တပ်တွင်းအချုပ်သားနှင့်အတူ အချုပ်စောင့်ရဲဘော်၂ ဦး လက်နက်နှင့်အတူ ထွက်ပြေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် မင်းလှမြို့နယ် စိန်ကန့်လန့်ရွာ အခြေစိုက် ခလရ(၁)တပ်တွင် မတ်လ၂၃ရက်နေ့ နံနက် ၃နာရီအချိန်က အချုပ်ကျတပ်သားနှင့် အချုပ်စောင့်ရဲဘော် နှစ်ဦး လက်နက်နှင့်အတူ ထွက်ပြေးသွားကြောင်း တပ်တွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

ထွက်ပြေးသွားသူ ရဲဘော် သုံးဦးတွင် သေနတ် သုံးလက်နှင့်အတူ ကျည်အများအပြားပါဝင်သွားကြောင်းသိရသည်။

“မနက် ၃နာရီမှာ အချုပ်ခန်းထဲက တစ်ယောက်နဲ့အပြင်က နှစ်ယောက်ပေါင်းပြီး အချုပ်ခန်းသော့ကိုဖျက်တာ၊ သုံးယောက်လုံး လက်နက်အ ပြည့်အစုံနဲ့ထွက်ပြေးတာ၊ အချုပ်ခန်းထဲက မုဒိမ်းမှုနဲ့ အချုပ်ကျနေတဲ့ထွန်းနိုင်က အော်လို့ သေနတ်တွေအကုန်မပါသွားတာ”ဟု တပ်တွင်းသတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။

အဆိုပါထွက်ပြေးသွားသူ သုံးဦးသည် ပဲခူးရိုးမအတွင်း ထွက်ပြေးသွားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးကာ တောနင်းလိုက်ရှာနေကြောင်းသိရသည်။ ယင်း ခလရ(၁)တပ်တွင် CDMပြုလုပ်သူ လေးဦးရှိကြောင်းသိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s