ ရဲစခန်းမှ နယ်ထိန်းရဲ မြင့်လွင်က အသက် ၁၃ နှစ်အရွယ် ကစ်ရှနားကို ကိုင်ပေါက်ရိုက်နှက်ရာ ရိုက်နှက်ကိုင်ပေါက်ခံရသူ ကစ်ရှနား ဆေးရုံတင်ထားရပြီး ရိုက်နှက်သည့် နယ်ထိန်းရဲကို အမှုဖွင့်မရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မတ်လ ၁၉ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် ဟိန္ဒူလူမျိုး အသက် ၁၃ နှစ်အရွယ် ကစ်ရှနားသည် ညဘက် မီးပျက်ချိန် စက်ဘီးစီးလာစဉ် လမ်းပေါ်တွင် ဆော့ကစားနေသည့် နယ်ထိန်းရဲ မြင့်လွင်၏ သမီးကို မမြင်ဘဲ တိုက်မိခဲ့ကြောင်း၊ မြင့်လွင်၏ သမီးဖြစ်သူမှာ အထွေအထူး ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း၊ နယ်ထိန်းရဲ မြင့်လွင်က သမီးဖြစ်သူကို ထိခိုက်သည်ဟုဆိုကာ ကလေးငယ် ကစ်ရှနားကို လမ်းပေါ်သို့ ကိုင်ပေါက်ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။

နယ်ထိန်းရဲ မြင့်လွင်က ကစ်ရှနားကို ကိုင်မြှောက်၍ ၂ ကြိမ်တိုင်တိုင် ကွန်ကရစ်လမ်းပေါ်သို့ ကိုင်ပေါက်ရိုက်နှက်သည့် အတွက် အပြင်းအထန်ဒဏ်ရာရရှိကာ စိုးရိမ်ရ ဒဏ်ရာဖြင့် ဆေးရုံတင်ကုသနေရကြောင်း၊ လက်ရှိ ကစ်ရှနား သည် သွား ၃ ချောင်း ကျိုးကာ နှုတ်ခမ်းပေါက်ပြဲ ဦး ခေါင်းမူးဝေ ဝေဒနာများ ခံစားနေရကြောင်း၊ မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းအထိ ပါးစပ်မှ သွေးများ အန်နေကြောင်း သိရှိရသည်။

“ အမှတ် ၃ နယ်ထိမ်း မြင့်လွင် ပဲခူးမြို့ ကျွန်းသာယာရပ်ကွက် နီလာလမ်း နေသူဟာ သူ့အိမ်ရှေ့မှာ သူ့သမီးနဲ့ အတူရှိနေပါတယ်။ ည ၈ နာရီအချိန် ရပ်ကွက်မှာ မီးပျက်နေပါတယ် ။ အဝေရာလမ်းနေတဲ့ ဟိန္ဒူလူမျိုး အသက် ၁၃ နှစ်အရွယ်ကရှစ်နားက အသုတ်ဝယ်ပြီး စက်ဘီးစီးပြန် လာတာ။ ကလေးသဘာဝအရ စက်ဘီးကို လက်လွှတ်စီးရင် လမ်းပေါ် ကစားနေတဲ့ နယ်ထိန်းရဲ့ သမီးကို မမြင်ဘဲ ဝင်တိုက်မိလို့ နယ်ထိန်းရဲသမီးလေး လဲသွားတယ်။ နယ်ထိန်းက စက်ဘီးစီးလာတဲ့ ကလေးကို သူ့သမီးကို စက်ဘီးနဲ့ တိုက်ရပါ့မလားဆိုပြီး ကိုယ်လုံးကို ကိုင်မြှောက်ကာ ၂ ကြိမ်တိတိ ကွန်ကရစ်ပေါ်ကို ကိုင်ပေါက်ကာ ရိုက်တယ်။ ရွယ်တူကလေးတစ်ယောက်က မလုပ်ပါနဲ့ ဆိုပြီး ဝင်ဆွဲ ထမ်းပြေးခဲ့ရတယ်” ဟု ရပ် ကွက်အတွင်း နေထိုင်သူ တစ်ဦးက ဖြစ်စဉ်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နယ်ထိန်းရဲ မြင့်လွင်၏ ယောက်ဖ ဖြစ်သူနှင့် အစ်မ ကျောင်းဆရာမ ဒေါ်မြင့်သန်းက ကစ်ရှနား၏ မိဘများကို ငွေကြေးပေးပြီး အမှု ကျေအေးရန် ကြိုးစားကြောင်း၊ ကစ်ရှနား မိဘများကလည်း ကလေးငယ်ကို ကိုင်ပေါက်သူ နယ်ထိန်းရဲမြင့်လွင်ကို အမှုဖွင့်ရန် ကြိုးပမ်းသော်လည်း ရဲစ ခန်းက အမှုဖွင့်မပေးကြောင်း သိရှိရသည်။khit thit

