NUG ဝန်ကြီးအပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံအပြီး မြန်မာအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးမည်ဟု ဗြိတိန်ကတိပြု

NUG ဝန်ကြီးအပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံအပြီး မြန်မာအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးမည်ဟု ဗြိတိန်အစိုးရက ကတိပြု ကြောင်း ဗြိတိန်သံရုံးက သတင်းထုတ်ပြန်သည်။
” ကျွန်မ NUG ( အမျိုးသားညီညွတ်ရေးအစိုးရ ) မွ ဦးဝင်းမြတ် အေးနဲ့ တိုင်းရင်းသားခေါင်းဆောင်များကို တွေ့ဆုံခဲ့ပြီး ကာကွယ်မှု အလိုအပ်ဆုံးသောပြည်သူများအတွက် ကျွန်မတို့အနေနဲ့ ထောက်ပံ့ ကူညီသွားမှာဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။
ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူလူထုနဲ့အတူ ကျွန်မတို့ ရပ်တည်ပါတယ်” ဟု ဗြိတိန်နိုင်ငံဆိုင်ရာ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီး Anne-Marie Trevelyan က ပြောသည်။
စစ်ကောင်စီမှာ မြန်မာပြည်သူများကို အခက်အခဲအကြပ်အတည်း များအတွင်း ကျဆင်းစေကြောင်း၊ သန်းနှင့်ချီသည့် မြန်မာပြည်သူ များမှာ လူသားချင်းစာနာထောက်ထားသည့် အကူအညီများ လိုအပ်နေသည်ဟု ဗြိတိန်နိုင်ငံဆိုင်ရာ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီး Anne-Marie Trevelyan က ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီ ၇ ရက်ကလည်း NUG န်ုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဗြိတိန်နိုင်ငံခြား ရေးဝန်ကြီး James Cleverly တို့ လန်ဒန်တွင် တွေ့ဆုံခဲ့ပြီး မြန်မာစစ်အစိုးရကို ဖိအားပေးရန် နိုင်ငံတကာသို့ ဆက်လက်တိုက်တွန်းမည်ဟု ဗြိတိန်က ထုတ်ပြန်ခဲ့သည်။
ဗြိတိန်မှာ စစ်ကောင်စီ၏ လေတပ်ကို အားဖြည့်ကူညီနေသည့် ကုမ္ပဏီများကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည်။mizzima