Monthly Archives: Mar 2023

မြင်းခြံတွင် ရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသော ကားအား မိုင်းဆွဲတိုက်ခိုက်၊ ၆ ဦးထက်မနည်းသေဆုံးနိုင်ဟုဆို

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာမှ မောင်းနှင်လာသော ရဲတပ်ဖွဲ့ဝင်များလိုက်ပါစီးနင်းလာသည့် ကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ရာ ခြောက်ဦးထက်မနည်း သေဆုံးနိုင်ကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် အဖွဲ့ထံမှ သိရသည်။

“ကားက နောက်ပိုင်းတွေအကုန်လုံး စုတ်ပြတ်သတ်သွားတာခင်ဗျ။ ခြောက်ယောက်သေတယ်ဆိုတာမှာ ငါးကောင်ရဲ့အလောင်းတွေကတော့ မိတ္ထိလာစစ်ဆေးရုံကိုပို့လိုက်တယ်။ ကျန်တဲ့တစ်ကောင်ကလည်း သေမှာလို့ တပ်တွင်းသတင်းကနေ ဖရဲသီးက ပို့ပေးလာတာပါခင်ဗျ။” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံ မှ တာဝန်ခံတစ်ဦးက မဇ္ဈိမ ကို ပြောသည်။

တိုက်ခိုက်မှုကို မတ်လ ၁၉ ရက် နေ့လယ် ၃ နာရီအချိန်က ထိန်ပန်းရွာထိပ်အရောက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ နှစ်ဆင့်ကွဲ ပဒေသာမိုင်း ၁၅ လုံး မိုင်းဆွဲကာ ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်ပါ ကားတစ်စီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

နဂါးနီပြောက်ကျားတပ်ဖွဲ့- မြင်းခြံ ကို ၂၀၂၂ ခုနှစ် မေလ ၂၅ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ကြောင်း သိရပြီး ယခင်က အဖွဲ့အစည်းတစ်ခုတွင် တော်လှန်ရေး ကာလအစပိုင်းမှစ၍ တာဝန်ထမ်းဆောင်ခဲ့ကာ အခြေအနေအကြောင်းကြောင်းကြောင့် ခွဲထွက်လာရခြင်းဖြစ်ကြောင်း တာဝန်ခံက ပြောသည်။

ယခုဖွဲ့စည်းထားသော အဖွဲ့အနေဖြင့် နှစ်ဆင့်မိုင်းဆွဲခဲ့သည့် တိုက်ပွဲပေါင်း ၁၀ ကြိမ် ပြုလုပ်ခဲ့ဖူးပြီး အခြားသော ပျူစောထီးများ၊ ဂိတ်စောင့် တပ်သားများအား ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသည်များလည်းရှိကြောင်း သိရသည်။mizzima

လောင်းလုံးတွင် အောက်ကျောက်ဝပ် ကျေးရွာသား ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး ရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အောက်ကျောက်ဝပ် ကျေးရွာသား ၁ ဦးကို ပစ်သတ်ပြီး ရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့​​ကြောင်း LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ညောပြင်ရွာနှင့် အောက်ကျောက်ဝပ်ရွာတို့ကို ရေကြောင်းနှင့် ကုန်းကြောင်းတို့ဖြင့် စစ်ကြောင်းထိုး စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် အောက်ကျောက်ဝပ် ကျေးရွာသား ကိုအောင်မင်းစိုးကိုလည်း စစ်တပ်က ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရသည်။

” ပျက်စီးဆုံးရှုံးမှုတော့ အတည်မပြုနိုင်သေးဘူး။ ညောပြင်ရွာကတော့ ရွာလုံးကျွတ် ပြာကျသွားတယ်လို့တော့ သိရတယ်။ အောက်ကျောက်ဝပ်ရွာ အခြေအနေတော့ မသိရသေးဘူး။ စစ်ခွေးတွေက အောက်ကျောက်ဝပ်ရွာသား ၁ ဦးကို ပစ်သတ်သွားတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ LLPDFမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။khit thit

စစ်ကောင်စီ တပ်မ ၄၄ ဌာနချုပ် တိုက်ခိုက်ခံရ၊ကျိုက်ထိုနှင့် ဘီးလင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီ တပ်မ ၄၄ ဌာနချုပ်ကို ဒီနေ့ မတ် ၂၁ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ဒရုန်းနဲ့ သွား ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကေအန်ယူ သထုံခရိုင် မိက်ဘက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ်ဝင်းအတွင်းရှိ ဌာနချုပ်ရုံးနဲ့ တပ်မမှူးနေအိမ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံး ၈ လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုမှာ ဗုံး ၃ လုံးဟာ ဌာနချုပ်ရုံးနဲ့ တပ်မမှူးနေအိမ်အပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးမှု အခြေအနေကို ဆက်လက်စုံစမ်းနေတယ်လို့ KNU သထုံခရိုင် မိက်ဘက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ပြောပါတယ်။

ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ကရင်အမျိုးသားအစည်းရုံး တပ်မဟာ-၁ နယ်မြေ ကျိုက်ထိုမြို့နယ် ငှက်ပျောတောကျေးရွာနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး နေ့လယ် ၂ နာရီခွဲလောက်မှ ပစ်ခတ်မှု ရပ်နားသွားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ်ကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့တဲ့အတွက် ကျိုက်ထို-ကင်းမွန်ချောင်းကားလမ်း ပိတ်ဆို့နေသလို နေ့လယ် ၃ နာရီအထိ သွားလာလို့ မရသေးဘူးလို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၆ ရက်ကလည်း မော်လမြိုင်အခြေစိုက် စစ်ကောင်စီ စစ်ဌာနချုပ်တခုဖြစ်တဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် အဆောက်အဦတလုံး ထိခိုက်ပျက်စီးထားပါတယ်။

