အဖေ မင်းအောင်လှိုင်က လူယုတ် သားအောင်ပြည့်စုံက အမြတ်ထုတ်

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်ကာလ ၁၁ နှစ်အတွင်းမှာ အချမ်းသာဆုံး အကြွယ်ဆုံး သားအဖ ၂ ဦး ပေါ် ထွက်လာခဲ့ပါတယ်။ စွန့်ဦးတီထွင်သူ မဟုတ် သလို စီးပွားရေးလောကထဲက မဟုတ်ဘဲ လက်နက်ကိုင်အာဏာရပြီး လုပ် ပိုင်ခွင့်များစွာ လက်ဝါးကြီးအုပ်ခြင်း တစ် နည်းအားဖြင့် လူမိုက်ဆန်ဆန် အာဏာလု နိုင်ငံတော်ဘဏ္ဍာကို ဓားပြတိုက် ချမ်းသာ လာကြတဲ့ မင်းအောင် လှိုင်နဲ့ အောင်ပြည့်စုံတို့ သားအဖပဲဖြစ်ပါတယ်။

အာဏာရှင် သန်းရွှေဟာ ၂၀၁၁ ခုနှစ်မှာ မင်းအောင်လှိုင်ကို တပ်ချုပ်ရာထူး ပေးအပ်လိုက်ခြင်းဟာ မင်းအောင်လှိုင်တို့ သားအဖအတွက် ချမ်း သာမှု လမ်းစ ဖြစ်ခဲ့တာပါပဲ။

၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ်ကာလ စီးပွားရေးလောကမှာ မြေစမ်း ခရမ်း ပျိုး စတင် ဝင်ရောက်ချိန်ကတည်းက အောင်ပြည့်စုံဟာ အဖေဖြစ်သူ မင်းအောင်လှိုင်ရဲ့ အရှိန်အဝါနဲ့ နိုင်ငံတော်ပိုင်တွေကို မတန်တဆ စျေးနဲ့ ငှားရမ်းလုပ်ကိုင်ခဲ့မှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။ ဥပမာအားဖြင့် ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်ထဲက Yangon Glary ပန်းချီပြခန်းနဲ့ စားသောက်ဆိုင်တို့ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ အောင်ပြည့်စုံဟာ Sky One ဆောက်လုပ်ရေးဆိုတဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်ပြီးတဲ့နောက်မှာ ချမ်းသာမှု လမ်းကြောင်းပေါ် ကိုစတင်ရောက်ရှိလာတာဖြစ်ပါတယ်။ ၂၀၁၄၊ ၂၀၁၅ ခုနှစ် မှာ စစ်တပ်နဲ့ပတ်သက်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို Sky One ကိုပေးရမယ်လို့ မင်းအောင်လှိုင်က နှုတ်မိန့်နဲ့ သူ့တပ်မှူးတွေကို ညွှန်ကြား ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ တပ်ပိုင်းဆိုင်ရာ ဆောက်လုပ်ရေး ပရောဂျက်တွေအားလုံး ရရှိခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ပြင်ဦးလွင် DSTA အဆောင်တွေကို တိုးချဲ့ရာမှာ အောင်ပြည့်စုံဟာ ဘယ်သူနဲ့ယှဉ်ပြိုင်စရာမလိုဘဲ အဆောင် တိုးချဲ့ဆောက်လုပ်ခွင့်ရရှိခဲ့ပါတယ်။

မူလကတော့ အဆောက်အအုံ အသေးလေးတွေ အဆောင်တိုးချဲ့မှု လောက်သာ ပရော ဂျက်လေးတွေ ရရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ် မင်းအောင် လှိုင် စစ်အာဏာ သိမ်း ပြီးနောက်ပိုင်းမှာ Sky One ကုမ္ပဏီဟာ မြန်မာပြည်ရဲ့ အကြီးဆုံး စီးပွား ရေးကုမ္ပဏီအဖြစ် နေ့ချင်းညချင်း ရောက်ရှိသွားခဲ့ပါတယ်။

လက်နက်စက်ရုံ အပါအဝင် တပ်ဆောက် လုပ်ရေး အားလုံး Sky One ရရှိ

=======================================================

၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးတဲ့နောက် Sky One ကုမ္ပဏီက တပ်တွင်း လက် နက် ထုတ်လုပ်ရေးစက်ရုံကစလို့ ကြီးမားတဲ့ အဆောက်အအုံနဲ့ ဆောက်လုပ်ရေးတွေအားလုံး ရရှိသွားပါတယ်။

