စစ်ဘက်ဆိုင်ရာ အရပ်ဘက်ထောက်လှမ်းရေးဖြစ်ကြောင်း အတည်ပြုပြီးမှ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ဟု တိုက််ခိုက်သည့်အဖွဲ့ထုတ်ပြန်လာ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဆီဆုံလမ်းနေ ဝင့်မိုးအောင်အား စစ်ဘက်ဆိုင်ရာ အရပ်ဘက်ထောက်လှမ်းရေးဖြစ်ကြောင်း သက်သေအ ထောက်အထားများ အတည်ပြုပြီးမှ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု တိုက််ခိုက်သည့်အဖွဲ့မှ ထုတ်ပြန်လာခဲ့သည်။

အဆိုပါပစ်ခတ်မှုမှာ မတ်လ ၂၀ ရက်၊ ညနေ ၅ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ဝင့်မိုးအောင်မှာ သေနတ်ကျည်မှန် ဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ကြားသိရသည်။

ဝင့်မိုးအောင်မှာ စစ်ထောက်လှမ်းရေးအဖြစ် စွပ်စွဲခံရသူသာဖြစ်ပြီး အမှန်မှာ ဆေးတက္ကသိုလ် ကျောင်းသားသာဖြစ်ကြောင်း၊ မိသားစုမှာလည်း စစ်တပ်နှင့် ပတ်သက်ဆက်နွယ်ခြင်းမရှိဘဲ ရပ်ကွက်ထဲတွင် သာမန်လူများကဲ့သို့ နေထိုင်သူများသာဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် သတင်းဖြန့်မှုများလည်း တွေ့မြင်ရသည်။

သို့သော် ဝင့်မိုးအောင်သေဆုံးပြီးနောက် ဖခင်ဖြစ်သူ၏ အငြိမ်းစား ဗိုလ်မှူးကြီးရာထူးနှင့် နာရေးကြော်ငြာစာတွင်လည်း လက်ရှိတာဝန်ထမ်းဆောင်နေသော ဌာနမှ ဝန်ထမ်းများက ဝမ်းနည်းကြောင်းထည့်သွင်းဖော်ပြခဲ့ကြသည်။

၎င်း၏ဖခင်မှာ လက်ရှိအချိန်ထိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်နေသော ဦးခင်မောင်လှိုင်ဖြစ်ကြောင်း သိရသည်။

ဝင့်မိုးအောင် ကိုယ်တိုင်ကျူးလွန်ခဲ့သော ပြစ်ချက်များနှင့် စစ်ဘက်ဆိုင်ရာ အရပ်ဘက်ထောက်လှမ်းရေးဟုဆိုသော သက်သေအထောက်အ ထား အချက်အလက်အားလုံးကို စေ့စပ်သေချာစွာ စိစစ်အတည်ပြုပြီးမှ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ နှင့် ဖက်ဒရယ်ပြည်ထောင်စုတပ်ဦးမှ ၎င်းအား စစ်ဆင်ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မတ်လ ၂၂ ရက်နေ့က ထုတ်ပြန်လာသည်ကို တွေ့ရသည်။

၂၀၂၃ ခုနှစ် ပထမ သုံးလအတွင်းပင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် နေထိုင်သော ကာကွယ်ရေးဝန်ကြီးဌာန၊ စာရင်းစစ်ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဟောင်း တစ်ယောက်ဖြစ်သည်ဟု သတင်းထွက်ပေါ်ထားသော ဦးရွှေဝင်းဆိုသူ ပစ်ခတ်ခံရသည်။

ထို့နောက် လှိုင်မြို့နယ်၊ (၂) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ရတနာမွန်အိမ်ယာတွင် အငြိမ်းစား ဗိုလ်မှူးဟောင်းတစ်ဦးဟု သတင်းထွက်ပေါ်သော ရွှေဝါဆပ်ပြာစက်ရုံမှ ဒုတိယအထွေထွေမန်နေဂျာ မြင့်စိုးဆိုသူ ပစ်ခတ်ခံရ၍ သေဆုံးခဲ့သည်။

ထို့အပြင် မတ်လ ၁၇ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ အမှတ် (၂) မြို့နယ်ရဲစခန်းအနီးတွင် ရဲတပ်ဖွဲ့ဝင် သုံးဦးပစ်ခတ်ခံရရာမှ သုံးဦးစလုံး သေဆုံးခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s