မတ်၂၀ ရက် ည ၇ နာရီ ၁၅ မိနစ်မှာ ကျိုက်ထိုမြို့နယ်၊ ဘီလင်းသံတားဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်က မတ်၂၀ ရက် ည ၇ နာရီ ၁၅ မိနစ်မှာ လက်နက်ကြီး  ပစ်ခတ်ခဲ့တာကြောင့် ကရဝေးဆိပ်ကျေးရွာ အလယ်အပိုင်းမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည်ဟာ ဦးအောင်လွင် နေအိမ်ပေါ်ကို ကျရောက်ထိမှန်ခဲ့ပြီး လက်နက်ကျည်ဆန် ထိမှန်ခဲ့တဲ့ ဦးကုလားမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဦးအောင်လွင်က ဒဏ်ရာရရှိကာ ဘီးလင်းဆေးရုံ ကို ပို့ဆောင်စဥ် လမ်းမှာ သေဆုံးခဲ့ရသလို သူ့ရဲ့အမျိုးသမီးကိုယ်ဝန်သည်မှာလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြေမွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ဘီလင်းသံတားဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်က မတ်၂၀ ရက် ည ၇ နာရီ ၁၅ မိနစ်မှာ လက်နက်ကြီး  ပစ်ခတ်ခဲ့တာကြောင့် ကရဝေးဆိပ်ကျေးရွာ အလယ်အပိုင်းမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည်ဟာ ဦးအောင်လွင် နေအိမ်ပေါ်ကို ကျရောက်ထိမှန်ခဲ့ပြီး လက်နက်ကျည်ဆန် ထိမှန်ခဲ့တဲ့ ဦးကုလားမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဦးအောင်လွင်က ဒဏ်ရာရရှိကာ ဘီးလင်းဆေးရုံ ကို ပို့ဆောင်စဥ်လမ်းမှာ သေဆုံးခဲ့ရသလို သူ့ရဲ့အမျိုးသမီးကိုယ်ဝန်သည်မှာလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကရဝိတ်ဆိပ်၊ ငှက်ပျောတော၊ ဇီးကုန်းရွာနဲ့အနီးအနားက ရွာတွေက ဒေသခံ ၁၀၀၀ ကျော် ထွက် ပြေး နေရတယ်လို့ ဆိုပါတယ်။

ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ မကြာခဏ တိုက်ပွဲဖြစ် ပွားနေတာကြောင့် ကရဝိတ်ဆိပ်၊ ငှက်ပျောတော၊ ဇီးကုန်းရွာနဲ့အနီးအနားက ရွာတွေက ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ မကြာခဏ တိုက်ပွဲဖြစ် ပွားနေတာပါ။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာတော့ ကရဝေးဆိပ်ကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ သထုံခရိုင် PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ သံတံတားစစ်ဆေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က မနေ့ မတ် ၂၀ ရက်နေ့ မနက် ၁၀ နာရီမှာ တစ်ကြိမ်၊ ညနေ ၆ နာရီမှာ တစ်ကြိမ် ဒရုန်းနဲ့ နှစ်ကြိမ် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုပြီးနောက် ဘီးလင်းမြို့နယ် အခြေစိုက် စစ်ကောင်စီ အမှတ် ၃၁၀ အမြောက်တပ်ရင်းကနေ ကရဝေးဆိပ်ကျေးရွာထဲကို လက် နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာပါ။

လက်နက်ကြီးကျည်ဟာ ကရဝေးဆိပ်ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် ၅၄ နှစ်အရွယ် ဦးကုလား ပွဲချင်းပြီး သေ ဆုံးခဲ့သလို အသက် ၃၅ နှစ်အရွယ် ဦးအောင်လွင်မှာလည်း လက်နက်ကြီးဒဏ်ရာကြောင့် ဘီးလင်းဆေးရုံကနေ ရန်ကုန်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းမှာပဲ သေဆုံးသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ ဦးကုလားရဲ့ အသက် ၅၂ နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်ပိုမှာလည်း လက်နက်ကြီးကျည် နဖူးရှပ်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အတွက် ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်းထားတယ်လို့ သိရပါတယ်။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ စစ်ကောင်စီတပ်ဟာ သူတို့ တပ်စခန်းတွေ တိုက်ခိုက်ခံရတိုင်း အရပ်သားပြည်သူတွေ နေ ထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာလို့ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၈ ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ဘီးလင်းမြို့နယ် အဝန်းကြီးကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၅ နှစ်အရွယ် မောင်သကြား ကျည်ထိမှန်သေဆုံးထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်ထဲမှာတော့ စစ်ကောင်စီတပ်ဟာ ၂၀၂၃ နှစ်ဆန်းပိုင်းကစပြီး စစ်ကြောင်းထိုးတာ မရှိတော့ပေမယ့် ကျေးရွာတွေထဲကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေတာပါ။ DVB

ထီးလင်းနယ်အတွင်း ဖြတ်သန်းသွားသော စစ်ကောင်စီတပ်ယာဉ်တန်းက ဒေသခံ ၆ ဦးကို သတ်ဖြတ်သွား

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်အင်အား ၂၀၀ ကျော်ပါဝင်သော စစ်ကောင်စီတပ်ယာဉ်တန်းသည် ထီးလင်း-ဆေးမင်းတောလမ်းပိုင်းကို ဖြတ်သန်းနေစဉ်အတွင်း ဒေသခံပြည်သူ ခြောက်ဦးကို သတ်ဖြတ်သွားကြောင်း Yaw Revolutionary Army – Htilin အဖွဲ့က ယနေ့ မတ်လ ၂၁ ရက်နေ့တွင် မဇ္ဈိမကို ပြောသည်။

မတ်လ ၁၅ ရက်နေ့တွင် ထီးလင်းမြို့နယ်သို့ ဖြတ်သန်းလာသော စစ်ကား ၃၂ စီးပါ စစ်ကောင်စီယဉ်တန်းသည် ကားလမ်းဘေး ကျေးရွာများဖြစ်သော ရွှေခုံတိုင်ကျေးရွာမှ ဒေသခံတစ်ဦး၊ ထိန်တိုင်းကျေးရွာမှ ဒေသခံ နှစ်ဦးနှင့် ဆေးမင်းတောကျေးရွာမှ ဒေသခံ သုံးဦး စုစုပေါင်း ခြောက်ဦးတို့ကို အကြောင်းမဲ့ သတ်ဖြတ်သွားခြင်းဟု YRA- ထီးလင်း တာဝန်ရှိသူ သခင်ဇော်က ပြောသည်။