လက်ရှိ ပြင်ဦးလွင်မှာ စစ်တပ်ပိုင်ကုတင် ၅၀၀ ကင်ဆာကု အထူးကုသဆောင် စတင် တည် ဆောက် နေပြီး အဲဒါကို လည်း အောင်ပြည့်စုံကပဲရရှိပါတယ်။ ရန်ကုန်မြို့ မင်္ဂလာဒုံမှာ တည်ဆောက်ခဲ့တဲ့အမှတ် ၁ ကုတင် ၁၀၀၀ အထူးကုသမှုစင်တာကိုလည်း အောင်ပြည့်စုံပဲရရှိခဲ့ပါတယ်။

မကြာသေးခင်မှ ပြီးစီးခဲ့တဲ့ ရန်ကုန်တိုင်း၊ ဒလမြို့နယ် ရခိုင်ချောင်ရေတပ်မှာရှိတဲ့ တော်ပီဒိုစက်ရုံနဲ့ တပ်ဝင်းအဆင့်မြှင့် တင်ရေး ပရောဂျက်၊ နေပြည်တော်မှာ ရုရှားတိုက်လေယာဉ်သစ် ၆ စင်း ထားရှိမယ့် လေယာဉ်ထိန်းသိမ်းရေးရုံ၊ တစ်နိုင်ငံ လုံး လေတပ်ဝင်များအတွင်း ဆောက်လုပ်နေတဲ့ လေတပ်အိမ်ရာစီမံကိန်း၊ လေတပ် လေယာဉ်ကွင်းများ တိုးချဲ့ရေး ပရောဂျက်တွေကိုလည်း အောင်ပြည့်စုံကပဲ ပြိုင်ဘက်မရှိ ရရှိနေတာဖြစ်ပါတယ်။

နိုင်ငံတော်ပရောဂျက်များ

====================

တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ ကျောက်ဖြူရေနက်စီမံကိန်းနဲ့ပတ်သက်တဲ့ ဆိပ်ကမ်းဆိုင်ရာ ပရောဂျက်တွေမှာလည်း အောင်ပြည့်စုံရဲ့ ကုမ္ပဏီက လုပ်ပိုင် ခွင့်အများအပြားရရှိပါတယ်။ စစ်တွေမှာတည်ဆောက်တဲ့ Jetty စီမံကိန်း ပရောဂျက်တွေကိုလည်း အောင်ပြည့်စုံပဲရရှိပါတယ်။

ရန်ကုန်မြို့မှာ မြ၀တီမီဒီယာစင်တာတည်ဆောက်ရေးလို အရပ်ဘက်ဆောက် လုပ်ရေးတွေမှာလည်း အောင်ပြည့်စုံကပဲ လက်ဝါးကြီးအုပ်ထားပါတယ်။ အခြားသော နိုင်ငံအဆင့် ပရောဂျက်တွေအားလုံးဟာ အောင်ပြည့်စုံဆီ အလိုလိုရောက်ရှိနေတာဖြစ်ပါတယ်။

ရန်ကုန်တိုင်း၊ စည်ပင်သာယာရေးကော်မတီရဲ့ တောင်ဥက္ကလာပဂေါက်ကွင်း ပြင်ဆင်မှု ပရောဂျက်တောင်မှ မင်းအောင်လှိုင်သား အောင်ပြည့်စုံရဲ့ လက်က မလွတ်ပါဘူး။ ကြီးကြီးသေးသေး စစ်တပ်နဲ့ နိုင်ငံပိုင် ပရောဂျက်မှန်သမျှကို အောင် ပြည့်စုံက လုပ်ကိုင်ပါတယ်။

စွမ်းအင်ကဏ္ဍအနေနဲ့ မင်းအောင်လှိုင် ဖွဲ့စည်းလိုက်တဲ့ ရုရှား စက်သုံးဆီဝယ်ရေး ကော်မတီမှာ အောင်ပြည့်စုံရဲ့ Yetagon Energy Trading ကုမ္ပဏီကို အဖွဲ့ ဝင်အဖြစ် ထည့်သွင်းထားပါတယ်။

