ပခုက္ကူခရိုင် PDF စခန်း ၁ ခုကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီး အင် အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်စီးနင်း၊ ရဲဘော်များ ဘေးကင်းပြီး ငွေကျပ် သိန်း ၈၀၀ ကျော်ဖိုး စခန်းတွင် ပျက်စီးဆုံးရှုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ပခုက္ကူခရိုင် PDF ၏ စခန်း ၁ ခုကို စစ်တပ်က MI 35 ရဟတ်ယာဥ် ၁ စီး၊ မြေပြင် အင်အား ၁၀၀ ကျော်တို့ဖြင့် တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးသွားကြောင်း ပခုက္ကူခရိုင် တပ်ရင်း ၁၄ တပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၇ ရက်နေ့ ပေါက်မြို့နယ် မြောက်ပိုင်းရှိ ပခုက္ကူခရိုင် တပ်ရင်း ၁၄ တပ် ခွဲ ၂ (Black Guerrilla Force) ၏ တပ်စခန်းကို အကြမ်းဖက် စစ်တပ်က MI 35 ရဟတ်ယာဥ် ၁ စီးဖြင့် ပစ်ခတ်ကာ မြေပြင် အင်အား ၁၀၀ ကျော်ဖြင့် စစ် ကြောင်း ထိုး စီးနင်းခဲ့ပြီး မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

” ၁၇ ရက်နေ့က စခန်းကို စစ်ခွေးတွေ ‌ဝင်စီးလို့ပါ။ လေကြောင်းရော မြေပြင်ပါ ဝင်တာပါ။ မြေပြင်က စစ်ခွေး အင်အား ၁၀၀ ကျော်တယ်။ လူထိခိုက် တာတော့မရှိပါဘူးဗျ။ စခန်းတစ်ခုလုံးတော့ ရစရာမရှိအောင် မီးရှို့သွားပါတယ်။ ကျနော်တို့ ကင်းတွေက စစ်ခွေးတွေကို တွေ့တာစောသွားလို့ လွတ်တာပါ။ ဆုံးရှုံးမှုကတော့ ကျပ်သိန်း ၈၀၀ လောက်ရှိတယ်” ဟု ပခုက္ကူခရိုင် တပ်ရင်း ၁၄ တပ်ခွဲ ၂ က တာဝန်ရှိသူ တစ်ဦးကပြော ဆိုသည်။

စစ်တပ် စစ်ကြောင်း မီးရှို့ဖျက်ဆီးမှုကြောင့် ပခုက္ကူခရိုင် တပ်ရင်း ၁၄ တပ်ခွဲ ၂ က ကိုယ်တိုင် ထုတ်လုပ်နေသည့် လက်နက်ကြီး ထိပ်ဖူး ၅၀၀ ကျော်နှင့် လောင်ချာ ထိပ်ဖူးများပါ ပျက်စီးဆုံးရှုံးခဲ့​ကြောင်း သိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s