“ထိန်တိုင်းကျေးရွာက တစ်ဦးကတော့ သေနတ်ဒဏ်ရာနဲ့ သေနေတယ်၊ နောက် တစ်ဦးကကျတော့ နောက်ကြောကနေ ဓါးဒဏ်ရာနဲ့ပါဗျ၊ သူ့ကို ဓားနဲ့ထိုးသတ်လိုက်တာပေါ့ဗျ။ ရွှေခုံတိုင်ကျေးရွာမှာ အဖွားတစ်ယောက်ကျတော့ အိမ်ပေါ်မှာ မီးတင်ရှို့ခံရတာပေါ့နော်၊ နောက်ကျန်တဲ့ရွာတွေမှာတော့ စစ်ကြောင်း ထွက်သွားတဲ့အခါမှာ နယ်မြေရှင်းလင်းရေး လုပ်တဲ့အခါမှာ တွေ့ရတာဗျ” ဟု သခင်ဇော်က မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်ယာဉ်တန်းသည် မတ်လ ၁၅ ရက်နေ့တွင် ထီးလင်းမြို့နယ်၊ ရွှေခုံတိုင်ကျေးမှ လူနေအိမ် ရှစ်လုံးအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်တွင် ကျန်ရစ်ခဲ့သော အသက် ၈၀ကျော်အရွယ်ရှိ မျက်စိမမြင်သူ ဒေါ်ခင်ပုသည် မီးထဲပါ သေဆုံးသွားကြောင်း ဆိုသည်။

မတ်လ ၁၆ ရက်နေ့တွင် ထိန်တိုင်းကျေးရွာမှ အသက် ၇၀ ကျော်အရွယ်ရှိ ဦးကားကျော်သည်လည်း တောင်သူအလုပ်မှ နေအိမ်သို့ပြန်လာစဉ် စစ်ကောင်စီ တပ်သားများနှင့်တွေ့၍ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။

အလားတူ ထိန်တိုင်းကျေးရွာက အသက် ၅၅ နှစ်ခန့်ရှိ စိတ်ကျန်းမာရေး မကောင်းသူ ဦးသန်းထွေးသည်လည်း စစ်ကြောင်းနှင့်တိုး၍ သတ် ဖြတ်ခြင်းခံရကြောင်း သိရသည်။

စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၁၈ ရက်နေ့တွင် ဆေးမင်းတော ကျေးရွာကို ရောက်လာပြီး စိတ်ကျန်းမာရေးမကောင်းသူ အသက် ၄၀ အရွယ် ဦးသန်းမင်းအောင်နှင့် ဦးဘိုတင်တို့ကိုလည်း သတ်ဖြတ်သွားကြောင်း YRA ထီးလင်းက မတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဦးဘိုတင်သည် စစ်ကြောင်းရောက်လာချိန်တွင် ဆေးမင်းတောကျေးရွာထဲ၌ ကျန်ရစ်ခဲ့ပြီး စစ်ကောင်စီတပ်များ ဆေးမင်းတောကျေးရွာမှ ထွက်သွားချိန်တွင် သစ်ပင်နှင့်တွဲချည်၍ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ထားသည်ကို တွေ့ရှိရကြောင်း သခင်ဇော်က ပြောသည်။

ထီးလင်းမြို့နယ်မှ စစ်ကောင်စီတပ်စစ်ကြောင်းထွက်သွားပြီးနောက် နယ်မြေရှင်း လင်းရေးလုပ်ပြီး သေဆုံးသူစာရင်းနှင့် လူပျောက်စာရင်း တိုက်ကြည့်ရာတွင် ဆေးမင်းတောကျေးရွာမှ ဆယ်တန်းကျောင်းသား ပျောက်ဆုံးနေသည်ကို သိရသည်ဟု ဆိုသည်။

ယင်းနောက် လိုက်လံရှာဖွေရာတွင် ဆယ်တန်းကျောင်းသားသည် လက်ပြန်ကြိုးတုပ်လျှက် သေနတ်ဒဏ်ရာဖြင့် သတ်ဖြတ်ခြင်းခံထားရသည်ကို စစ်ကောင်စီတပ် ယာဉ်တန်းလာရာလမ်း နှင့် ခြောက်မိုင်ခန့်အကွာ တောလမ်းတစ်နေရာ၌တွေ့ရှိခဲ့ရကြောင်း ပြောသည်။

၎င်းဆယ်တန်းကျောင်းသား၏ ရုပ်အလောင်းကို စစ်ယာဉ်တန်းလမ်းကြောင်းနှင့် သွေဖယ်နေသော နေရာတွင် တွေ့ရှိခြင်းဖြစ်၍ စစ်ကောင်စီတပ်သားများ၏ လက်ချက် ဟုတ်မဟုတ်ကို စုံစမ်းနေကြောင်း YRA ထီးလင်းက ပြောသည်။

“စစ်ကောင်စီက သတ်ဖြတ်တယ်ဆိုလို့ရှိရင် ဆယ်တန်းကျောင်းသား အလောင်းဟာ ၆ မိုင်လောက်ဝေးတဲ့နေရာကို သွားပြီးလုပ်တယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ ကျတော်တို့ဒီလို သုံးသပ်တယ်ဗျ” သခင်ဇော်က ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်းနှင့် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တို့အကြား မတ်လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ နှစ်ဘက်တိုက်ပွဲများလည်း ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အထိနာမှုများ ရှိခဲ့ကြောင်း ဆိုသည်။

ယင်းတိုက်ပွဲအတွင်း YRA ထီးလင်း၏ တပ်ခွဲမှူး ကျော်မင်းလွင်သည် တိုက်ပွဲ၌ ကျဆုံးခဲ့ပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရ (အသက်အန္တရာယ်မစိုးရိမ်ရ)ရှိခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီတပ်ဘက်က ပစ်တဲ့လက်နက်ကြီးက ကျတော်တို့ တပ်ဖွဲ့ဝင်တွေကြားထဲမှာ ကျတယ်ဗျ၊ အဲမှာ ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်သုံးယောက်လည်း ရှိတယ်။ အဲမှာ တပ်ခွဲမှူးက လက်နက်ကြီးကျတဲ့အခါ ဒူးကျိုးသွားတယ်၊ ဒူးကျိုးသွားတဲ့အခါမှာ နောက်မဆုတ်နိုင်တော့ဘူး၊ နောက်မဆုတ်နိုင်တဲ့အခါမှာ ရဲဘော်တွေကို တပ်ဆုတ်ခိုင်းပြီး သူကနေ ကာပစ် ပစ်ပြီးတော့ အသေခံသွားတာဖြစ်တယ်” ဟု သခင်ဇော်က ဆက်ပြော သည်။

အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်းအနက် ကားနှစ်စီးသည် ယနေ့ မတ်လ ၂၁ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်၊ မင်းရွာသို့ ရောက်ရှိနေပြီး ကျန်ယာဉ် များနှင့် စစ်ရေးပွိုင့်များမှာ ဂန့်ဂေါမြို့နယ် မောလယ်ကျေးရွာအနီးတစ်ဝိုက်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

မြန်မာပြည်အလယ်ပိုင်းဒေသ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့အကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေပြီး ထိုဒေသများတွင် စစ်ကောင်စီတပ်ဘက်က ကျူးလွန်နေသော လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများလည်း မကြာ ခဏ ပေါ်ပေါက်နေသည်။mizzima

မင်းအောင်လှိုင် မြှောက်စားမှုနဲ့ အချမ်းသာဆုံး ထိပ်တန်း ခရိုနီဖြစ်လာတဲ့ 24 hours ကုမ္ပဏီ ပိုင်ရှင် အောင်အောင်ဇော်

အကြမ်းဖက် မင်းအောင်လှိုင် အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော်ကာလအတွင်းမှာ မြန်မာ့စီးပွားရေး လုပ်ပိုင်ခွင့်တွေဟာ စစ်တပ်နဲ့ ကြည်ဖြူ အဆင်ပြေသူတွေ လက်ထဲကို အလုံးအရင်းနဲ့ကို ရောက်ရှိနေပါတယ်။ ထိပ်တန်း အချမ်းသာဆုံးပုဂ္ဂိုလ်က မင်းအောင်လှိုင်နဲ့ အောင်ပြည့်စုံတို့ သားအဖ ဖြစ်ပြီး အဲဒီနောက်မှာတော့ ခရိုနီလက်သစ်တွေ တဖြည်းဖြည်း ပေါ်လာနေပါတယ်။

ဒီအထဲမှာ 24 Hours ကုမ္ပဏီပိုင်ရှင်ဖြစ်လာတဲ့ အောင်အောင်ဇော် လည်း အပါအဝင်ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ 24 Hours ကုမ္ပဏီကို စတင်ထူထောင်ခဲ့ပါတယ်။ အဲဒီအချိန်က အာဏာရှင် သန်းရွှေ စစ်တပ်ကြီးစိုးနေတဲ့ ကာလဖြစ်ပြီး စစ်တပ်နဲ့နီးစပ်သူတွေ အကူအညီနဲ့ပဲ အိမ်ခြံမြေလုပ်ငန်း၊ သတ္တုမိုင်းတူးဖော်ရေးအတွက် သုတေသနနဲ့စစ်တမ်း လုပ်ပေးခြင်း ဝန်ဆောင်မှုတွေနဲ့ လုပ်ငန်းစတင်ခဲ့တာပါ။

စတင်လုပ်ကိုင်ချိန်ကတည်းက သယံဇာတ တူးဖော်ရေးလုပ်ငန်းတွေမှာ လုပ်ပိုင်ခွင့်တွေ အဓိက အကြီးအကျယ်လုပ်ကိုင်ခဲ့တာမို့ စစ်တပ်ရဲ့ ပံ့ပိုးမှု လုပ်ခွင့်ပေးမှုတွေကြောင့် ဒီလုပ်ငန်းတွေရရှိခဲ့တာဖြစ်ပါတယ်။

သူကုမ္ပဏီရဲ့မှတ်တမ်းတွေနဲ့ ထင်သာမြင်သာ ဖြစ်မှုတွေကို ကြည့်ရင် အချိန်တိုကာလတစ်ခုအတွင်းမှာ လုပ်ငန်းတွေဟာ တရှိန်ထိုးကြီးပွားနေတာ မြင်ရပါတယ်။ ၂၀၀၅ ခုနှစ် ကျောက်မီးသွေး၊ ရွှေနဲ့ ခဲမဖြူ အဖြိုက်နက် တူးဖော်ရေး လုပ်ငန်းတွေ အများအပြား လုပ်ပိုင်ခွင့်ရရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ဆီအုန်းစိုက်ပျိုးဧက ၅၀၀၀ နဲ့ တနင်္သာရီ တိုင်းမှာ ဆီအုန်းစိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းကို စတင်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၆၀ ထုတ်လုပ်မယ့် လျှပ်စစ်ထုတ်လုပ်ရေး ပရောဂျက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ MAIနဲ့ KBZ လုပ်ငန်းထဲ ဝင်ရောက် ရင်းနှီးမြှုပ်ခဲ့ပါတယ်။

စစ်တွေမှာ ကစ္စပနဒီကမ်းခြေအိမ်ရာစီမံကိန်း၊ လမ်းစီမံကိန်း၊ ဘိလပ်မြေစီမံစက်ရုံစီမံကိန်း ၊ ဟဲဟိုး အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းတွေကို ဆက်လက်လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။

မင်းအောင်လှိုင် အာဏာသိမ်းယူပြီးချိန်မှာတော့ 24 နာရီ လေယာဉ်ဆီ၊ စက်သုံးဆီ၊ ဒီဇယ်ဆီ ဖြန့်ဖြူးရောင်းချရေး ကုမ္ပဏီကို ထူထောင်ခဲ့ပြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်တွေမှာ အမြဲလိုလို လိုက်ပါသွားလေ့ရှိပါတယ်။

သူလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို တစ်ခုချင်းစီအလိုက် ခွဲခြမ်းကြည့်ရအောင်ပါ။

လောင်စာဆီနှင့်စွမ်းအင်ကဏ္ဍ

==================

မင်းအောင်လှိုင် အာဏာသိမ်းယူပြီးချိန်မှာတော့ အောင်အောင်ဇော်က 24 နာရီ လေယာဉ်ဆီ၊ စက်သုံးဆီ၊ ဒီဇယ်ဆီ ဖြန့်ဖြူးရောင်းချရေး ကုမ္ပဏီ( 24 Petroleum Limited)ကို ထူထောင်ခဲ့ပြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်တွေမှာ အမြဲလိုလို လိုက်ပါသွားလေ့ရှိတယ်လို့ ပြောခဲ့ပြီးပါပြီ။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့မှာ အောင်အော်ဇော်ဟာ ရုရှားနိုင်ငံကို စစ်ကောင်စီ စွမ်းအင်ဝန်ကြီးနဲ့အတူ သွားရောက်ခဲ့ပြီး နိုင်ငံတကာ ရုရှားစွမ်းအင်ဖိုရိမ် REW 2021 ကို တက်ရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ ရုရှားနိုင်ငံ ROSGEO ရဲ့ CEO နဲ့ ဥက္ကဋ္ဌ Mr Sergey N. Gorkov တွေ့ဆုံပါတယ်။

