ဗိုလ်ချုပ်ကြီး မြတ်ဟိန်း အပါအဝင် စစ်တပ်အသိုင်းအ၀ိုင်းအတွက် ဒေါ်လာ သန်းရာချီ ပြည်ပသို့ ရွှေ့ပြောင်းပေးရာတွင် ပါဝင်ခဲ့သူဟု သတ် မှတ်ခံရသူ ထားဝယ်အထူးစီးပွားရေးဇုန် အကြံ ပေး မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေ ဆုံး

ဗိုလ်ချုပ်ကြီး မြတ်ဟိန်း အပါအဝင် စစ်တပ်အသိုင်းအ၀ိုင်းအတွက် ဒေါ်လာ သန်း ရာချီ ပြည်ပသို့ ရွှေ့ပြောင်းပေးရာတွင် ပါဝင်ခဲ့သူဟု စွပ်စွဲခံရသူ၊ ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေ အကြံပေး မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေ ဆုံး သွားကြောင်း Urban Owls မြို့ပြပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦး က ပြောသည်။

မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် ရန်ကုန်တိုင်း၊ သန်လျင်မြို့ နယ် အမှုထမ်းရပ်ကွက်၊ ဖွံဖြိုးရေးလမ်း (ဖွံဖြိုးရေးလမ်းဆုံအနီး) တွင် အိမ်သို့ ကားဖြင့် မင်းတေဇာညွန့်တင် ပြန်လာစဉ် Urban Owls မြို့ပြပြောက်ကျားတပ် ဖွဲ့မှ တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ရာမှ ၎င်း ပွဲ ချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိ ရ သည်။

မင်းတေဇညွန့်တင်က စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ပေါ်ပေါ်တင်တင် ထောက် ခံရုံသာမက စစ်ကောင်စီနှင့်အကျိုးတူစီးပွားရေးများစွာကို လုပ်ကိုင် ဆောင်ရွက်နေသူဖြစ်ကြောင်း၊ လက်ရှိတွင် ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေ ရေးရာကော်မတီဝင်တဦးဖြစ်ပြီး သူသည် ပြည်သူ လူထုအပေါ် နေ့စဉ် ရက်ဆက် တိုက်လေယာဉ်များဖြင့် ဗုံးကျဲနေသော အကြမ်းဖက် လေတပ်ကို ဦးစီးသည့် စစ်တပ်၏ လေတပ်ချုပ်ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီးမြတ်ဟိန်း (လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ) နှင့် အလွန် ရင်း နှီးသူ ဖြစ်ကြောင်း သိရှိရသည်။

လေတပ်ချုပ်နှင့် မိသားစုဝင်များအပါအဝင် စစ်ဗိုလ်ချုပ်များ၊ စစ်ကောင်စီနှင့် ဆက် စပ်နေသူများ၏ ပိုင်ဆိုင်မှုများအား ဒဏ်ခတ်ပိတ်ဆို့ထားသည့် ကြားမှ ၎င်းတို့၏ပိုင်ဆိုင်မှုများ၊ ငွေကြေးများကို ပြည်ပနိုင်ငံများသို့ ပြောင်းရွှေ့ ပေးနေ သူ ဖြစ်ကြောင်း၊ မင်းတေဇညွန့်တင်က အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဥပဒေအကြံပေးကုမ္ပဏီများ တည်ထောင်ထားပြီး ငွေကြေးခဝါချခြင်း၊ ကွန်ဒိုနှင့် မြေကွက်များဝယ်ယူခြင်း၊ ကုမ္ပဏီ တည်ထောင် ခြင်းများကို ဝန်ဆောင်မှုပေးနေကြောင်း သိရှိရသည်။

ထို့ပြင် ၎င်းက လူတိုင်းကို ဝန်ဆောင်မှုပေးမည် မဟုတ်ဘဲ စိတ်ချရသူများ၊ တပ်ထောက်ခံသူများကိုသာ ဝန်ဆောင်မှုပေးမည်ဟု အာဏာသိမ်းပြီး တစ်လ အကြာ ၂၀၂၁ ခုနှစ် မတ်လတွင် တရားဝင် ကြေညာခဲ့ဖူးပြီး ၎င်းပိုင် ကုမ္ပဏီ များမှ တဆင့် စစ်တပ်အသိုင်းအ၀ိုင်းအတွက် ဝန် ဆောင်မှုပေးခဲ့သည်မှာ ဒေါ်လာသန်းရာနှင့်ချီရှိကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီနှင့် အကျိုးတူလုပ်ကိုင်နေသော စီးပွါးရေးလုပ်ငန်းရှင်များကို ရာဇသံ ထပ်မံပေးလိုက်ခြင်းလည်းဖြစ်ကြောင်း၊ စစ်ကောင်စီနှင့် စီး ပွား ရေးလုပ် ကိုင်နေသူများ၊ စစ်ကောင်စီနှင့် အပေါင်းအပါများအနေဖြင့် ၎င်းတို့၏ ပိုင်ဆိုင် မှုများကို ပြည်ပသို့ရွှေ့ပြောင်းရန် ပြင်ဆင်နေသည်များ၊ လမ်းကြောင်း များ အစရှိသည်တို့ကို တော်လှန်ရေးအင်အားစုများ အနေဖြင့် စုံစမ်းရရှိထား ပြီးသားဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီအတွက် ဒုတိယမြောက် အကြီးမားဆုံး စီးပွါးရေးထောက်တိုင်ဆုံးရှုံးမှု ဖြစ်သည်ဟု ယူဆပြီး မကြာခင်ကလည်း မူးယစ်ဆေးဝါးမှု၊ လက်နက်ကုန်သည်မှုနှင့် ငွေကြေးခဝါချမှုများဖြင့် စစ်တပ်နှင့် နီးစပ်သူ ထွန်းမင်းလတ်သည်လည်း ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရပြီး မင်းအောင် လှိုင် မိသားစုဝင်များ၏ ပိုင်ဆိုင်မှုများလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

မင်းတေဇာညွန့်တင်သည် Biz Law Consult Myanmar၏ ထူထောင်သူနှင့် CEO ဖြစ်ပြီး ထားဝယ်စီးပွားရေးဇုန်၏ ဥပဒေအကြံပေး ဖြစ် ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် မြို့ပြပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မြေပြင်အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင် တော်လှန်ရေးရဲဘော်များအားလုံး ဘေးလွတ်ကင်းကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s