ပစ်ခတ်မှုဖြစ်ပွားသည့် သာကေတ အမှတ် (၂)ရဲစခန်းတွင် CCTV လုံခြုံရေးကင်မရာများ တပ်ဆင်လာ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ အမှတ် (၂) နယ်မြေရဲစခန်းအနီးတွင် ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရပြီးနောက် ရဲစခန်းအနီးဝန်းကျင်တွင် CCTV လုံခြုံရေးကင်မရာများ တပ်ဆင်လာသည်ဟု အမည်မဖော်လိုသည့် မျက်မြင်တွေ့ရှိသူ မဇ္ဈိမ၏သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အရင်က ဒီရဲစခန်းမှာ အခုလို ကင်မရာတွေတပ်ထားတာမျိုးမရှိဘူး။ ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်မှ တပ် လာတာတွေ့ရတယ်” ဟု ၎င်းက ပြောသည်။

ရဲတပ်ဖွဲ့ဝင်အချို့ ပစ်ခတ်ခံရကာ သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် ရဲစခန်းအတွင်းနှင့်အပြင်တွင် CCTV ကင်မရာ ဆယ်လုံးနီးပါးခန့်တပ်ဆင်ထားပြီး လှုပ်ရှားမှုများကို စခန်းတွင်းမှစောင့်ကြည့်နေမှုများရှိ ကြောင်း သိရသည်။

မတ်လ ၁၇ ရက်နေ့ကဖြစ်ပွားခဲ့သည့်ပစ်ခတ်မှုတွင် အဆိုပါ အမှတ်(၂)ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်သုံးဦး သေဆုံး သွားခဲ့သည်။ ၎င်းတို့မှာ သာကေတ အမှတ်(၂)ရဲစခန်းမှ နယ်ထိန်း(ရဲတပ်ကြပ်) စောလေးဖောဆိုသူ အပါ အဝင် သုံးဦးဖြစ်သည်ဟု သိရသည်။

အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခြင်းဖြစ်သည်ကို ယနေ့အချိန်အထိ ထုတ်ပြန်လာ ခြင်း မရှိသေးပေ။

ပစ်ခတ်မှုဖြစ်ပွားရာအနီးရှိ ရဲစခန်း အတွင်းနှင့်အပြင်တွင် CCTV ကင်မရာများတပ်ထား၍ လုံခြုံရေးတင်း ကြပ်ကာ စောင့်ကြည့်မှုများရှိနေသည့်အတွက် မြေပြင်သပိတ်ရဲဘော်များ၊ UG များ လှုပ်ရှားမှုပြုလုပ်မည် ဆိုပါက အထူးဂရုစိုက်ရန်လိုအပ်ကြောင်း သာကေတမြို့ခံတစ်ဦးက သတိပေးထားသည်။ mizzima

ဆားလင်းကြီးမြို့နယ်ရှိ မီးဘေးသင့် နေအိမ် ၁၁ လုံးနှင့် PDF စခန်း ၁ ခုကို မီးဖိုချောင်သုံး ပစ္စည်းများ၊ ဆန်နှင့် ဆီများ လှူဒါန်း

khit thit

ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာအနီးရှိ ကရင်နီတပ်မတော်စခန်း တစ်ခုကို စစ်ကောင်စီတပ်ဖွဲ့က မတ်လ ၁၈ ရက်နေ့တွင် ချဉ်းကပ်လာသည့်အတွက် ထိတွေ့တိုက်ပွဲဖြစ် ပွားရာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း KnMIC က ယနေ့ မတ်လ ၂၀ ရက်တွင် ထုတ်ပြန်သည်။