ဒါ့အပြင် ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့အခြားနည်းပညာနဲ့ လျှပ်စစ်ထုတ်လုပ်မယ့် စီမံကိန်းတွေကို အဲဒီရုရှားခရီးစဉ်အတွင်းမှာ ဆွေးနွေးခဲ့ပါတယ်။ ရုရှားသမ္မတပူတင်ကိုယ်တိုင် တက်မိန့်ခွန်းပြောခဲ့တဲ့ နိုင်ငံတကာ ရုရှားစွမ်းအင်ဖိုရိမ် REW 2021 ကို တက်ရောက်ဖို့ မင်းအောင်လှိုင်က အောင်အောင်ဇော်ကို လွှတ်ခဲ့တယ်လို့ဆိုပါတယ်။

ရုရှားစက်သုံးဆီ တင်သွင်းဖြန့်ဖြူရောင်းချရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အောင်အောင်ဇော်ကဟာ ဆက်လက် ပါဝင်လျက်ရှိနေပါတယ်။ု ဒီလုပ်ငန်းတွေကို အောင်အောင်ဇော်ဟာ မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံရဲ့ ရဲတံခွန်စွမ်းအင်ကုမ္ပဏီနဲ့ပူးပေါင်းလုပ်ကိုင်မယ့် အလားအလာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း တနင်္သာရီတိုင်းမှာ ကျောက်မီးသွေးသုံး မဂ္ဂါဝပ် ၆၆၀ လျှပ်စစ်ဓာတ်အားထုတ်စက်ရုံကိုလည်း ဆက်လက် လုပ်ကိုင်လျက်ရှိနေပါတယ်။

သတ္တူတူးဖော်ရေးလုပ်ငန်း

=======================

၂၀၀၅ ခုနှစ်မှာ အောင်အောင်ဇော်ရဲ့ ကုမ္ပဏီဟာ ရွှေ၊ ကျောက်မီးသွေး၊ ခဲမဖြူ အဖြိုက်နက် တူးဖော်ရေးတွေကို စစ်ကိုင်း၊ တနင်္သာရီတိုင်းတွေမှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။ အခုမှာတော့ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းမှာ တစ်နေ့ကို တန် ၁၀၀၀၀ ထုတ်လုပ်နိုင်တဲ့ ဘိလပ်မြေစက်ရုံစီမံကိန်းကို ဆက်လက်လုပ်ကိုင်နေပါတယ်။

ကျောက်မီးသွေးတွေ တူးဖော်ဖို့၊ တင်သွင်းဖို့လည်း အမြဲလိုလို ကြိုးစားနေပြီး ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်စက်ရုံတွေ မြောက်မြားစွာ ဆက်လက်ထူထောင်ဖို့လည်း စီမံကိန်းတွေ သူလုပ်ကိုင်နေပါတယ်။

ဆောက်လုပ်ရေးကဏ္ဍ

==================

လမ်းတံတားဖောက်လုပ်ရေး အကုန် သူလုပ်ကိုင်ပါတယ်။ ဆောက်လုပ်ရေးကဏ္ဍမှာတော့ ရှမ်းပြည် နယ်၊ ဟဲဟိုးလေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် အဆင့်မြှင့်တင်နေတာရှိပါတယ်။ နောက်တစ်ခါ စစ်တွေမှာ ကမ်းခြေအိမ်ရာစီမံကိန်း၊ လမ်းစီမံကိန်းတွေကိုလည်း လုပ်ကိုင်နေပါတယ်။ မြို့ပြစီမံကိန်း ဖွံဖြိုးရေးနဲ့ ဟိုတယ်တည်ဆောက်ရေးတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်နေပါတယ်။

စိုက်ပျိုးရေး

===========

ဆီအုန်းနဲ့ ကျွန်းပင်စိုက်ပျိုးရေး စီမံကိန်းတွေကို အကြီးအကျယ်လုပ်ကိုင်နေပြီး တနင်္သာရီတိုင်းမှာ မြေဧက ၅၀၀၀ နဲ့ ဆီအုန်းထုတ်လုပ်ရေး စက်ရုံပါ တည်ဆောက်နေပါတယ်။ ပဲခူးတိုင်းဖြူးမြို့ နယ်မှာလည်း ဧက ၅၀၀ ကျွန်းပင်စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေပါတယ်။

MAI နဲ့ KBZ ပိုင်ရှင်အသစ်

================

အောင်အောင်ဇော်ဟာ ၂၀၁၈ ခုနှစ်မှာတော့ MAIနဲ့ KBZ လုပ်ငန်းထဲ ရှယ်ယာတွေ ဝယ်ယူပြီး ဝင်ရောက် ရင်းနှီးမြှုပ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်လောက်ကတည်းက Air KBZ နဲ့ MAI မှာ ရှယ်ယာ အများဆုံး အောင်အောင်ဇော်က ပိုင်ဆိုင်ထားတယ်လို့ စီးပွားရေးအသိုင်းအ၀ိုင်းက ပြောပါတယ်။

Air KBZ က ကုမ္ပဏီက Air KBZ လေကြောင်းလိုင်း နဲ့ပတ်သက်တဲ့ ငွေကြေးတွေ အားလုံးကို KBZ ဘဏ်အသုံးမပြုတော့ဘဲ UAB ဘဏ်၊ ဧရာ၀တီဘဏ်၊ ရိုးမဘဏ်၊ CB ဘဏ် အပါအဝင် ပုဂ္ဂလိက ဘဏ် တွေမှာ ပေးသွင်းရမယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ကနေ Air KBZ နဲ့ဆိုင်တဲ့ ငွေကြေးတွေကို KBZ ဘဏ် တွေ မှာ အသုံးမပြုတော့ဘူးလို့ တရားဝင် အ ကြောင်းကြားခဲ့ပါတယ်။

အောင်အောင်ဇော်ဟာ MAIနဲ့ Air KBZ ပိုင်ရှင်သစ် ဖြစ်သွားခဲ့တာ အချိန်အတော်ကြာ ခဲ့ပြီ ဖြစ်ပါတယ်။