အခုနောက်ဆုံး ရုရှားက လက်နက် ဝယ်ယူတင်သွင်းတဲ့ လုပ်ငန်းတွေမှာပါ အောင်ပြည့်စုံနဲ့ လူယုံ မောင်မောင်နိုင်တို့ပါဝင်လာပြီဖြစ်တယ်လို့ တပ် သတင်းအရင်းအမြစ်တွေကဆိုပါတယ်။

ပြည်သူပိုင် မြေဧက ထောင်ချီ လွှဲပြောင်းရယူကြခြင်း

========================================

ဒါ့အပြင် စစ်တပ်နဲ့ နိုင်ငံပိုင် မြေကွက်တွေကို အောင်ပြည့်စုံ၊ မောင်မောင်နိုင်၊ Sky One စတဲ့ ကုမ္ပဏီ နာမည်၊ လူနာမည်တွေနဲ့ ပြောင်းလဲ ဂရန်ထုတ်ယူမှု တွေရှိနေတယ်လို့ တပ်အရင်းအမြစ်တွေက ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် ၁၈ လကျော်ကြာကာလအတွင်း မင်းအောင်လှိုင်နဲ့အောင်ပြည့်စုံတို့က ပုံစံမျိုးစုံနဲ့ ဂရန်ထုတ်ယူ လွှဲပြောင်းရယူသွားတဲ့ မြေဧရိယာ ဧက ထောင်ချီရှိတယ်လို့ ဆိုပါတယ်။

နဂိုကလည်း Azura Beach Resort (ချောင်းသာ) တို့လို စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်ခဲ့ပြီးတဲ့အပြင်လက်ရှိမှာလည်း စီးပွားရေး တင်ဒါလုပ်ငန်းများစွာ လုပ်ခွင့်ရ၊ မြေဧက ထောင်ချီ ပိုင်ဆိုင်တဲ့ မင်းအောင် လှိုင်တို့သားအဖဟာ အာ ဏာသိမ်းမှု ၁၈ လကျော်ကြာကာလအတွင်း စီးပွားဥစ္စာများ ဒီရေအလားတိုးပွားလာနေတာလည်းဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ အချမ်းသာဆုံး နံပါတ်တစ် သားအဖ

============================

မင်းအောင်လှိုင်နဲ့ အောင်ပြည့်စုံဟာ ပိုင်ဆိုင်မှုမှာလည်း မြန်မာပြည်ရဲ့ ထိပ် တန်း အချမ်းသာဆုံးနံပါတ်တစ်ဖြစ်သလို လုပ်ငန်းများစွာ လုပ်ကိုင်နေတဲ့အတွက် လုပ်ငန်းလည်ပတ်လုပ်ကိုင်နိုင်မှုမှာလည်း ပြိုင်ဘက်မရှိ ထိပ်တန်း နံပါတ်တစ် စီးပွားရေးကုမ္ပဏီကြီးတွေအဖြစ် လည်ပတ်နေနိုင်တာပါ။

“မြန်မာပြည်မှာ သူဌေးတွေရဲ့ ချမ်းသာမှုကို တိုင်းတာရင် နည်းလမ်း ၂ ခုနဲ့ တိုင်းတယ်။ မြေဧက ဘယ်လောက်ပိုင်လဲ အဲဒါက ပိုင်ဆိုင်မှုနဲ့ တိုင်း တာတဲ့နည်းလမ်း။ ဒုတိယတစ်နည်းကတော့ ဘယ် လောက်ကြီးမားတဲ့ လုပ်ငန်းတွေ လုပ်နေလဲ။ အခု အောင်ပြည့်စုံက မြေဧက ထောင်ချီ ပိုင်တယ်။ တစ်နိုင်ငံလုံး တပ်နဲ့ဆိုင်တဲ့ ပရောဂျက်၊ နိုင်ငံတော် အဆင့် ပရောဂျက်တွေပေါ့၊ ကြီးမားပါတယ်ဆိုတဲ့ ပရောဂျက်မှန်သမျှက သူ့လက်က မလွတ်ဘူး။ သူအကုန်ရတယ်။ ဘယ် လောက် ချမ်းသာလဲ တိုင်းတဲ့ နည်းလမ်း ၂ ခုလုံးမှာ အောင်ပြည့်စုံက ထိပ်ဆုံးမှာပဲ။ အဲဒီတော့ မြန်မာပြည်ရဲ့ အချမ်းသာဆုံးဆိုရင် အောင်ပြည့်စုံပဲ။ တပ်ချုပ်နဲ့ အောင်ပြည့်စုံပေါ့ဗျာ” လို့ ရန်ကုန်ထိပ်တန်းစီးပွားရေးသတင်းရင်းမြစ်က ပြောပါတယ်။