ကရင်နီတပ်မတော်စခန်းတစ်ခုသို့ စစ်ကောင်စီ၏ ခမရ(၅၁၃)တပ်က ချဉ်းကပ်လာသည့်အတွက် ကရင်နီ ပူးပေါင်းတပ်ဖွဲ့နှင့် တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများက ပြန်လည်ဆုတ်ခွာသွားသဖြင့် ၎င်းတို့ထံမှ လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရမိခဲ့သည်ဟု ကရင် နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့(KnMIC)က ထုတ် ပြန်ထားသည်။

အလားတူ ယမန်နေ့ မတ်လ ၁၉ ရက် နံနက် ၁၀ နာရီအချိန်ကလည်း စစ်ကောင်စီတပ်ဖွဲ့က ကရင်နီ တပ်မတော်အခြေပြုစခန်းအား ဒုတိယအ ကြိမ် ချဉ်းကပ်မှုပြုလုပ်လာရာ မီတာ ၃၀၀ အတွင်းရောက်ရှိစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး မိုင်းနင်းမိ၍ ခြေပြတ်သွားခဲ့ပြီးနောက် ကာကွယ် ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ နှစ်ဦး ထပ်မံဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

ဒရုန်းဖြင့်တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့က ၆၀ မမ၊ ၁၂၀ မမများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော် လည်း ကရင်နီတပ်မတော်သားများ ထိ ခိုက်မှုတစ်စုံတရာမရှိကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာဗဟိုသတင်း ထုတ်ပြန်ရေးအဖွဲ့(KnMIC) ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။mizzima

သံဖြူဇရပ်-ရေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိတိုက်နယ်၊ ဝဲခမိကျေးရွာနှင့် ပျော်သာယာကျေးရွာကြားရှိ သံဖြူဇရပ်-ရေးလမ်းတွင် ကင်းပုန်းတပ်သားများကို အကြိုအပို့လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့၏ ကားနှစ်စီးအား The Revolutionary Force For Justice – TRFFJ အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း TRFFJ တာဝန်ရှိသူထံမှ သိရသည်။

ဝဲခမိတိုက်နယ် သံဖြူဇရပ်-ရေးလမ်းတွင် ယနေ့ မတ်လ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်က အင်အားအပြည့်ပါ သည့် ကားနှစ်စီးအား ရှေ့ထွက်မိုင်းနှစ်လုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ အသေအပျောက်ရှိနိုင် ကြောင်း ဆိုသည်။

“သံဖြူဇရပ်ကားလမ်းတလျှောက် ကင်းပုန်းကြိုပို့လုပ်တဲ့ကားတွေ ဖြစ်တယ်။ အထိအခိုက် မသိရသေးပေ မယ့် ဒေသခံတွေအပြောအရ အသေအပျောက်များတယ်လို့သိရတယ်။ တစ်စီးကို အင်အား ၂၀ လောက် ပါတယ်။ နှစ်စီးလုံး စစ်သားအပြည့်ပါတယ်” ဟု TRFFJ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့ သလို ဝဲခမိကျေးရွာနှင့် ၁၃ မိုင်ခန့်အကွာရှိ ဝဲကလိလေ့ကျင့်ရေးတပ်မှလည်း လက်နက်ကြီးဖြင့် ၁၀ ချက် ခန့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“လမ်းတလျှောက်လုံး ကင်းပုန်းတွေချည်းပဲ။ ကျနော်တို့ ကြားထဲက ခက်ခက်ခဲခဲ ဝင်ရောက်လုပ်တာပါ။ သူတို့ လက်နက်ကြီးပစ်အား အရမ်းများတော့ မိုင်းခွဲပြီး တစ်မိနစ်လောက်ပဲ ပြန်ခံပစ်နိုင်တယ်။ အခုတော့ လုံခြုံတဲ့နေရာရောက်ပါပြီ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဝဲခမိတိုက်နယ်ရှိ ဝဲခမိ၊ ကျုံပသီ၊ ပျော်သာယာ၊ လန်မသာ စသည့် ကျေးရွာများတလျှောက်သို့ စစ်ကောင်စီတပ်ဖွဲ့က အင်အားထပ်မံဖြည့်တင်း ဝင်ရောက်လာကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်ကလည်း သံဖြူဇရပ်မြို့နယ်၊ ကျုံကဒတ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ရဲနှင့်ထွေအုပ်အား တစ်လလျှင် သိန်း ၄၀ အခွန် ပေးဆောင်နေသည့် လောင်း ကစားဝိုင်းတစ်ခုအား အသံမိုင်းနှစ်လုံးဖြင့် သတိပေးဖောက်ခွဲခဲ့သေးကြောင်း သိရသည်။mizzima