စီးပွားရေးအင်ပါယာချဲ့ထွင်ခြင်း

=================

အောင်အောင်ဇော်ဟာ သူရဲ့ စီးပွားရေးအင်ပါယာကို စစ်တပ်နဲ့ ပူးပေါင်းပြီး ချဲ့ထွင်နေတာကိုတော့ အာဏာသိမ်းမှု နောက်ပိုင်းမှာ ခပ်စိတ်စိတ်မြင်တွေ့လာရပါတယ်။ သူကိုယ်တိုင်ကလည်း သိုသို သိပ် သိပ် နေထိုင်တာမို့ သူ့အကြောင်း သိသူနည်းပါးလှပါတယ်။

အောင်အောင်ဇော်ဟာ စစ်တပ်နဲ့ စစ်အာဏာရှင်ကို အဓိက ပံ့ပိုးနေတဲ့ ဒေါက်တိုင် ခရိုနီ စီးပွားရေး သမားဖြစ်ပါတယ်။ စစ်တပ်ကြောင့် ချမ်း သာလာသူဖြစ်တာမို့ စစ်တပ်ကိုပဲ အာဏာရ စေချင်တဲ့ ခေတ်ပျက် ခရိုနီတစ်ဦးဆိုရင် လည်းမမှားနိုင်ပါဘူး။ အောင်အောင်ဇော်ဟာ မင်းအောင် လှိုင် လက် ထက်မှာ ထိပ်တန်း ခရိုနီစီးပွားရေးသမား စာရင်းဝင်လာဖို့ တာစူနေပြီဆိုတာက မလွဲ အသေ အချာပဲဖြစ်ပါတယ်။ khit thit

ရေစကြိုတွင် စစ်တပ်ပစ်ခတ်သဖြင့် ဒေသခံ ၂ ဦး ဒဏ်ရာရပြီး ၂ ဦး ဖမ်းဆီးခံရ၊ ပခုက္ကူ၌ စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ မတ်လ ၂၁ ရက် မနက်ပိုင်းက ဒေသခံပြည်သူ ၂ ယောက်ကို စစ်ကောင်စီစစ်ကြောင်းက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ ၂ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရေစကြိုမြို့နယ်၊ ထန်းဆယ်ပင်ကျေးရွာကို ဒီနေ့ မတ်လ ၂၁ ရက် မနက် ၅ နာရီလောက်မှာ စစ်ကောင်စီဘက်က အင်အား ၇၀ လောက်နဲ့ စစ် ကြောင်းထိုးလာလို့ ထွက်ပြေးတဲ့အချိန်မှာ သေနတ်နဲ့ ပစ်ခတ်လိုက်လို့ ကိုသိန်းဇော်ရဲ့ နားထင်မှာ ဒဏ်ရာရရှိကာ ကိုရဲအောင်ရဲ့ နှာခေါင်း ဟိုဘက်ဒီဘက် ပေါက်ထွက်သွားတယ်လို့ ထန်းဆယ်ပင်ကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့သူ ၂ ယောက်အနက် ကိုသိန်းဇော်က အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရပြီး နောက်ဆက်တွဲ အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စစ်ကြောင်းက ကိုမာတောက်၊ ကိုဌေးညွန့်၊ ကိုမြင့်လှိုင်တို့ ၃ ယောက်ကို ဖမ်းဆီးခဲ့ကာ ကိုဌေးညွန့်ကတော့ ပြန်လွတ်လာပြီး နောက် ၂ ယောက်ကို ဖမ်းခေါ်သွားကြတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာလို့ အိမ်ခြေ ၃၅၀ လောက်ရှိတဲ့ ထန်းဆယ်ပင်ရွာနဲ့ အနီးနားပတ်ဝန်းကျင်က ထန်းချောင်းရွာက ဒေသခံပြည်သူတွေ ဘေးလွတ်ရာ တောတောင်တွေနဲ့ နီးစပ်ရာဆွေမျိုးတွေဆီကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

တောတောင်ထဲတွေမှာ အမိုးအကာမရှိဘဲ သစ်ပင်အောက်တွေမှာ အပူဒဏ်ကိုအံတုပြီး ဖြစ်သလိုနေထိုင်ကြရကာ စားနပ်ရိက္ခာ အလုံအ လောက် ပါမလာတာကြောင့် အခက်အခဲတွေ ကြုံတွေ့နေကြရပြီး ဆွေမျိုးနီးစပ်တွေဆီမှာ ခိုလှုံတဲ့သူတွေကတော့ နည်းနည်းအဆင်ပြေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ထန်းဆယ်ပင်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားပြီး ရွာထဲကနေအိမ်တွေကို မွှေနှောက်ကာ ပြည်သူတွေရဲ့ အဖိုးတန်လက်ဝတ်ရတနာတွေနဲ့ ငွေကြေးတွေကို ခိုးယူပြီး အိမ်မွေးတိရစ္ဆာန်တွေကိုလည်း စိတ်ကြိုက် သတ်ဖြတ်စားသောက်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ မတ်လ ၂၁ ရက် ဒီနေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ Royal Defence Force ကနေ သိရပါတယ်။

ပခုက္ကူ-မြိုင်ကားလမ်းပေါ်က အင်ပင်ကျေးရွာမှာ တပ်စွဲပြီး ခရီးသွားပြည်သူတွေဆီကနေ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီနေ့ မတ်လ ၂၁ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ RDF ရဲ့ တာဝန်ခံ ဗိုလ်ဘခက်က ဒီဗွီဘီကို ပြောပါတယ်။

ဗုံးသီးတွေက စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာကို တည့်တည့်ကျရောက် ပေါက်ကွဲလို့ ကစဉ့်ကလျား ထွက်ပြေးကြပြီး ထိခိုက်သေဆုံးသူ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

“အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ကြောက်အားလန့်အားနဲ့ သေနတ်တွေ ရမ်းကား ပစ်ဖောက်ပေမဲ့ ကျနော်တို့ဘက်ကရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်” လို့ ဗိုလ်ဘခက်က ပြောပါတယ်။

ပခုက္ကူမြို့နယ်မှာ မတ်လ ၉ ရက် ညနေပိုင်းကလည်း ဘုန်းကံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီကင်းစခန်းကို RDF က တိုက်ခိုက်ခဲ့လို့ စစ်ကောင် စီဘက်က ၃ ယောက် သေဆုံးကာ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB

မကွေးမြို့နယ်၊ ကြာကန်ရွာမှာ လောင်းကစားဝိုင်းတွေ အကြီးအကျယ်ပြုလုပ်နေ

မကွေးတိုင်း၊ မကွေးမြို့နယ်၊ ကြာကန်ကျေးရွာရဲ့ လယ်တောတစ်နေရာမှာ ပုဂံမျှော်ရွာက ကိုမြလင်းနဲ့ ကြာကန်ရွာက ကိုနေလင်းတို့ဦးဆောင်ပြီး ကြက်ဝိုင်းနဲ့လောင်းကစားဝိုင်းတွေပြုလုပ်နေကြပါတယ်။

စစ်ကောင်စီနှင့် ညောင်ကန်ရဲစခန်းကို လိုင်းကြေးပေးပြီး ကြာကန်ကျေးရွာက ဦးညိုအေးနဲ့ ဦးလေးအောင် တို့ရဲ့ယာမြေအစပ်မှာ ကြက်ဝိုင်းနဲ့ လောင်းကစားဝိုင်းတွေကို တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ တစ်ပါတ်နှစ်ရက် အပါတ်စဉ်ပြုလုပ်နေကြတာပါ။

အဲဒီလို လုပ်နေတာ တစ်လနဲ့ နှစ်ပါတ်လောက်ရှိပါပြီ။ လိုင်းကြေးပေးရတာတော့သိပေမယ့် ဘယ်လောက် ပေးရတယ်ကတော့ မသိပါဘူး။

လောင်းကစားဝိုင်းတွေ ဦးဆောင်ကျင်းပနေတဲ့ ကိုမြလင်းက ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး ကိုနေလင်း ကတော့ စစ်ကောင်စီသတင်းပေးတစ်ဦး ဖြစ်ပါတယ်။

နွား၊ ခြံ၊ ယာမြေတွေနဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ ပေါင်နှံရောင်းချကာ လောင်းကစားပြုလုပ်နေကြလို့ တချို့ မိသားစုတွေ ဒုက္ခရောက်နေကြပါတယ်။

ပြည်သူတွေရဲ့လုပ်အားကို အလဟသကုန်ဆုံးခြင်း မဖြစ်စေရန်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့် အတားမဖြစ်စေရန်နဲ့ စီးပွားရေးနည်းလမ်းမဟုတ်သည့် မလျော်ကံသောနည်းလမ်းများဖြင့် ငွေရှာဖွေနေ ခြင်းများအား တားဆီးနိုင်ရန်ရည်ရွယ်ပြီး လောင်းကစားပြုလုပ်ခြင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထား ပေမယ့် လက်ရှိမှာတော့ လောင်းကစားဝိုင်းတွေကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံနှင့်အဝှမ်းမှာ ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြပြီး လူစည်ကားစေရန် ရည်ရွယ်ချက်၊ ဆက်ကြေးရရှိရန် ရည်ရွယ်ချက် တွေနဲ့ မသိကျိုးကျွံပြုကာ ခွင့်ပြုပေးနေကြပါတယ်။

ဒီအခြေအနေကို မဇ္ဈိမ အယ်ဒီတာထံပေးစာကတစ်ဆင့် အများပြည်သူသိရှိနိုင်အောင် ရေးသားလိုက်ရ ပါတယ်။

ပြည်သူတစ်ဦး

ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီး စခန်းကို MRDA တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား အများအပြားသေဆုံးကာ MRDA တပ်ဖွဲ့ဝင် ၃ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီး စခန်းကို MRDA တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက် ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြန်မာ့ တော်ဝင်နဂါးတပ်တော် (MRDA) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၂၁ ရက် နံနက် ၆ နာရီခန့်က အဆိုပါ ပျူစောထီးစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အခိုင်အမာတည်ဆောက်ထားသော စခန်းအတွင်းပိုင်းအထိ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်သား ပျူစောထီး ၂၀ ဦးအထက်သေဆုံးပြီး စခန်းကို အပြီးသတ်ရှင်း လင်းနေချိန် နံနက် ၇ နာရီ ၄၅ ခန့်တွင် အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ပြည်လည်ဆုတ်ခွာခဲ့ ရ ကြောင်း သိရသည်။

“စစ်ခွေးတွေရဲ့ အမာခံအဆောက်အအုံထဲအထိ တိုက်ခိုက်နိုင်ခဲ့တယ်၊ ကျနော်တို့ အပြီးသတ်ရှင်းလင်းနိုင် ချိန်ကျမှ နမခကနေ လေယာဉ်နဲ့လာပစ်တာခံလိုက်ရတယ်၊ စစ်ခွေး၊ ပျူခွေး ၂၀ အထက်သေဆုံးသေပါ တယ်၊ စခန်းကို အပြီးသတ်သိမ်းနိုင်ဖို့ အကြိ်မကြိမ်ကြိုးစားနေကြပေမယ့် လေကြောင်းအသုံးပြုတိုက် ခိုက်တာခံနေရလို့ မြေပြင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့ လေယာဉ်ပစ်လက်နက်အရေးတကြီးလိုအပ် နေပါပြီလို့ ပြောချင်ပါတယ်” ဟု မြန်မာ့ တော်ဝင်နဂါးတပ်တော် (MRDA) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) ပခုက္ကူခရိုင်တပ်ရင်း ၁ နှင့် တပ်ရင်း ၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အ ကြမ်းဖက်စစ်တပ်၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးကာ ၅ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။khit thit

ကလိန်အောင်-ထားဝယ်လမ်းပိုင်းတွင် ပစ်ခတ်မှုဖြစ်၊ ပုလောမြို့နယ်၌ စစ်တပ်က ဒေသခံများကို ဖမ်းဆီး

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်-ထားဝယ် ကားလမ်းပိုင်းမှာ စစ်ကောင်စီဂိတ် ၂ ခုနဲ့ အုတ်သယ်ကားတစီး မတ်လ ၁၆ ရက်၊ ၁၇ ရက်နဲ့ ၂၀ ရက်တွေမှာ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။

