ကုလညီလာခံတွင် ဦးကျော်မိုးထွန်း၏ တင်ပြမှုသတင်းကိုပြုပြုင်ကာ သတင်းမှားဖြန့်နေ

ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပန်ဆယ်လို၏ တော်လှန်ရေးအကြောင်းပြ စီးပွားရှာမှုများ ကို ဦးကျော်မိုးထွန်းမှတင်ပြသည်ဆိုသောသတင်း ပျံ့နှံ့လျက်ရှိနေသည်။ ယင်းမှာ The Irrawaddy – Burmese Edition မှ သတင်းဖော်ပြမှုကိုပြုပြင်ကာ သတင်းမှားဖြန့်နေခြင်းသာ ဖြစ်သည်။

“Fossil News” အမည်ရှိတယ်လီဂရမ်ချန်နယ်မှ “ပန်ဆယ်လိုတော့ နားကားပြီ ကျော်မိုးထွန်း UN မှာ သွားတိုင်နေပြီ။ ဝေစုခွဲပေးရတော့မယ်”ဟုဆိုကာ “ကုလသမဂ္ဂညီလာခံတွင် ပန်ဆယ်လို၏တော်လှန်ရေး အကြောင်းပြစီးပွားရှာမှုများကို ဦးကျော်မိုးထွန်းတင်ပြ”ဟူသည့် ခေါင်းစဉ်ဖြင့် The Irrawaddy – Burmese Edition ဖေ့စ်ဘုတ်စာမျက်နှာမှ မတ်လ ၁၇ ရက်နေ့တွင် ဖော်ပြခဲ့သည့် ပုံဖြင့် ဖြန့်ဝေထား သည်။

အဆိုပါသတင်းဓာတ်ပုံထဲမှ မြန်မာသံအမတ် ဦးကျော်မိုးထွန်းလက်ထဲတွင် ကိုင်ထားသည့် စာရွက်များ တွင်လည်း ပန်ဆယ်လို၏ဓာတ်ပုံများ ပါဝင်နေသည်။

ယင်းသတင်းကို Fossil News အပါအဝင် Snow Queen ၊ ရွှေနေကြာ ၊ Ye Hint Htet အစရှိသည့် တယ်လီ ဂရမ်ချန်နယ်များတွင်ဖြန့်ဝေထားပြီး ကြည့်ရှုသူပေါင်း ၁၀,၀၀၀ ကျော်ရှိနေပြီဖြစ်သည်။ အလားတူ ဖေ့စ်ဘုတ်စာမျက်နှာတွင်လည်း ပျံ့နှံ့လျက် ရှိသည်။

အဆိုပါအကြောင်းအရာကို မဇ္ဈိမမှ အချက်အလက်စစ်ဆေးခဲ့ရာတွင် The Irrawaddy – Burmese Edition မှ အခြားခေါင်းစဉ်ဖြင့် မတ်လ ၁၇ ရက်နေ့တွင် ဖော်ပြခဲ့သည့် သတင်းအား ပြန်လည်ပြုပြင်ထား ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

မတ်လ ၁၇ ရက်နေ့က The Irrawaddy – Burmese Edition မှ ဖော်ပြချက်မှာ “ကုလသမဂ္ဂညီလာခံတွင် စစ်ကောင်စီ၏ အစုလိုက်သတ်ဖြတ်မှုများကို ဦးကျော်မိုးထွန်းတင်ပြ” ဖြစ်ပြီး “နယူးယောက်မြို့ အခြေ စိုက် ကုလသမဂ္ဂဌာနချုပ်၌ ယမန်နေ့က (မတ် ၁၆) ကျင်းပခဲ့သည့် အထွေထွေညီလာခံတွင် စစ်ကောင်စီ ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် သက်သေအဖြစ်ဓာတ်ပုံများကို သံအမတ်ကြီးဦးကျော်မိုးထွန်း ကတင်ပြခဲ့ပြီး စစ်ရာဇဝတ်မှုမြောက်ကြောင်း ဆွေးနွေးခဲ့သည်” ဟူသည့် သတင်းအကြောင်းအရာကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ ပန်ဆယ်လိုနှင့် ရန်ပုံငွေဆိုင်ရာ အကြောင်းအရာများ လုံးဝ ပါဝင်ခြင်း မရှိပေ။

လင့် – https://bit.ly/40uKmiG

အဆိုပါသတင်းဓာတ်ပုံမှ ဦးကျော်မိုးထွန်း၏လက်တွင်ကိုင်ထားသည့်စာရွက်မှပုံများသည်လည်း စစ်ကိုင်း တိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာတွင် စစ်ကောင်စီမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ဖြစ် စဉ်မှ ပုံများနှင့် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နမ်းနိန်ကျေးရွာမှ ဘုန်းကြီးကျောင်းတွင် အသတ်ခံခဲ့ရ သည့် အရပ်သားပြည်သူများ၏ ဓာတ်ပုံများဖြစ်သည်။

သတင်းမှားတွင် အဆိုပါပုံများအစား ပန်ဆယ်လိုနှင့် ၎င်း၏ RANGOON ကုန်တိုက်ပုံများကို အစားထိုး ကာ ပြုပြင်ထားခြင်းဖြစ်သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာစစ်တပ်မှ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအား ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တင်ပြခဲ့ခြင်းဖြစ်ကြောင်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးဖြစ်သည့် Permanent Mission of Myanmar to the United Nations ၊ NUG ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနဖြစ်သည့် Misinstry of Foreign Affairs_Myanmar_NUG အပါအဝင် သတင်းမီဒီယာများ ဖြစ်သည့် Delta News Agency ၊ Khit Thit Media ၊ PVTV အပြင် အခြားသတင်းမီဒီယာများတွင်လည်း အသီးသီး ဖော်ပြခဲ့ကြသည်။

Permanent Mission of Myanmar to the United Nations မှ ဖော်ပြခဲ့သည့် လင့် – https://bit.ly/3M1EN7J

Misinstry of Foreign Affairs_Myanmar_NUG မှ ဖော်ပြခဲ့သည့် လင့် – https://bit.ly/3JDf9mH

Delta News Agency တွင် ဖော်ပြထားသည့် လင့် – https://bit.ly/3K0oN45

Khit Thit Media တွင် ဖော်ပြထားသည့် လင့် – https://bit.ly/40g1GIQ

PVTV မှ ဖော်ပြထားသည့် လင့် – t.ly/mvlc

ထို့ကြောင့် ကုလသမဂ္ဂညီလာခံတွင် ပန်ဆယ်လိုအကြောင်းကို ဦးကျော်မိုးထွန်းမှ တင်ပြခဲ့သည်ဆိုသည် မှာ မဟုတ်မမှန်ဘဲ သတင်းအမှန်ကိုအခြေခံကာ သတင်းပါ အကြောင်းအရာနှင့် ဓာတ်ပုံများအား လုပ်ကြံ ရေးသားထားသည့် သတင်းအတုသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s