နာမည်များစွာနဲ့ကုမ္ပဏီအသစ်များ

====================

မင်းအောင်လှိုင်နဲ့အောင်ပြည့်စုံတို့ကို အမေရိကန်အပါအဝင် အနောက်နိုင်ငံကြီးတွေ၊ ဥရောပနိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ထားတာမို့ သူတို့တွေအနေနဲ့ စီး ပွားရေးလုပ်ရာမှာ နာမည်မျိုးစုံကို အသုံးပြုပြီး ပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့ ကြိုးစားပါတယ်။

ရန်ကုန်ခေတ်သစ်က သိရှိထားတဲ့ မင်းအောင်လှိုင်နဲ့ အောင်ပြည့်စုံတို့ သားအဖ လုပ်ကိုင်တဲ့ ကုမ္ပဏီတွေကတော့ ဘုန်းမြတ်ပြည့်စုံ ၊ Sky One ၊ Myanmar Sit Thu Gyi၊ မင်းတရားကြီး၊ Winning Sky၊ True Golf တို့ဖြစ်ပါတယ်။

အရင်ကတည်းကလည်း Aung Myint Mo Min Insurance Company ၊ MyTel Telecom ရှယ်ယာရှင်၊ Azura Beach Resort၊ A & M Mahar Company Limited ၊ Nyein Chan Pyae Sone Manufacturing & Trading Company Limited ဆိုတဲ့ လုပ်ငန်းများစွာကို ပိုင် ဆိုင်ခဲ့ပြီးသားဖြစ်ပါတယ်။

အာဏာရှိသမျှ ပြိုင်ဘက်မရှိ အချမ်းသာဆုံး သားအဖ

=============================

လက်ရှိအခြေအနေတွေကိုကြည့်ရင် မင်းအောင်လှိုင် အာဏာရှိနေသမျှကာလပတ်လုံး အောင်ပြည့်စုံဟာ ပြိုင်ဘက်မရှိတဲ့ ထိပ်တန်း အချမ်း သာဆုံး သူဌေးကြီးအဖြစ် ရပ်တည်နေမှာက ၁၈ လကျော်ကာလအတွင်းမှာ သက်သေ ပြသွားခဲ့ပြီဖြစ်ပါတယ်။

မင်းအောင်လှိုင်ကိုယ်တိုင်က နောက်ထပ် ၁၀ နှစ် သမ္မတလုပ်လို့ရတယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေ ရှိနေတာမို့ နောက် ထပ် ၁၀ နှစ် ထပ်မံ အုပ် ချုပ်ခွင့်ရရင်တော့ အောင်ပြည့်စုံရဲ့ ချမ်းသာကြွယ်၀မှုက မြန်မာနိုင်ငံတွင်းမှာ သာမကပဲ အာဆီယံအသိုင်းအ၀ိုင်းအတွင်းမှာပါ သူဌေးဘွဲ့အမည်ခံ အဖြစ် ပေါ်ထွက်လာဖို့ အလားအလာများနေတယ် လို့ ရန်ကုန်စီးပွားရေးသမားတွေက ဆိုပါတယ်။

“အခုကတော့ ဘယ်စီးပွားရေးသမားမှ အောင်ပြည့်စုံကို မယှဉ် နိုင်တော့ဘူး။ နောက်ထပ် ၁၀ နှစ်လောက်သာ သူ့အဖေ အာဏာထပ်ယူ ထားရင် ဘာ ပရောဂျက် လာလာ သူ့သားပဲ ပေးမှာဆိုတော့ အနည်းဆုံးတော့ အာဆီယံနိုင်ငံတွေ ထဲမှာ တိုက်ကွန်းအကြီးကြီး မဟုတ်တောင် တိုက်ကွန်းလေး အဆင့်လောက်တော့ ခြေစွာ လာမယ်ထင်တာပဲ။ မြန်မာပြည်မှာ စီးပွား ရေးလုပ်ချင်ရင် အောင်ပြည့်စုံနဲ့ပေါင်းရမယ့် အခြေအနေဖြစ်လာမှာပေါ့” လို့သူက ပြောဆိုပါတယ်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s