မတ်လ ၁၆ ရက်က ကလိန်အောင်မြို့အဝင်တံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ကလိန်အောင်မြို့အနီးပတ်ဝန်းကျင်ရှိ တောစပ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ကလိန်အောင်-ထားဝယ် ကားလမ်းပိုင်းရှိ ဥဿရံအရှေ့ရွာအနီး မိုင်တိုင် ၂၃ မှာ မတ်လ ၁၇ ရက် ညနေပိုင်းက ကလိန်အောင်မြို့ဘက်ကနေ ရေဖြူမြို့ဘက်ကို အုတ်သယ်ဖို့လာတဲ့ ကန်တာအမျိုးအစား မော်တော်ကားတစီး ပစ်ခတ်ခံရပြီး ယာဉ်မောင်း ကိုထွန်းထွန်းလေး ဝမ်းဗိုက်နဲ့ ဦး ခေါင်းမှာ ကျည်ထိမှန်ခဲ့ကာ ထားဝယ်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။

ကိုထွန်းထွန်းလေးရဲ့မိသားစုနဲ့ နီးစပ်သူတဦး“၁၈ ရက်နေ့က အော်ပရေးရှင်း (ခွဲစိတ်ခန်း) ဝင်တယ်။ အခုတော့ ဆေးရုံကြီးမှာပဲ သက်သာနေပါပြီ။ ဒဏ်ရာက ဗိုက်မှာတချက်၊ နောက်စေ့မှာ ရှပ်ထိတာက တချက်၊ အားလုံး ၂ ချက်ထိတယ်” လို့ ပြောပါတယ်။

ကလိန်အောင်တံတားဂိတ် ပစ်ခတ်ခံရမှုနဲ့ အုတ်သယ်ကား ပစ်ခတ်ခံရမှုတွေကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

မတ်လ ၂၀ ရက် နေ့လယ် ၁ နာရီလောက်မှာလည်း ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့နယ်အကြား ထားဝယ်နည်းပညာတက္ကသိုလ်အနီး ဘုရားမဲ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို DGRF၊ ဧဒင်မှူး (ထားဝယ် ပကဖ) နဲ့ ဥသြစစ်ကြောင်းက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မတ်လ ၂၁ ရက်မှာ DGRF အဖွဲ့က သတင်းထုတ်ပါတယ်။

အဲဒီဘုရားမဲဂိတ် ပစ်ခတ်တိုက်ခိုက်မှုဟာ တနာရီနီးပါးကြာခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်တွေဘက်က ၄၀ မမ၊ ၈၁ မမ လက်နက်ကြီးတွေနဲ့ လက်ဦးမှုယူကာ ပစ်ခတ်နိုင်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အထိအခိုက်ရှိခဲ့ပြီး အရေးပေါ်ကား ၂ စီးနဲ့ လာရောက်သယ်ဆောင်သွား ကြောင်း ထုတ်ပြန်ထားပါတယ်။

အခုပစ်ခတ်တိုက်မှု အပါအဝင် ဘုရားမဲ စစ်ကောင်စီဂိတ် ပစ်ခတ်တိုက်ခိုက်ခံနေရတာဟာ ၃ ကြိမ်ထက်မနည်း ရှိပြီလို့ ဒေသခံတွေက ဆိုပါတယ်။

DGRF ရဲ့ ထုတ်ပြန်ချက်မှာ မဟာမိတ်အဖွဲ့တွေဟာ စစ်ကောင်စီကို အလျဉ်းသင့်သလို စီးနင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်မှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ လူ၊ အဆောက်အဦ၊ မော်တော်ယာဉ်တွေနဲ့ ရှောင်ကြဉ်သွားလာပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် တပိုရွာနဲ့ ဇရပ်ဆိပ်ရွာမှာ စစ်ကောင်စီက အင်အားအလုံးရင်းနဲ့ မတ်လ ၁၈ ရက်မှာ စစ်ကြောင်းထိုးလာပြီး ဒေသခံတွေကို ခေါ်ယူဖမ်းဆီး စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

“စကစကနေပြီး အင်အားအလုံးအရင်းနဲ့ ရွာထဲကိုဝင်လာတယ်။ ရွာသားတွေကို လာတွေ့ခိုင်းတယ်။ လာမတွေ့ရင် သတ်ပစ်မယ်လို့ ပြောတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက တပိုရွာဘုန်းကြီးကျောင်းမှာ စခန်းချပြီး ဖမ်းဆီးခံရတဲ့ ဒေသခံတွေကို ပလရဲစခန်းမှာ ထိန်းသိမ်းထားကာ တချို့ကိုတော့ ပြန်လွှတ်လိုက်တယ်လို့ ဆိုပါတယ်။

မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “မနေ့က ဖမ်းဆီးခံရတာ ၁၀ ယောက်ကျော် ဖမ်းခံရတယ်။ ဆရာမတယောက် အပါ အဝင် ၅ ယောက်ကိုတော့ တိုင်းဗဟို ၁၂ ကို ပို့လိုက်ပြီ” လို့ ပြောပါတယ်။

အဲလိုဖြစ်ရပ်မျိုး မင်းထိန်ရွာမှာလည်း စစ်ကောင်စီက စစ်ကြောင်းထိုးလာပြီး ဒေသခံတွေကို မတ်လ ၁၉ ရက်မှာ ခေါ်ယူစစ်ဆေးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

တပိုရွာမှာ အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့်နဲ့ ဇရပ်ဆိပ်ရွာမှာ အိမ်ခြေ ၃၀၀ ဝန်းကျင်ခန့်ရှိပြီး ဒေသခံတွေဟာ အခြေအနေရ စစ်ရှောင်နေရသူတွေဖြစ်ကာ တိုက်ပွဲမရှိရင် မိမိတို့နေရပ်မှာ ပြန်လည်နေထိုင်သူတွေ ဖြစ်ကြပါတယ်။

မြိတ်ခရိုင် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက “စခတွေက အကြမ်းဖက်အလုပ်ကို လုပ်နေသလို ကျနော်တို့ကလည်း သူတို့ကို အမြစ်ပြတ်တဲ့အထိ တော်လှန်သွားမှာပါ။ ပြည်သူတွေအနေနဲ့ စခတွေကို ထိပ်တိုက်မတိုးမိအောင် ရှောင်ကြပါ။ အရေးကြီး စာရွက်စာတမ်းများ ကြိုတင်ပြင်ဆင်ထားကြပါ။ စစ်ရေးသတင်း အမြဲနားစွင့်ထားပေးကြပါ” လို့ ပြောပါတယ်။ DVB

« Older Entries