စစ်ကောင်စီတပ်အထိုင်ချရာ ဘုရင့်နောင်တပ်မြို့ကို ရှော့တိုက်ဒုံးဖြင့် KNLA တိုက်ခိုက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့ ၁၃ မိုင်အနီးရှိ စစ်ကောင်စီတပ် အထိုင်ချ ရာ ဘုရင့်နောင်တပ်မြို့အား KNLA တပ်မဟာ (၂) တပ်ဖွဲ့ဝင်များက ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း သံတောင်မြို့ဒေသခံက မဇ္ဈိမကို ပြောသည်။

ဘုရင့်နောင်တပ်မြို့သည် စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်ရေးစခန်း၊ စစ်တပ် အထိုင်ချရာ မြို့တစ်ခု ဖြစ်ပြီး မတ်လ ၁၇ ရက်နေ့ နံနက် ၈ နာရီတွင် နှစ်ကြိမ်၊ ညနေ ၃ နာရီတွင် တစ်ကြိမ် ရှော့တိုက်ဒုံးအမျိုး အစားဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဘုရင့်နောင်တပ်မြို့ကို တပ်မဟာ(၂) တပ်ရင်း(၅)နဲ့ တပ်ရင်း(၄) သွားရောက် တိုက်ခဲ့တယ်၊ ထိခိုက်ပျက် စီးတာကတော့ လေ့ကျင့်ရေးနား ကျသွားတယ်၊ နောက်ပြီး တာဝါတိုင်နားကိုလည်း ကျတယ်၊ ပြီးသွား တော့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာရှိတယ်၊ လက် ဖက်ခြံတွေနားကျတယ်” ဟု အမည်မဖော်လိုသော သံတောင်မြို့ခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။

မဇ္ဈိမ၏ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးကလည်း “KNLA ဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးက တပ် မြို့ထဲက ဆေးရုံနဲ့ ရင်ခွဲရုံကြားကျတယ်၊ လူမထိဘူး၊ စစ်ကောင်စီဘက်က ပြန်ပစ်တာတွေ ရှိပါတယ်” ဟု ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် နီးစပ်ရာများသို့ ပြန်လည် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ရာ သံ တောင်မြို့ ၁၃ မိုင်အနီးရှိ လက်ဖက်ခြံများပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ ကြောင်း သိရသည်။

သံတောင်မြို့နယ်ရှိ ဘုရင့်နောင်တပ်မြို့သည် အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် တိုက်ခိုက်ခံရ ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ကလည်း သံတောင်ကြီးမြို့ ၁၆ မိုင်ရှိ ရေပူစမ်းစစ်ကောင်စီစခန်းအား တပ်မဟာ (၂) KNLA ၊ ALPHA ONE Drone အဖွဲ့နှင့် PDF များပါဝင်သော ပူးပေါင်းစစ်ကြောင်းက သွား ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိပိုင်းအပါအဝင် ငါးဦးထက်မနည်း သေဆုံးခဲ့သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s