ရေစကြိုမြို့နယ်၌ စစ်ကောင်စီသိမ်းပိုက်ထားသည့် တပ်စခန်း ၁ ခုကို PDF ပြန်တိုက်ယူနိုင်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းဒေသမှာရှိတဲ့ Myingan Black Tiger အဖွဲ့ရဲ့ တပ်စခန်းဌာနချုပ်နေရာကို ပြန်လည်သိမ်း ပိုက်နိုင်ပြီလို့  MBT တာဝန်ရှိသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကိုင်းတိုင်း တာတိုင်ကျေးရွာမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီ တပ်မ ၉၉ လက်အောက်ခံ ဘီလူးစစ်ကြောင်းက သိမ်း ပိုက်ထားခဲ့တဲ့ တပ်စခန်းကို မဟာမိတ်တွေနဲ့ ပြန်လည်တိုက်ယူနိုင်ခဲ့တာလို့  MBT တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မတ်လ ၁၆ ရက်မှ ၁၈ ရက်အထိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေအကြား လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အ ပြန်အလှန်တိုက်ပွဲဖြစ်ပွါးပြီး PDF နှစ်ဦး ဒဏ်ရာ ရရှိခဲ့တဲ့အတွက် ဆေးကုသဖို့အတွက် အနီးစပ်ဆုံးနေရာကို ခေါင်းဆောင်ပိုင်းတွေနဲ့ သွားခဲ့တဲ့အချိန်မှာ ပြည်သူ့ကာကွယ်ရေး တပ်စခန်း MBT ဌာနချုပ် ဝင်အစီးခံရတာလို့ဆိုပါတယ်။

“၁၆ ရက်နေ့ကတည်းက ကျနော်တို့နဲ့ အဲဒီဘီလူးစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်နေတာပါ ၁၈ ရက်နေ့မှာ ဒီကောင်တွေ ကျနော်တို့ စခန်းကို ချဥ်းကပ်နေတာကို စတင်သတိထားမိပြီး သွားတိုက်ခဲ့တယ်။ အဲ့မှာ ကျနော်တို့ဘက်က ရဲဘော်နှစ်ဦး ဒဏ်ရာ ရရှိပြီး ပြန်ဆုတ်လာခဲ့တာ ဒဏ်ရာရ ရဲ ဘော်နှစ်ဦးကို ဆေးကုသဖို့ ခေါင်းဆောင်ပိုင်းတွေသွားတုန်းအချိန်မှာ ညဘက် အင်အား ၂ဝဝခန့်နဲ့ စီးနင်းခံရတာပါ ရဲဘော်တွေလည်း ခုခံပြီး ပြန်တိုက်ပေမဲ့ စစ်မှုရေးရာ အမိန့်ပေး ခေါင်းဆောင်မပါတဲ့အတွက် လက်နက်ခဲယမ်းနဲ့အရေးကြီးပစ္စည်းတွေယူဆောင်ပြီး စခန်းစွန့်ခဲ့ရပါတယ်။ မနေ့ကညနေမှာ တခြား မဟာမိတ်တွေအကူအညီနဲ့ စခန်းပြန်တိုက်ပြီး သိမ်းယူနိုင်ခဲ့တယ်” လို့ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ် တပ်မ ၉၉ လက်အောက်ခံ ဘီလူးစစ်ကြောင်းက MBT ဌာနချုပ်ရဲ့ အနောက်ဘက်ကရွာတွေကို ဝင်ရောက်နေပြီး နေအိမ်မီးရှို့ ပစ္စည်းလု ကျေးရွာနေဒေသခံတွေကို ဖမ်းခေါ်သွားတယ်လို့ သိရပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ ပြန်လည်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

