လိုင်ဇာရှိ အကြီးဆုံး ဂျေယန်စစ်ရှောင်စခန်း မီးလောင်၊ KIA ဒုဗိုလ်ချုပ်ကြီး ဂွန်မော် လာရောက်ကြည့်ရှု့

KIO/ KIA ထိန်းချုပ်နယ်မြေရှိ နယ်စပ်စစ်ဘေးရှောင်စခန်းဖြစ်သော ဂျေယန်စစ်ရှောင်စခန်း၌ မတ်လ ၁၉ ရက်နေ့ညနေပိုင်းတွင် မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၃၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ကေအိုင်အို သတင်းရင်း မြစ်က မဇ္ဈိမကို ပြောသည်။
ဂျေယန်စစ်ရှောင်စခန်း၊ ရပ်ကွက် (၆)/B တွင် မတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် လျှပ်စစ်ဝါယာရှော့ကြောင့် စစ်ရှောင်စခန်း နေအိမ်များ မီလောင် ပျက်စီးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းသွားသော ဂျေယန်စစ်ရှောင်စခန်းကို မတ်လ ၁၉ ရက်နေ့ ညနေပိုင်းတွင် KIA ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော် အစောင့်အ ရှောက်မပါဘဲ ချက်ချင်း လာရောက်ကြည့်ရှု့ခဲ့သည်ဟု ဒေသခံများက ပြောသည်။
လက်ရှိတွင် မီးဘေးသင့် နေအိမ် ၃၅ ဆောင်မှ လူဦးရေ ၁၇၇ ဦးကို ဂျေယန်စစ်ရှောင် စာသင်ကျောင်းတွင် ယာယီနေရာချပေးထားကြောင်း သိရသည်။mizzima