မြောက်ဥက္ကလာမြို့နယ် ဗကသ ကျောင်းသား ကိုကောင်းဆက်ပိုင်ကို စစ်ကောင်စီက ထောင် ဒဏ် တသက်တကျွန်း ချမှတ်

ရန်ကုန်၊ မြောက်ဥက္ကလာမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ ကိုကောင်းဆက်ပိုင်ကို အကြမ်းဖက် စစ်ကောင်စီက ထောင် ဒဏ် တသက်တကျွန်း အမိန့် ချမှတ်ခဲ့ကြောင်း မြို့နယ် ဗကသများ အဖွဲ့ချုပ်က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ အင်းစိန် ထောင်တွင်း တရားရုံးက မြောက်ဥက္ကလာမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ မြေပြင်လှုပ်ရှားမှု ရေးရာ တာဝန်ခံ ကိုကောင်းဆက်ပိုင်ကို ပုဒ်မ ၅၀၅(က)၊ ၅၀(ည) တို့ဖြင့် ထောင်ဒဏ် တသက်တကျွန်း အမိန့် ချမှတ်လိုက်ကြောင်း သိရှိရသည်။
ဗကသ ကျောင်းသား ကိုကောင်းဆက်ပိုင်သည် အသက် ၂၀ အရွယ်သာရှိ သေးပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စစ်တပ်၏ အကြမ်းဖက် ဖမ်းဆီးခြင်းခံရပြီး မတရားအမိန့် ချမှတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
” အင်းစိန် ထောင်တွင်း စစ်ခုံရုံးက အမိန့်ချမှတ်လိုက်တာပါ။ ကျန်းမာရေး အခြေအနေ ကောင်းမွန် တယ်လို့တော့သိရပါတယ်” ဟု မြို့နယ် ဗကသများ အဖွဲ့ချုပ်က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း အထက (၁) မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဒုဥက္ကဌဖြစ်သူ ကိုဟိန်းထက် (ခ) ကိုပိုပို ကို အကြမ်းဖက် စစ်ကောင်စီ ၏ စစ်ခုံရုံးက ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့ကြောင်း သိရသည်။khit thit