MBTတပ်ဖွဲ့က လက်ရှိမှာ ရေစကြို အရာတော် မြောင် စတဲ့ ဒေသတွေက မဟာမိတ်တပ်ပေါင်းစုတွေနဲ့ ပူးပါင်းပြီးပြင်ဆင်မှုတွေပြုလုပ်နေကာ စစ်ရေးအရတင်းမာမှုဖြစ်နေပြီး တိုက်ပွဲတွေဆက်လက်ဖြစ်လာဖို့ အလားအလာ ရှိနေတဲ့အပြင် လက်လုပ် လက်နက်တွေသာရှိတဲ့အတွက် ခဲယမ်းတွေနဲ့ထောက်ပံ့ကူညီမှုတွေလိုအပ်နေတယ်လို့သိရပြီး ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က ရေစကြိုမြို့ပေါ်က ထွေအုပ်ရုံးကိုလဲ အဝေးပစ်လောင်ချာ၊၄ဝမမ စတာတွေနဲ့ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ လတ်တလောသိရပါတယ်။DVB

ကလေးမြို့မှ ဖလမ်းဘက်သို့ တက်လာသည့်စစ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

ချင်းပြည်နယ်၊ ဖလမ်းမြို့အနီးတွင် ကလေးမြို့မှတက်လာသော စစ်ကောင်စီယာဉ်တန်းကို ကြား ဖြတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ထံမှ သိရသည်။

မတ်လ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က ဖလမ်းမြို့နယ် စီ-ဇာမွာလ်နှင့် ကြောင်ဟဲကျေးရွာအနီးတွင် ချင်းပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော်တို့ CNA (ချင်းအမျိုးသားတပ်မတော်)နဲ့ပူးတွဲပြီး မိုင်းဆွဲတာနဲ့ ပစ်ခတ်မှုတွေ လုပ်ခဲ့ပါတယ်။ ထိခိုက်၊ သေဆုံးမှုတွေကိုတော့ မသိရသေးဘူး” ဟု CNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများရှိနိုင်သော် လည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းနှင့် အဆိုပါစစ်ယာဉ်တန်းသည် မတ်လ ၁၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဖလမ်းမြို့သို့ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

စစ်ယာဉ်တန်းသည် ဖလမ်းမှတစ်ဆင့် ဟားခါးမြို့ဘက်သို့ ဆက်လက်ထွက်ခွာနိုင်ခြေရှိသဖြင့် စောင့် ကြည့်လျက်ရှိနေပြီး ဖလမ်း-ဟားခါးလမ်းမကြီးတစ်လျှောက် စစ်ရေးတင်းမာနေကြောင်း CNO/CNDF ကဆိုသည်။

ထို့ကြောင့် တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်၍ CNO/CNDF မှ စာထပ်မံ မထုတ်ပြန်သေးစဉ်အတွင်း မတ်လ ၁၉ ရက်မှစတင်ကာ အဆိုပါလမ်းပိုင်း၌ ခရီးသွားလာခြင်းမပြုသေးကြရန် ပြည်သူများကို သတိပေးထား သည်။

စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၇ ရက်နှင့် ၉ ရက်နေ့များတွင် ကလေးမြို့မှ ချင်းတောင်သို့ သံချပ် ကားနှစ်စီးအပါအဝင် ကုန်တင်ကားအစီး ၃၀၊ တပ်အင်အား ၁၀၀ ကျော်ဖြင့် ထွက်ခွာလာခြင်း ဖြစ်သည်။

