စစ်ထောက်လှမ်းရေးအဖြစ်စွပ်စွဲခံရသူ ဝင့်မိုးအောင် သေဆုံးသွားသော်လည်း နေအိမ်တွင် နာရေးပြုလုပ် ခြင်းမတွေ့ရ
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဆီဆုံလမ်းတွင်နေထိုင်သော စစ်ထောက်လှမ်းရေးအဖြစ်စွပ်စွဲခံရသူ ဝင့်မိုးအောင်မှာ ပစ်ခတ်ရှင်းလင်းခံရ၍ သေဆုံးခဲ့ပြီဖြစ်သော်လည်း နေအိမ်တွင် နာရေးပြုလုပ်ခြင်းမတွေ့ရကြောင်း မျက်မြင်တွေ့ရှိသူ သတင်းရင်းမြစ်က ပြောသည်။
“အဲဒီနေရာမှာ ဘာမှမရှိဘူး စစ်ကောင်စီတပ်သားတွေလည်း မရှိဘူး။ သူ့အိမ်ကတော့ ပိတ်ထားတယ်။ အသုဘလည်း အဲဒီနေရာမှာ ပြင်နေတာမတွေ့ဘူး” ဟုဆိုသည်။
မတ်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သောဖြစ်စဉ်မှာ စစ်ထောက်လှမ်းရေးအဖြစ် စွပ်စွဲခံရသူ ဆေးတက္ကသိုလ် ကျောင်းသားဝင့်မိုးအောင်သည် နေ အိမ်သို့ပြန်လာစဉ် သေနတ်ဖြင့်ခြောက်ချက်ပစ်ခတ်ခံရ၍ ဆေးရုံ၌ ကုသနေစဉ် သေဆုံးခဲ့သည်။ ပစ်ခတ်မှုကြောင့် ဝင့်မိုးအောင်၏အဒေါ်ဖြစ်သူနှင့် အခြားပြည်သူတစ်ဦး လည်း သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ထောက်လှမ်းရေးအဖြစ်စွပ်စွဲခံရသူ ဝင့်မိုးအောင်၏ဖခင်မှာ လက်ရှိအချိန်ထိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ဒုတိ ယညွှန်ကြားရေးမှူးချုပ်တာဝန်ထမ်းဆောင်နေသော ဦးခင်မောင် လှိုင်ဖြစ်ကြောင်း သတင်းစာပါ နာရေးကြော်ငြာမှတဆင့် အတည်ပြုနိုင်ခဲ့သည်။
သေဆုံးသူဝင့်မိုးအောင်သည် အ.ထ.က(၃) စမ်းချောင်းတွင် ပညာသင်ကြားခဲ့ပြီး အာဏာသိမ်းကာလ ရောက်ရှိလာသောအခါ ကျောင်းမှ CDM ဆရာ/ဆရာမများကိုဒုက္ခပေးပြီး ဆေးတက္ကသိုလ်အသိုင်းအဝိုင်း တွင်လည်း သတင်းပေးဒလန်ပြုလုပ်သဖြင့် ဖမ်းဆီးခံရသည့်ဖြစ်စဉ်များရှိခဲ့ကြောင်း မြေအောက်တော် လှန်ရေးရဲဘော်များဘက်မှလည်း အတည်ပြုသလို ၎င်းတို့နှင့်နီးစပ်သူများကလည်း ပြောသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်တွင်ဖြစ်ပွားသော တော်လှန်ရေးနှင့်သက်ဆိုင်သည့် တိုက်ခိုက်ရှင်းလင်းမှု များတွင် မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အ စည်းက တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခြင်းကို မတွေ့ရ တော့ဘဲ အသံတိတ်လှုပ်ရှားမှုများသာ ပြုလုပ်လာကြောင်းတွေ့ရသည်။mizzima