မင်းအောင်လှိုင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိနေချိန် နမခတပ်အတွင်းသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်၊ စစ် တပ်က ဓာတ်ငွေ့ဗုံးဖြင့် ပြန်ပစ်ခတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တပ်သို့ မင်း အောင် လှိုင် ရောက်ရှိနေချိန် လက် နက် ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ် တပ် က ဓာတုအဆိပ်လက်နက်ဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း မုံရွာ ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) မှ တပ်ရင်း ၂/၃/၄ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မင်းအောင်လှိုင်သည် မတ်လ ၁၉ ရက်နေ့ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ် ဌာန ချုပ် (နမခ) သို့ ရောက်ရှိပြီး စစ် တပ် အတွင်း စည်ရုံးဟောပြောမှုများ လုပ် ဆောင်ခဲ့သည်။

ယမန်နေ့ မတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် မင်းအောင်လှိုင် အ နောက် မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တွင် ရောက်ရှိနေချိန် PDF တပ်များက လက် နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၈ လုံးပစ်ခတ်နိုင်ခဲ့ပြီး ၅ လုံးမှာ စစ်တပ်စခန်းဂိတ်များပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ အကြမ်း ဖက် စစ်တပ်က ဓာတု ဓာတ်ငွေ့ လက်နက် ၂ လုံးဖြင့် ပြန်လည် ပစ်ခတ် တိုက် ခိုက် ခဲ့ကြောင်း သိရသည်။

“လက်နက်ကြီး ကျည်ကျလာပြီးတော့ Gas ထွက်တာ၊ စိမ်းရွှေရွှေအနံ့ပဲ၊ အရင် တစ်ခါ ခံရဖူးတယ်၊ အဲဒီ တုန်းကဆိုရင် တစ်ယောက်ကျသွားတာ၊ လူကို မူးဝေ အော့ အန် ပြီး ဒဏ်ရာရတာတွေကို မသယ်နိုင်တာ၊ အဲဒါကြောင့် အခုတော့ သိ သိချင်း အမြန်ပြန်ဆုတ်လာခဲ့လိုက်တာ” ဟု မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မ တော် (Chindwin Attack Force )မှ တပ်ရင်း ၂/၃/၄ သတင်းနှင့် ပြန် ကြား ရေးတာဝန်ခံက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း ၂၊ တပ်ခွဲ ၄ ၊ Fight For People –FFP PDF မှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် များအထိအခိုက်မရှိပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s