ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီး စခန်းကို MRDA တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား အများအပြားသေဆုံးကာ MRDA တပ်ဖွဲ့ဝင် ၃ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီး စခန်းကို MRDA တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက် ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြန်မာ့ တော်ဝင်နဂါးတပ်တော် (MRDA) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၂၁ ရက် နံနက် ၆ နာရီခန့်က အဆိုပါ ပျူစောထီးစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အခိုင်အမာတည်ဆောက်ထားသော စခန်းအတွင်းပိုင်းအထိ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်သား ပျူစောထီး ၂၀ ဦးအထက်သေဆုံးပြီး စခန်းကို အပြီးသတ်ရှင်း လင်းနေချိန် နံနက် ၇ နာရီ ၄၅ ခန့်တွင် အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ပြည်လည်ဆုတ်ခွာခဲ့ ရ ကြောင်း သိရသည်။

“စစ်ခွေးတွေရဲ့ အမာခံအဆောက်အအုံထဲအထိ တိုက်ခိုက်နိုင်ခဲ့တယ်၊ ကျနော်တို့ အပြီးသတ်ရှင်းလင်းနိုင် ချိန်ကျမှ နမခကနေ လေယာဉ်နဲ့လာပစ်တာခံလိုက်ရတယ်၊ စစ်ခွေး၊ ပျူခွေး ၂၀ အထက်သေဆုံးသေပါ တယ်၊ စခန်းကို အပြီးသတ်သိမ်းနိုင်ဖို့ အကြိ်မကြိမ်ကြိုးစားနေကြပေမယ့် လေကြောင်းအသုံးပြုတိုက် ခိုက်တာခံနေရလို့ မြေပြင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့ လေယာဉ်ပစ်လက်နက်အရေးတကြီးလိုအပ် နေပါပြီလို့ ပြောချင်ပါတယ်” ဟု မြန်မာ့ တော်ဝင်နဂါးတပ်တော် (MRDA) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) ပခုက္ကူခရိုင်တပ်ရင်း ၁ နှင့် တပ်ရင်း ၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အ ကြမ်းဖက်စစ်တပ်၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးကာ ၅ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s