လမ်းတလျှောက်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၏ အကြိမ်ကြိမ်တိုက်ခိုက်မှုကြောင့် အကျဆုံး များ၍ အထိနာနေသည်ဟုလည်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။ mizzima

မြင်းခြံတွင် ရဲ ၁၀ ဦး လိုက်ပါလာသည့် အိမ်စီးကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၆ ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ရဲ ၁၀ ဦး လိုက်ပါလာသည့် အိမ်စီးကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ရဲ ၆ ဦးသေဆုံးခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာဘက်မှ မြင်းခြံမြို့ဘက်သို့ မောင်းနှင်လာသည့် ရဲ ၁၀ ဦးလိုက်ပါလာသော အိမ်စီးကား ၁ စီးကို ထိန်ပင်ရွာထိပ် အရောက်၌ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) က ပဒေသာမိုင်း ၁၅ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့သောကြောင့် ရဲ ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“နဘူးအိုင်ဘက်ကနေ မြင်းခြံမြို့ကို မောင်းနှင်လာတဲ့ ရဲခွေး ၁၀ ကောင်ပါတဲ့ အိမ်စီးကား ၁ စီးကို ထိန်ပင်ရွာထိပ်အရောက်မှာ ပဒေသာမိုင်း ၁၅ နဲ့ မိုင်းဆွဲ တိုက်ခိုက်တာ ၆ ကောင်ထပ် မနည်းသေဆုံးတယ်” ဟု နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။khit thit

မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တွင် ရဲစခန်း၊ မြို့ဝင်ဂိတ်နှင့် ပျူစောထီးစခန်းများ တိုက်ခိုက်ခံရ

မကွေးတိုင်း မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်မှာ မတ်လ ၁၈ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ မြို့မရဲစခန်း၊ မြို့ဝင်ဂိတ်၊ ဇီးပြားရဲစခန်းနဲ့ ပျူစောထီးစခန်းတွေတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ မြိုင် ပကဖ ကနေသိရပါတယ်။

မြိုင်မြို့မရဲစခန်းနဲ့ မြို့ဝင်ဂိတ်တွေကို မတ်လ ၁၈ ရက် ညနေ ၄ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက Shar Htoo Wow ဒရုန်းနည်းပညာနဲ့ပြုလုပ်ထားတဲ့ Fixed Wing Drone တွေနဲ့တိုက်ခိုက်ခဲ့ကြတာလို့ မြိုင်ပကဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်ဟာ အပြစ်မဲ့ခရီးသွားပြည်သူတွေကို စစ်ဆေးဖမ်းဆီးပြီး  မတရား ငွေညှစ်တာတွေပြုလုပ်နေလို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ ဆိုပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ဗိုလ်လက်ယာက ပြောပါတယ်။

ပေါက်မြို့နယ် ဇီးပြားရဲစခန်းနဲ့ ၂ ဖာလုံလောက်အကွာမှာရှိတဲ့ သရော်ကိုင်း ပျူစောထီးရွာကို ဒီနေ့ မတ်လ ၂၀ ရက် မနက် ၅ နာရီ မိနစ် ၄၀ အချိန်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

ဇီးပြားရဲစခန်းနဲ့ ပျူစောထီးရွာကို ချည်းကပ်ခဲ့ပေမဲ့ လမ်းပိုင်းတွေကို ဖျက်ဆီးပြီး ခံစစ်ကို အသေချာပြင်ဆင်ထားတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သူရှိနိုင်ပြီး အနီးကပ်တိုက်ခိုက်တဲ့အချိန်မှာ PDF ဘက်က ရဲဘော် ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

ချောင်းကူးရွာဘက်က စစ်ကောင်စီတပ်ကလည်း ၁၂၀မမ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ကူပေးသလို ပေါက်မြို့ကနေ ကား ၅ စီးနဲ့ စစ်ကူတွေလိုက်လာလို့ မနက် ၉ နာရီ ၁၀ မိနစ်လောက်မှာ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB

« Older Entries